သူတို့အာဘော်

Maung Yit – အယ်ဒီတာ့လက်ရေး (၁၀)

သူတောင်းစားတဦး၏ နှစ်လည်အစီရင်ခံစာ
မောင်ရစ်၊ မေ ၁၂၊ ၂၀၁၂
မိုးမခက တကွဲတပြား ကိုယ်ထူကိုယ်ထ စေတနာ့ဝန်ထမ်း ၀ိုင်းတော်သားတွေနဲ့တကွ ချစ်လှစွာသော စာဖတ်ပရိသတ်နဲ့ မိုးမခမိတ်ဆွေများကို ဒီစာနဲ့ နှုတ်ခွန်းဆက်လိုက်ပါတယ်။ လွန်ခဲ့တဲ့ ဧပြီ သင်္ကြန်ကာလမှာ မိုးမခမီဒီယာ ၉  နှစ်ပြည့်တယ်။ ၂၀၀၃ ခုနှစ်က စပြီး အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားနယ်၊ ဆန်ဖရန်ဘေးဧရိယာမှာ စတင်ထူထောင်ခဲ့တာ အခုဆို ၉  နှစ် ရှိခဲ့ပြီ။ ၉  နှစ်လုံးလုံးမှာ လုပ်အားပေးတွေ ၀ိုင်းတော်သားတွေဟာ တရပ်တကျေး တနေရာစီကနေ အင်တာနက်ပေါ်မှာတင် မျက်နှာစုံညီ အလုပ်လုပ်ခဲ့ကြရာတာ အခုထိလည်း အပြင်မှာ မျက်နှာချင်းမဆိုင်ဖြစ်ကြသေးဘူး။ မျက်နှာချင်း မဆိုင်တာဘဲ ခပ်ကောင်းကောင်းလို့ ပြောကြတယ်။ တကယ်တန်း အပြင်မှာဆုံဖြစ်ကြရင် မျက်နှာကြောတွေ တည့်ချင်မှ တည့်ကြမှာကိုးလေ။
မိုးမခ၀ိုင်းတော်သား ရန်လိုကျွဲက ကြီးတော်နွားကျောင်းသားလို့ ကင်ပွန်းတတ်တယ်။ မိုးမခကို ပြုစု ပျိုးထောင်ပေးကြကုန်သော ၀ိုင်းတော်သားတွေက ပညာဒါန၊ လုပ်အားဒါန အလှူရှင်တွေ၊ ပါရမီရှင်တွေလို့ ပြောရမယ်။ မောင်ရစ်လို လက်တိုလက်တောင်း အောက်ခြေသိမ်း အလုပ်သမားအတွက်ကတော့ နွားကျောင်းသားအလုပ်အပြင် အခြားအလုပ်တခုပါ လုပ်ရတယ်။ ဘာလဲဆိုတော့ သူတောင်းစားအလုပ်ပေါ့။
မောင်ရစ်က မိုးမခလည်ပတ်နိုင်ဖို့အတွက် အရပ်တကာ လူတကာလှည့်ပြီး ခွက်လက်စွဲပြီး တောင်းရ ရမ်းရ အလှူခံရပါတယ်။ အဲသည်တော့ သူတောင်းစားပီပီနှစ်ကုန်ပြီ နှစ်လည်ပြီဆိုရင် တောင်းရမ်းထားသမျှ ဘယ်လောက်ရပြီ၊ တောင်းရမ်းထားသမျှဆိုတာဟာ မိုးမခစာနယ်ဇင်းကုသိုလ်ဖြစ် လုပ်ငန်းမှာ မည်သို့မည်ပုံ သုံးစွဲတဲ့အကြောင်း အလှူရှင်များကို သဒ္ဒါတရား ကုသိုလ်ပွားနိုင်အောင် ထပ်ပေးချင် ကမ်းချင်အောင် အစီရင်ခံရတယ်။
ဒါကြောင့် ဒီတခါရေးတဲ့စာဟာ နှစ်လည်ကျော်နေပြီဆိုတော့ သူတောင်းစားတဦးရဲ့ နှစ်လည်အစီရင်ခံစာပေါ့ဗျာ။
၂၀၁၁ နှစ်အတွက် အလှူခံရတဲ့ငွေ စုစုပေါင်း ၄၈,၅၅၀ အမေရိကန်ဒေါ်လာ ရပါတယ်။
လှူဒါန်းကြသူတွေရဲ့ ဆန္ဒ၊ မိုးမခရဲ့ ဆန္ဒထပ်တူအဖြစ် မြန်မာပြည်တွင်းက နိုင်ငံရေးအကျဉ်းသားများ၊ မိသားစုများ၊ သပိတ်မှောက်စာနယ်ဇင်းသမားများ၊ မိသားစုများထံ လှူဒါန်းငွေက – ၂၄,၃၅၀ US$
မိုးမခရဲ့ စာနယ်ဇင်းလုပ်ငန်းဆိုင်ရာ ကူညီ ထောက်ပို့ရေးမှာ လှူဒါန်းငွေက – ၁၇,၂၀၀ US$
နည်းပညာပိုင်းနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ပုံနှိပ်ရေး၊ ထုတ်ဝေရေးအတွက် သုံးငွေက – ၇,၀၀၀ US$ ရှိပါကြောင်း အစီရင်ခံပါတယ်။
အဲသည်အတွက် ၂၀၁၁ နှစ်ပတ်လည်မှာ စာမူပေါင်း ၂၈၀၀ ကျော် ထုတ်ဝေနိုင်ခဲ့ပါတယ်။ ၀ိုင်းတော်သားနဲ့ စာမူရှင်ပေါင်း – ၅၀ ဦးကျော်ရဲ့ လုပ်အားနဲ့ ဥာဏ်အား စေတနာ့ဝန်ထမ်းမှုကြောင့် ဖြစ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
မိုးမခရဲ့ ၂၀၁၁ အမှတ်တရအဖြစ် ပြောရရင် အင်န်အယ်ဒီရဲ့ နိုင်ကျဉ်းများနဲ့ အဝေးရောက် မိတ်ဆွေဖွဲ့ကူညီမှုမှာ နိုင်ကျဉ်းမိတ်ဆွေ ၅၄ ဦးကို လစဉ် ကူညီမှု ဆောင်ရွက်နိုင်ခဲ့ပါတယ်။
အဲသည်က လစဉ်အလှူရှင် မိတ်ဆွေ ၃၀ ဦးကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်လိုက်ပါတယ်။ ပြီးတော့ အကျဉ်းကျသံဃာတော်တွေထဲက ပြန်လည်လွတ်မြောက်လာကြတဲ့ သံဃာတော်တွေဆီက မေတ္တာပို့တဲ့ သာဓုခေါ်တဲ့ အကြောင်းလည်း တင်ပြလိုက်ပါတယ်။
ထုတ်ဝေမှု၊ ဖြန့်ချိမှုတွေ အနေနဲ့ကတော့ …
သံဃာတော်တွေဆိုလို့ ပြည်ပရောက်သံဃာတော်တွေအနက် သာသနဥသျှောင်အဖွဲ့နဲ့ အရှင်ပညာနန္ဒ စီစဉ်တဲ့
(၁) အရှင်ပညာနန္ဒ စီစဉ်သော – သံဃာတော်များရဲ့ သံတိုင်နောက်ကမှတ်တမ်းများ (http://moemaka.biz/OldMMK/index.php?option=com_content&task=view&id=9319&Itemid=100)  စာအုပ်ကို ကူညီထုတ်ဝေခွင့်ရတာ၊
(၂) အရှင်ပညာနန္ဒ စုစည်းစီစဉ်သော – ရဟန်းတော်များနဲ့ နိုင်ငံ့အရေးစာအုပ်
(http://moemakashop.blogspot.com/2012/02/burmese-monks-and-burmese-interest.html ) ကို ၀ိုင်းဝန်းဖြန့်ချိခွင့်ရတာကိုလည်း ၀မ်းသာဂုဏ်ယူကြောင်း မှတ်တမ်းပြုပါတယ်။

မိုးမခပင်တိုင်တွေနဲ့ အောက်ပါ စာအုပ်များ၊ အီးဘုတ်များ အမှတ်တရ ထုတ်ဝေဖြစ်ခဲ့ပါတယ်။
(၁) ကဗျာဆရာကြီး တင်မိုးရဲ့ မြန်မာကဗျာဖွဲ့နည်းစာအုပ် (အီးဘုတ်) (http://moemaka.biz/OldMMK/index.php?option=com_content&task=view&id=9855&Itemid=34 )
(၂) စု ၆၆ – ဒေါ်အောင်ဆန်းစုကြည် ၆၆နှစ်မြောက် လွတ်မြောက်သောမွေးနေ့အမှတ်တရ မိုးမခ၀ိုင်းတော်သားများ၏ ဂုဏ်ပြုအမှတ်တရစာစုများ (အီးဘုတ်၊ ပုံနှိပ်) (http://moemaka.biz/OldMMK/index.php?option=com_content&task=view&id=9200&Itemid=34)
(၃) မောင်မောင်ဝမ်း – ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ ဆောင်းပါးစု (အီးဘုတ်) (http://moemaka.biz/OldMMK/index.php?option=com_content&task=view&id=9198&Itemid=34 )
(၄) သန်းဝင်းလှိုင် – သမိုင်းတကွေ့မှ အကျော်ဇေယျအမျိုးသမီးများ (ပုံနှိပ်) (http://moemakashop.blogspot.com/2012/02/than-win-hlaing-burmese-women-of-burma.html )
မိုးမခကနေ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့တဲ့ ကွန်မြူနီတီလှုပ်ရှားမှုတွေကတော့ …
(၁) ဆန်ဖရန်မြန်မာမိသားစုများ၏ ဧရာဝတီချစ်သူများ လှုပ်ရှားမှုရဲ့ ဆွေးနွေးပွဲ၊ ပြည်တွင်းစစ်သင့် ကချင်ပြည်သူများအတွက် ရန်ပုံငွေပွဲ (http://saveirrawaddysf.blogspot.com/)
(၂) ဆန်ဖရန်မြန်မာမိသားစုများ၏ မြန်မာပြည် ၈လေးလုံး အရေးတော်ပုံ ၂၃ နှစ်ပြည့် နှစ်လည်အခမ်းအနား (http://sfbc88.blogspot.com/)
(၃) ဆန်ဖရန်မြန်မာမိသားစုများ၏ စာပေဟောပြောပွဲ မှတ်တမ်းတင် ရိုက်ကူးဖြန့်ချိမျှဝေခြင်း (http://www.youtube.com/playlist?list=PLC1357AABCCF31D4A&feature=plcp)
(၄) ဆန်ဖရန်မြန်မာမိသားစုများ၏ မြန်မာပြည်တွင်းကလေးသူငယ်များအတွက် စာအုပ်ဒါနလှုပ်ရှားမှု (San Francisco Burmese Community Children Book Drive) (http://sfbcbookdrive.blogspot.com/)
မိုးမခနဲ့ မိတ်ဆွေတွေရဲ့ စုပေါင်းဆောင်ရွက်မှုတွေအနက် အမှတ်တရလုပ်ငန်း ၃ ခုကတော့
(၁) မစ္စတာဝင်းလက်အီးမေးနဲ့ ဆင်ဆာမဖြတ်ထားတဲ့ နေ့စဉ်မြန်မာအီးသတင်းစာ – http://rentamail.com ကနေ ပြည်တွင်း ပြည်ပက သတင်းဖတ်ချင်သူတွေကို အီးမေးကနေ အရောက်ပို့ပေးတဲ့ စေတနာ့ဝန်ထမ်း နွာကျောင်းသားလုပ်ငန်း
(၂) အရှင်ပညာနန္ဒရဲ့ တကိုယ်တော်ရုပ်သံမှတ်တမ်းတင်ခရီးစဉ်အဖြစ် သပိတ်မှောက်နဲ့ ရွှေဝါရောင်သံဃာတော်များရဲ့ အမျိုး ဘာသာ သာသနာအရေး စွန့်လွှတ် စွန့်စားဆောင်ရွက်မှု နှုတ်ပြောရာဇ၀င်ရုပ်သံ တင်ဆက်ခြင်းလုပ်ငန်း (http://www.youtube.com/playlist?list=PL290EB5E32AD06931&feature=view_all
)
(၃) သြစတြေးလျ၊ ဆစ်ဒနီအခြေစိုက် ဦးပန်တျာနဲ့ စေတနာ့ဝန်ထမ်းတို့ရဲ့ မိုးမခရေဒီယိုဆစ်ဒနီမှ အပတ်စဉ် အင်တာနက်ရေဒီယို တင်ဆက်မှုလုပ်ငန်းတို့ကို မှတ်တမ်းတင်ချင်ပါသေးတယ်။ မိုးမခမှာ လက်တွဲပြီး အဲသည်တင်ဆက်မှုတွေ၊ မျှဝေမှုတွေကို အချိန်ယူပြီး တင်ဆက်ခဲ့ရာမှာ အချိန်၊ လုပ်အား၊ အသိ အတတ်ပညာ၊ စိုက်ထုတ်မှုတွေအားလုံးကို မပျက်မကွက် ဆောင်ရွက်ပေးဆပ်ခဲ့ကြတာကို မှတ်တမ်းတင်လိုက်ပါတယ်။
ဒီတခေါက်တော့ ၉  နှစ်မြောက် နှစ်လည် အစီရင်ခံစာ မှတ်မိသလောက် ထုတ်ဖော်ရေးသားပြီး ဒီ အယ်ဒီတာလက်ရေးစာမူကို နိဂုံးချုပ်လိုက်ပါမယ်။ မိုးမခကို တန်ဖိုးထား အားပေးသူ ပရိသတ်များအားလုံးကို ကျေးဇူးတင်ပါတယ်။ ၀ိုင်းတော်သားများ၊ မိတ်ဆွေများ အားလုံးကိုလည်း အသိပညာ၊ လုပ်အားငွေကြေး ဒါနအလှူများကို သာဓုခေါ်လိုက်ပါတယ်။
ဒီလိုနဲ့ပဲ ကွန်မြူနီတီစာနယ်ဇင်း စေတနာ့ဝန်ထမ်းလုပ်ငန်းကို လုပ်ခဲ့တာ ၉  နှစ်တောင် တိုင်ခဲ့ပြီ။ ပရိသတ်တွေ မိတ်ဆွေတွေ ၀ိုင်းတော်သားတွေဆီက စေတနာ၊ မေတ္တာ၊ အနစ်နာနဲ့ သဒ္ဒါတရားတွေကို အသနားခံပြီး တောင်းခံပြီး ထူထောင်ရတာမို့  နွားကျောင်းသား သူတောင်းစားတဦးအနေနဲ့ နှစ်လည် အစီရင်ခံစာလည် ဖြစ်ပါတယ်။
သူတောင်းစားဆိုမှတော့ အခြေခံဥပဒေတွေ ရွေးကောက်ပွဲတွေလည်း သိပ်ဂရုစိုက်ရပုံ မရဘူး ထင်ပါတယ်။ နယ်နမိတ် အကန့်အသတ် နယ်စည်းမခြားတဲ့အတွက်လည်း မှတ်ပုံတင်တွေ ပတ်စ်ပို့တွေလည်း မလို၊ သန်းကောင်စာရင်းလည်း တိုင်ဖို့လည်း မရှိပါ။  ကိုယ့်ထက်တော်တဲ့ နွားကျောင်းသားတွေ၊ သူတောင်းစားတွေ တွေ့တဲ့အခါ သူ တောင်းစားတွေအတွက်ကတော့ သူတို့ကိုင်စွဲတဲ့ ခွေးရိုက်တဲ့ ၀ါးစိမ်းဒုတ် တောင်ဝှေးကို လက်လွှဲပေးလိုက်ရုံသာ …။    ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “Maung Yit – အယ်ဒီတာ့လက်ရေး (၁၀)
  1. စေတနာ့ ၀န်ထမ်း ပြည်တွင်းပြည်ပမြန်မာများ အတွက် မိုးမခ ဟာ အသက်ကယ်ဆေးတစ်ခွက် ဆိုရင် မမှားပါ။ မောင်ရစ်နဲ့ အတူ မိုးမခအဖွဲ့ သားအားလုံးကိုကျေးဇူးတင်ပါတယ်။ ရသုံးမှန်းခြေငွေစာရင်းကလည်းထင်သာမြင်သာထက်တောင် ပိုတိကျနေတာကြောင့် သမတကြီးဦးသိန်းစိန်ရဲ့ ကျပ်ပြေးနေပြည်တော်ကြီး ကအတုယူသင့်ပါတယ်။ ကျနော်တို့ လို စပယ်ရာတွေတောင် အုန်နာကို ငွေပြန်အပ်တဲ့အခါ ဒရိုင်ဘာကို အသိသက်သေထားပြီး ယဉ်ထိန်ကြီးကို ဘယ်နေ့ ဘယ်အချိန် ဘယ်လောက် မေတ္တာအကျင်နာတွေနဲ့  ပေးပစ်ခဲ့ရတာကို ထရန်စပယ်စီ ရီပို့ ပေးရပါတယ်။ ကျပ်ပြေးနေပြည်တော်ကြီး တည်ဆောက်တော့ ဘယ်မှာလည်း ထရန်စပယ်စီ ရီပို့  ??? ၊ – အောင်မာ စပယ်ရာ အစုတ်ပလုပ်ကများ ထရန်စပယ်စီ ရီပို့ - တွေဘာလာပြောရသလားလို ကြံဖွတ်ပြုတ်က ကျနော့ကိုဟောက်တယ်။ ဒီလိုပါ ကိုကြီးကြံရယ် သင်္ကြန်မှာ သင်ဇာဝင့်ကျော်လို ရင်ဘတ်အပေါက်ကြီးနဲ့ ဇာဘော်လီဝတ်ပြတာ ဘယ်လောက်ထင် သာမြင်သာ ရှိသလည်း ကိုကြီးကြံတို့ အစိုးရ မကြိုက်ဖူးလား ??? ၊ ဟဲ ဟဲ တဲ့ –

Comments are closed.