ဓာတ်ပုံသတင်း

5 for Peace – ရန်ကုန်က ဂျာနယ်လစ် ၅ဦးက ကချင်ပြည် ငြိမ်းချမ်းရေးအတွက် ဓာတ်ပုံပြမည်

မိုးမခ ရွာဆော်ကြီး၊ ဇွန် ၆၊ ၂၀၁၂
လာမယ့် ဇွန် ၉  ကနေ ၁၁ အထိ ရန်ကုန် တော်ဝင် (သီရိ ခန်းမ) မှာ 5 for Peace ဓာတ်ပုံပြပွဲကို ကျင်းပမှာဖြစ်ပါတယ်။ မြန်မာပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရပ်ဆိုင်းနိုင်ဖို့၊ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ပရိသတ်တွေကို မျက်မြင်အသိစိတ် နိုးကြားလာအောင် ပွဲတော်က စွမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဂျာနယ်လစ် ဓာတ်ပုံဆရာတွေကတော့ စိုးဝင်းငြိမ်း၊ ရဲနိုင်မိုး၊ အားမာန်၊ စန်းယုကျော်၊ မျိုးမင်းထိုက်တို့ ဖြစ်ပါတယ်။ အယင် ၂၀၁၁ ခုနှစ်အတွင်း  မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းရေး၊ ဧရာဝတီကို ကယ်တင်ရေး ပြည်သူတွေရဲ့ ကိုယ်ထူကို်ယ် လှုပ်ရှားမှုကြီးမှာလည်း စာနယ်ဇင်းသမား ဓာတ်ပုံဆရာတွေ အများအပြားက ဓာတ်ပုံပြပွဲတွေနဲ့ ပရိသတ်ကို နိုးကြားမှု ပေးခဲ့ပါတယ်။
သူတို့ဖိတ်စာကတော့ မြင်တဲ့အတိုင်းပါပဲ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts