>journal pieces on Oct 25

>

7Day, Eleven နဲ့ နံနက်ခင်း ဂျာနယ်ဖြတ်စများ
လူချစ်လူခင်
အောက်တိုဘာ ၂၅၊ ၂၀၁၁


အောက်တိုဘာ ၂၆ weekly eleven ဂျာနယ်ဖြတ်စများ
ဒီလလယ်ပိုင်း အမရပူရမြို့မှာ လူပေါင်း ၄၅၀ ၀န်းကျင် အစာအဆိပ်သင့်မှု နောက်ဆက်တွဲ သတင်း

၂ နှစ်သမီးလေး ကားတိုက်မှု ၂ ခါဖြစ်တယ်၊ ဖြတ်သွားဖြတ်လာ လူ ၂၀ လောက်က ဂရုမစိုက်ခဲ့ဘူး ဆိုတဲ့ ကမ္ဘာကျော်သတင်းတပုဒ် ဖြစ်ပါတယ်။ မိန်းကလေးမို့ မကယ်တင်တာလား။ ဒါလည်း ဖြစ်နိုင်မယ် မထင်ပါဘူး။ နောက်ဆုံး ကလေးကို ကူညီခဲ့သူဟာ ပလပ်စတစ်ကောက်တဲ့ အမျိုးသမီးလို့ ဆိုပါတယ်။
အောက်တိုဘာ ၁၃ မှာ အမှုဖြစ်တယ်၊ တပတ်အကြာမှာ ဆုံးသွားတယ်။


ရန်ကုန်က ထင်ရှားတဲ့ အဆောက်အအုံ အများအပြား ဟိုတယ်အဖြစ် ဘ၀ပြောင်းဖွယ် ရှိနေပါတယ်။ ခင်ဗျားတို့ ကျနော်တို့ ရင်းနှီးတဲ့ အဆောက်အအုံ ဟုတ်မဟုတ် သတင်းမှာ ဖတ်ပါ။

ကလေးတွေကို လမ်းဘေးမှာ တောင်းခိုင်းတဲ့နည်းနဲ့ အလုပ်ဖြစ်ခဲ့တယ်ဆိုတဲ့ အမျိုးသမီး ၂ ဦးကို ထောင်ချလိုက်တဲ့သတင်းပါ။ လက်ရှိအချိန်မှာ ဒီ ၂ဦး ထောင်ထဲမှာ သီချင်းညည်းနေသလား၊ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာပြီလား မသိရသေးပါ။ သိရတာကတော့ လမ်းဘေးတောင်းစားသူရဲ့ တလ၀င်ငွေဟာ တသိန်းဝန်းကျင် ရှိတယ် ဆိုတာပါပဲ။


မြန်မာသတင်းတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် မြန်မာပြည်သားတွေ အများအပြား နေထိုင်ရာ စင်္ကာပူက အိမ်ခန်း သတင်းပါ၊ မိုးမခ ပရိသတ်ထဲမှာ စင်္ကာပူရောက် ရွှေ အများအပြား ပါဝင်သည့်အတွက်ကြောင့် ကော်ပီကူးယူ ဖော်ပြပါ၏။ ကျေးဇူးတင်လိုက အလဲဗင်းကို တင်လော့။
အောက်တိုဘာ ၂၆ နံနက်ခင်း ဂျာနယ်


သီးလေးသီး အဖွဲ့ဝင် ဂေါ်ဇီလာက ၂၉ ရက်နေ့အငြိမ့်ကို ‘မျှော်စင်ကျွန်းအငြိမ့်’ ဆိုတဲ့ နာမည်နဲ့ ကမယ်၊ လောလောဆယ် ခွေး ၆ ကောင်နဲ့ အလုပ်များနေတယ်၊ ချစ်စရာ ခွေးကလေးများအတွက် ကုန်ကျစရိတ် သိပ်များတယ်လို့ ဆိုပါတယ်။

ဇာဂနာနဲ့ ပတ်သက်ပြီး အရိုင်းက ဘာပြောသလဲ
ချင်းတွင်းမဂ္ဂဇင်း
ရန်ကုန်အခြေစိုက် ချင်းတွင်းမဂ္ဂဇင်းမှာ ပြည်ပရောက် သတင်းစာဆရာတဦးဖြစ်တဲ့ မင်းဇင် ရဲ့ အက်ဆေး ဖော်ပြထားပါတယ်။
စာပေစိစစ်ရေးရဲ့ လက်ခုပ်တီးကြိုဆိုသင့်တဲ့လုပ်ရပ်ပါ။
ဒီထက်ပိုပြီး ကြိုဆိုနိုင်ကြဖို့ စာပေစိစစ်ရေးဌာနရဲ့ အပြောင်းအလဲတွေ မြန်နှုန်းမြင့်သင့်ပါပြီ။

စာပေစိစစ်ဌာန ဘယ်တော့ ဖျက်မှာလဲ ဆိုတဲ့ မေးခွန်းထက် နေ့စဉ်သတင်းစာထုတ်ခွင့်ဘယ်တော့ပြုမှာလဲ ဆိုတာကို ပိုပြီး မေးနေကြပါတယ်။
အဲဒီဌာနအရာရှိများလည်း ဒီမေးခွန်းဖြေနိုင်မယ် မထင်ပါဘူးလေ။
အကောင်ကြီးကြီးတွေ မီဒီယာလောကမှာ ခြေကုပ်ယူနေဆဲမို့ သူတို့အဆင်သင့်ဖြစ်တာနဲ့ သတင်းစာထုတ်ခွင့်ပြုမယ်လို့ ဖြေလိုက်ရင် မမှားဘူး ထင်ပါတယ်နော်။

မင်းဇင်း အက်ဆေးက ၈ မျက်နှာ ရှိပါတယ်။


၁-၂

၃-၎


၅ – ၆

၇-၈
7Day ဂျာနယ် အောက်တိုဘာ ၂၀


ဒီနှစ်အတွက် ဂရင်းကတ်မဲပေါက်သူ ငါးသောင်းထဲမှာ ပါဝင်တဲ့ မြန်မာပြည်သား ၂၁၉ ဦး ရှိတယ် တဲ့။ အမေရိကန်သံအရာရှိတယောက် ပြောပြတာပါ။
ငါးသောင်းထဲကမှ ဒီနှစ်ရာကျော်ကိုပဲ ပေးတာလား၊ ဒီထက်မက မဲပေါက်ပေမယ့် ဒီ ၂၁၉ ဦးကိုပဲ ဗီဇာပေးတာလား ဆိုတာတော့ မသိရသေးပါ။
သေချာတာကတော့ မိုးမခမှာ လျှောက်ရေးနေတဲ့ ကျနော် မောင်လူချစ်လူခင် မဲမပေါက်ပါခင်ဗျာ။


မြစ်ကြီးနားထောင်ရောက် နိုင်ငံရေးသမားတွေ စာမဖတ်ဘူး တဲ့။ ဇာဂနာလိခ်မှာ ဖော်ပြထားတယ်ဆိုတော့ ဒီသတင်း ခိုင်လုံမှာပါနော်။
မြစ်ကြီးနားထောင်က နိုင်ငံရေးသမားတွေ ဘာကြောင့် စာမဖတ်ကြတာပါလဲ၊ မသိရပါ။


ရန်ကုန်မှာ သဲထုတ်လုပ်ခွင့် ကန့်သတ်ထားတယ်လို့ ဆိုတယ်။ ကန့်သတ်တားမြစ်တာက ဒီတခါတလေတော့လည်း ကောင်းနေပြန်ရောမဟုတ်လားနော်။


ဆုပေးတဲ့နည်းနဲ့ ကိုယ့်ဝန်ထမ်းတွေ ကိုယ့်အလုပ်သမားတွေကို ပညာပေး ဖိအားပေးတာဟာ ဆိုးကျိုးတွေပဲ ဖြစ်စေတယ်လို့ ရတနာပုံဒေါက်တာစိုင်းဆမ်ထွန်းက ပြောပါတယ် တဲ့။
အင်း – မနေ့ကပဲ ဟိုတယ်တခုမှာ တွေ့လိုက်ရတယ်။ ဒီလအတွက် အလုပ် အကြိုးစားဆုံး ၀န်ထမ်း ဆိုပြီး အဲဒီဝန်ထမ်းရဲ့ ဓာတ်ပုံကို လူမြင်ကွင်းမှာ ချိတ်ထားတယ်။
ဘော့စ်တွေက သူတို့နည်းသူတို့ဟန်နဲ့ ၀န်ထမ်းတွေကို ဂုဏ်ပြုနေကြတာပဲ။
ကဲ – ဂုဏ်ပြုတာတွေဟာ ကိုယ့်ကုမဏီပြိုကွဲရေး သို့ မဟုတ် ကုမဏီအတွင်း အလုပ်မဖြစ်တာတွေဆီ ဦးတည်တာမျိုး ဖြစ်တတ်တယ်ဆိုတာ ဘော့စ်တွေ လုပ်ငန်းရှင်တွေ နှလုံးသွင်းနိုင်ပြီပေါ့နော်။
ဆုပေးချင်လည်း စတိလောက် ပေးရင်တော့ အိုကေမယ် ထင်ပါတယ်။


ခြေထောက်နံတာ ဘာကြောင့်လဲ ဘယ်လို ကုစားမလဲ ဆိုတာ သိလိုသူများ ဖတ်သင့်ပါတယ်။

ဒါကတော့ အထက်က ခြေထောက်နံစော်ခြင်း အကြောင်းအရာနဲ့ ဆက်စပ်နေတာမို့ ကူးထည့်လိုက်တာပါ။


ဦးသန့်အမှတ်တရ အစီအစဉ်တွေပါ။ သိပ်ကောင်းပါတယ်။


မကိုက်ရ တဲ့။ ခြင်တွေကိုပြောတာ မဟုတ်ပါဘူး။ ဒါက လိမ်းဆေးပါ။ ဒီဆေးဖြန်းထားရင် ခြင်ကြောက်ပုံရတယ်။ ပုံထဲက လူ၅ ယောက်က ဆေးလိမ်းထားပုံ မရဘူးနော်။ ခြင်တွေ အုံနေတာ။ မြန်မာပြည်မှာ ဒီလိုဆေးတွေ ကိုယ်တိုင်ထုတ်လုပ်နေကြပြီ ဆိုတာ သိစေချင်လို့ပါ။ တကြိမ်လိမ်းထားရင် ၈ နာရီ ခံတယ်လို့ ကြော်ငြာမှာ ကြော်ငြာထားတာကို ကြော်ငြာခ မရပေမယ့် ထပ်ဆင့် ကြော်ငြာလိုက်ပါတယ်နော်။


အဆိုတော်များထဲမှာ ကြော်ငြာ အရိုက်ရဆုံးကတော့ လေးဖြူ ဖြစ်မယ် ထင်ပါတယ်။ ဂျာနယ်ထဲက ဒီကြော်ငြာမှာတော့ လေးဖြူကို ဆိုင်ကယ်ကြီးကြီး ဆေးမင်ကြောင်ကြီးကြီးနဲ့ လန်းနေတာ တွေ့ရမှာပါ။


ဒါလည်း လေးဖြူပါပဲ။


အိုင်စီ တီးဝိုင်းက အဆိုတော်တွေကို ကြော်ငြာအတွက် မျက်စေ့ကျနေကြပါတယ်။ ဒါကတော့ မျိုးကြီး။ အဆိုတော် မျိုးကြီး။


အိုင်စီရဲ့ အဆိုတော် ၀ိုင်ဝိုင်း။
ကြော်ငြာမှာ အတုံ့အလှည့်လို့ ရေးထားပါတယ်။ စီးရီးကြော်ငြာလား အ၀တ်အစား ကြော်ငြာလား ဆိုတာ မသိရပါ။


ဟိုဒေသ ဒီဒေသမှာ ရေဘေးဒုက္ခရောက်မှုတွေအတွက် လှူကြတန်းကြတာတွေ ခုတလော ခေတ်စားနေပါတယ်။ အရပ်သားအချင်းချင်း စာနာစိတ်နဲ့ လှုပ်ရှားကြတာ သာဓု အဆက်မပြတ် ခေါ်ချင်စရာပါ။ ဒါပေမယ့် ဒါတွေကို အစိုးရများ ကယ်ဆယ် ကူညီရေးအဖွဲ့များက ပရောဂျက်တွေဘာတွေနဲ့ လုပ်ကြရမယ်မဟုတ်လား။ ဒီအကောင်ကြီးကြီးတွေ ဆင်မယဉ်သာဟန်နဲ့ ပဲများနေတတ်တယ်။
ဒီသတင်းက အဲဒီအကြောင်း မဟုတ်ပါ။
သို့သော် နည်းနည်းတော့ ဆက်စပ်ပါတယ်။


မိသားစုထဲ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ အစီအစဉ်ရှိသူတွေ ဖတ်သင့်တဲ့သတင်းပါ။ ဒါမှ ရိုက်စားလုပ်တာကို မခံရမှာနော်။


ခင်မျိုးချစ်၊ ဒေါက်တာခင်မောင်ဝင်းတို့ရဲ့ လက်ရာပါ။
စာအုပ်ကြော်ငြာ။
ကျနော့်ညီလေး မောင်ရစ်ရဲ့ အဘွားနဲ့ ဖေဖေတို့ရဲ့ လက်ရာ။


ခင်ဗျား ထောင်ထဲမှာ ဘယ်လောက်ကြာအောင် နေနိုင်သလဲ။ ၅ ရက်လား။ ၅ လလား။ ၅ နှစ်လား။ ဒီဘုန်းကြီးက ထောင်ထဲမှာ ၂၂ နှစ် နေခဲ့ရတယ် တဲ့။ ရှစ်လေးလုံးကိုယ်တော်တပါး ဖြစ်ပါတယ်။ ဗိုလ်ခင်ညွန့်နဲ့ သူ့တပည့်တွေ ထောင်ချထားတဲ့ကိုယ်တော် ဖြစ်နိုင်ပါတယ်။


အွန်လိုင်းစာဖတ်သူများ သိပြီးသား ဖြစ်မှာပါ။ ကျနော်တို့ ရန်ကုန်ထုတ်ဂျာနယ်များမှာလည်း အစိုးရမင်းတို့ရဲ့ ခွင့်ပေးသနားမှုကြောင့် ဒီလိုဟာတွေ ရေးသားဖော်ပြခွင့် ရနေကြောင်း သိစေလိုတာကြောင့် ကူးယူ ဖော်ပြပါတယ်။
bi weekly eleven ဂျာနယ်၊ အောက်တိုဘာ ၂၁ ဖြတ်စများ

သဘင်နဲ့ ဆိုင်တဲ့ ဆောင်းပါး ဖြစ်ပါတယ်။ လေ့လာလိုသူများအတွက် ကူးပေးလိုက်ပါတယ်။ မဖတ်ရသေးသူများ ဖတ်နိုင်၊ ဖတ်လေ့မရှိသူများလည်း “ဖတ်ကြည့်ဦးမှပဲလေ” ဆိုတဲ့ စိတ်ကူး ပေါ်လာနိုင်တာမို့ ကူးပေးရကျိုး နပ်မှာပါနော်။

ဒါကိုတော့ ထိုင်းနိုင်ငံရောက် မြန်မာပြည်သားများ စိတ်ဝင်စားနိုင်ဖွယ် ရှိမယ် ထင်ပါတယ်။
သတင်းစာဖြတ်စ


တနေ့တုန်းက သတင်းစာမှာ ပါတဲ့ ဖြတ်စ ဖြစ်တယ်။ ဦးတင်အေးပုံပါလို့ ဖြတ်ထားတာ။
ရွေးကောက်ပွဲကော်မရှင်လူကြီးက ရေအားလျှပ်စစ်စက်ရုံကို ဖွင့်ပေးတယ် ဆိုတဲ့ သတင်းပါ။
ကော်မရှင်လူကြီးလည်း ကိုယ်နဲ့မဆိုင်တာတွေ လုပ်နေပြီနော်။ အစိုးရဟောင်းရဲ့ သောက်ကျင့်တွေ ခုထိ ဖျောက်လို့ မရသေးပုံပါပဲ။

ဖြတ်စများ ဤတွင် ကုန်၏။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts