>ှJune 24th, 2011 – Q & A with Suu

>

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်

ဇွန် ၂၄၊ ၂၀၁၁
အာရ်အက်ဖ်အေအသံလွှင့်အစီအစဉ်


● မေးသူ ။ ။ မရွှေဝါ (ရန်ကုန်မြို့)
● မေးခွန်း ။ ။မင်္ဂလာပါ။သမီးသိချင်တာကတော့ မြန်မာနိုင်ငံမှာက နိုင်ငံခြားငွေကို တရားဝင်ကိုင်ဆောင်ခွင့် မရှိဘူး။ သာမန်ပြည်သူတွေလည်း တရားဝင်ကိုင်ဆောင်ခွင့်မရှိဘူး။ သမီးတို့ဆီမှာ ဒီနိုင်ငံခြားငွေ ဒေါ်လာတွေ ဘာတွေရလာခဲ့ရင် ပွဲစားတွေကနေပြီးတော့တဆင့် ထားပြီး ဗမာငွေနဲ့လဲရပါတယ်။ အဲ့ဒီခါကြတော့ ပွဲစားတွေက သူတို့ခေါင်းပုံ အမြတ်ထုတ်မှုကို သမီးတို့ခံရတယ်။ သူတို့ပေးချင်တဲ့ ပမာဏ ကိုပေးပြီးတော့လဲေ တာ့ သမီးတို့မှာဆုံးရှုံးမှု အများကြီးရှိပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာေ ကာ ပြည်သူတွေအေ နနဲ့ နိုင်ငံခြားေ ငွကို ဘယ် လို ကိုင်ဆောင်ဖို့ အခွင့်အရေးရှိတယ်ဆိုတာသိချင်ပါတယ်။
● အဖြေ ။ ။နိုင်ငံခြားငွေကိုင်ဆောင်ခွင့်နဲ့ ပတ်သက်လို့ စည်းမျဉ်းစည်းကမ်းတွေဟာ တနိုင်ငံနဲ့တနိုင်ငံ မတူပါဘူး။ လွတ်လပ်တဲ့ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေမှာတော့ ငွေမာတွေကို လွတ်လွတ်လပ်လပ် လဲလှယ်နိုင်ပါတယ်။
…. … …


● မေးသူ ။ ။ မမြနှင်း (ကျောက်တန်းမြို့၊ ရန်ကုန်တိုင်း)
● မေးခွန်း ။ ။ ကျမအိမ်ရှင်မ တယောက်ပေါ့နော်။ ဈေးသွားတဲ့အခါမှာ ဈေးဝယ်ရတဲ့ ဈေးဝယ်တဲ့အခါမှာပေါ့။ အကြွေပြဿနာက အရမ်း ခက်ခဲသွားတယ်ပေါ့။ ဘာကိုပဲဝယ်ချင်ချင် ဒီအကြွေမရှိတဲ့အတွက် ဈေးဝယ်ရတာ ဒုက္ခရောက်ပါတယ်။ အဲဒီအကြွေကိစ္စကို ဒီအစိုးရ နိုင်ငံ တော်အစိုးရကပေါ့နော်။ ဘာကြောင့်ထုတ်မပေး တာလဲဆိုတာ ကျမတို့တွေ သိချင်ပါတယ်။ ဈေးထဲမှာလည်း အကြွေပြဿနာကြောင့် တော်တော်များများ ဒုက္ခရောက်ကြတယ်ပေါ့နော်။ အကြွေမရှိတော့လေ၊ ကိုယ်မလိုချင်တာတွေကိုလည်း ပေးတယ်ပေါ့နော်။ တချို့ကြတော့ လည်းယူချင်သလို၊ တချို့ကြတော့လည်း မယူချင်ကြဘူးပေါ့နော်။ အကြွေကိုပဲ ပြန်လိုချင်ကြ တာပေါ့။ ပိုက်ဆံကိုပေါ့နော်။ အဲဒီအတွက် အစိုးရကဘာကြောင့် ဒီအကြွေတွေကို မထုတ်ပေးတာလဲဆိုတာ ကျမတို့သိချင်ပါတယ်။
● အဖြေ ။ ။ သတ္ထုဈေး၊ စက္ကူဈေးတွေမြင့်တာကြောင့် အကြွေထုတ်ရတာမတန်လို့ မထုတ်တာ လို့ြေ ပာနို င်ပါတယ်။ တကယ်တော့ ဒါဟာ စီးပွားရေးစီမံခန့်ခွဲမှုညံ့ဖျင်းခြင်းရဲ့ တစိတ်တပိုင်းပဲဖြစ်ပါတယ်။
…. …. ….

● မေးသူ ။ ။ ကိုမင်းထက်ဇော် (ဂျပန်နိုင်ငံ)
● မေးခွန်း ။ ။ ဒေါ်အောင်ဆန်းစုကြည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ဂါရဝပြုအပ်ပါတယ်။ ကျနော်မေး လိုတဲ့မေးခွန်းကတော့ ကျနော်တို့ ဟိုးအရင်ကတည်းကိုက တရုတ်-မြန်မာဆက်ဆံရေးမှာ ဖဆပလဝန်ကြီးချုပ် ဦးနုလက်ထက် ကတည်း ကပေါ့လေ။ မြန်မာနိုင်ငံက အိမ်နီးချင်းကောင်းပီသစွာနဲ့ တရုတ်နိုင်ငံအပေါ်မှာဆက်ဆံခဲ့တာကို တွေ့ရှိရပါတယ်။ အခုလက်ရှိမြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဆက်ဆံရေးမှာတော့ တရုတ်က မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ဆန္ဒနဲ့သဘောထားတွေကို လျစ်လျူရှုပြီးတော့ မိမိ ကိုယ်ကျိုးစီးပွားတခုတည်းကိုကြည့်ပြီး ဆက်ဆံနေတယ်လို့ အမှန်သုံးသပ်မှုတွေ ကြားနေရပါတယ်ခင်ဗျာ့။ ဒါနဲ့ပတ်သက်ပြီးတော့ တရုတ်နိုင်ငံ နဲ့ဆက်ဆံရေးပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နဲ့မြန်မာ ဆက်ဆံရေးကို ဘယ်လိုပုံစံမျိုးထူထောင်ချင်ပါသလဲဆိုတာကို သိလိုပါတယ်ခင်ဗျာ။
● အဖြေ ။ ။ ကိုယ့်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ခိုင်ခိုင်မာမာရပ်တည်ကာကွယ်ပေးတဲ့အစိုးရရှိနေ ရင် ပြည်ပက မတရားအမြတ်ထုတ် တာတွေလုပ်ဖို့ အင်မတန်ခက်ပါတယ်။ ဖဆပလအစိုးရဆိုတာက ဒီမိုကရေစီနည်းကျကျ တင်မြှောက်ခံခဲ့ရတဲ့အစိုးရဆိုတော့ ပြည်သူတွေ မငြိုငြင်အောင်လို့ လုပ်ကိုင်ရပါတယ်။ ဒီအပြင် အဲဒီအချိန်တုန်းက မြန်မာနိုင်ငံက ကမ္ဘာ့အလယ်မှာဂုဏ်သိက္ခာရှိပြီး အများက လေးစားခြင်း ကိုခံရတာကြောင့် ပြင်ပနိုင်ငံတွေကလည်း ဗမာပြည်သူပြည်သားတွေကို မျှတကောင်းမွန်စွာဆက်ဆံကြပါ တယ်။ ကျမတို့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က ပြည်သူတွေအပေါ်မှာ တာဝန်သိခြင်းနဲ့၊ အိမ်နီးနားချင်းကောင်း ပီ သခြင်းဆိုတဲ့ မူနှစ်ခုနဲ့ကိုက်ညီတဲ့ဆက်ဆံရေးမျိုးကို တရုတ်နိုင်ငံနဲ့ တည်ဆောက်ချင်ပါတယ်။
…. ….. …..

● မေးသူ ။ ။ ကိုနေထွန်းနိုင် (တောင်ကိုရီးယားနိုင်ငံ)
● မေးခွန်း။ ။ မင်္ဂလာပါ အန်တီစုခင်ဗျာ။ ပြည်ပအခြေစိုက် ဒီမိုကရေစီအင်အားစု တော်လှန်ရေးခေါင်းဆောင်ေ တွ ကျနော်တို့ ကိုရီးယားနိုင်ငံကိုရောက်ရှိလာတဲ့အချိန်တိုင်းမှာ ကိုရီးယားနိုင်ငံအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာ နနဲ့ တွေဆုံဆွေးနွေးမှုတွေကို ကျနော်တို့ဆောင်ရွက်ခဲ့ပါတယ်။ သို့သော် ၂၀၁၁ ခုနှစ် မေလထဲမှာပေါ့နော်။ နယ်စပ်အခြေစိုက် ဒီမိုကရေစီအင်အားစုများရဲ့ နိုင်ငံခြားရေးတာဝန်ခံတွေ ကျနော်တို့ ဒီတောင်ကိုရီးယားနို င်ငံကို ရောက်ရှိတဲ့အခါမှာ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တွေဆုံဆွေးနွေးခွင့်ပေါ့နော်။ သူတို့ဘက်ကနေပြီးေ တာ့ ငြင်းပယ်ခဲ့တာရှိပါတယ်။ မြန်မာနိုင်ငံမှာ စစ်အစိုးရကနေပြီးတော့မှ အရပ်သားအစိုးရကိုပြောင်းလဲလာ တယ် ဆိုတဲ့အတွက်ကို ကျနော်တို့ လိုပေါ့နော်။ ဒီအတိုက်အခံ ဒီမိုကရေစီအင်အားတွေကို တွေ့ဆုံဆွေးနွေးဖို့ သူတို့ဘက်က အဆင်မပြေနိုင်ဘူးဆိုတဲ့သဘောမျိုးနဲ့ ကျနော်တို့ကို အကြောင်းပြန်ခဲ့တာရှိပါတယ်။ ဆိုတော့ ဒေါ်စုအနေနဲ့ပေါ့နော် ဒီကစ္စအပေါ်မှာဘယ်လိုထင်မြင်ယူဆပါသ လဲ။ နောက်တခါ တောင်ကိုရီးယားနို င်ငံ အစိုးရရဲ့ သက်ဆိုင်ရာတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကိုပေါ့လေ။ အကြံပေးတိုက်တွန်းဖို့အတွက် အစီအစဉ်ရှိပါသ လား ခင်ဗျာ့။ အဲဒါလေးကို ကျနော်သိချင်ပါတယ်အန်တီ။
● အဖြေ ။ ။ တောင်ကိုရီးယားနိုင်ငံခြားရေးရုံးက အခုအခါမှာ ငြင်းပယ်ခဲ့ပေမယ့်လည်း နောင်တွေ့နိုင်ဖို့ ထပ်ပြီးတော့ကြိုးစားစေချင်ပါ တယ်။ ကျမတို့အနေနဲ့လည်း ဒီဘက်ကနေပြီးတော့ တတ်နိုင်သမျှ ပြည်ပနိုင်ငံအစိုးရတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ ဆက်ဆံရေးရင်းနှီး ကောင်းမွန်စေဖို့ ကြိုးစားပေးပါ့မယ်။ တောင်ကိုရီးယားအစိုးရနဲ့တင်မက တောင်ကိုရီးယားပြည်သူတွေနဲ့ပါ ဒီမိုကရေစီအင်အားစုတွေက ခင်မင်နွေးထွေးတဲ့ဆက်ဆံရေးရှိဖို့ အရေးကြီးတယ်ဆိုတာကိုတော့ သတိပေးချင်ပါတယ်။
… … …

● မေးသူ ။ ။ ကိုရွှေမင်းနိုင် (ယူအေအီး အာရပ်စော်ဘွားများနိုင်ငံ)
● မေးခွန်း။ ။ ကျနော့်နာမည်က ရွှေမင်းနိုင်ပါ။ ကျနော် ယူအေအီး အဘူရာဘီမှာ ကျနော်အလုပ်လုပ်နေပါ တယ်။ ကျနော်မေးချင်တဲ့မေးခွန်းတခုကတော့ မြန်မာအစိုးရတွေ အမေရိကန်နိုင်ငံနဲ့ဆက်ဆံရေးကို တိုးတက်ကောင်းမွန်စေချင်တဲ့ဆန္ဒရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ တိုးတတ်ကောင်းမွန်စေချင်တဲ့ဆန္ဒသည် အမေရိကန်နဲ့ ပါကစ္စတန်အစိုးရဆက်ဆံရေးမျိုလို သူတို့ကယူဆပုံရပါတယ်။ အဲ့လိုပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့် မို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကကော မြန် မာနိုင်ငံနဲ့ အမေ ရိက န်နိုင်ငံရဲ့ဆက်ဆံရေးကို ဘယ်လိုပုံ သဏ္ဍာန် မျိုးနဲ့ ဖြစ်စေချင်ပါသလဲ။ အဲဒါလေးကို ကျနော်တို့သိချင်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်လေးတွေကို ရှင်းပြပေးမယ်ဆိုလို့ရှိရင် ကျနော် တို့အတွက် ဂိုက်လိုင်းဖြစ်သွားပါလိမ့် မယ်။ ကျေးဇူးတင်ပါ တယ်ခင်ဗျာ။
● အဖြေ ။ ။ အမေရိကန်ပြည်ထောင်စုနဲ့သာမက ဘယ်နိုင်ငံနဲ့ပဲဖြစ်ဖြစ် သင့်သင့်တင့်တင့်မျှမျှတတ မိတ်ဆွေတွေလို ပေါင်းသင်းနိုင်လို့ရှိ ရင်အကောင်းဆုံးပါပဲ။ ဒီလိုဖြစ်ဖို့ဆိုတာ နှစ်ဖက်စလုံးက လိုလိုလားလားနဲ့ကြိုးစားရပါလိမ့်မယ်။
… …. ….

● မေးသူ ။ ။ မဥမ္မာဦး၊(လန်ဒန်မြို့၊ ဗြိတိန်နိုင်ငံ)
● မေးခွန်း ။ ။ မင်္ဂလာပါ အန်တီဒေါ်အောင်းဆန်းစုကြည်ရှင်။ ကျမကတော့ Burma Democratic Concern (BDC) က ကမ်ပိန်းမန်နေဂျာ ဥမ္မာဦးဖြစ်ပါတယ်ရှင်။ ကျမသိချင်တာကတော့ သမ္မတဦးသိန်းစိန်း ရဲ့ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ဒေါက်တာနေဇင်လက်က “နိုင်ငံတော်အ တွက်ကို တစုံတရာကောင်းအောင် လုပ်ဆောင် မယ်ဆိုရင် မည်သူနဲ့မဆို တွေ့ဆုံဆွေးနွေးနိုင်တယ်၊ ပူးပေါင်းလုပ်ဆောင်နိုင်တယ် ဆိုပြီးတော့ မူဝါဒတော့ရှိတယ်။ တချိန်ချိန်တော့ရောက်လာမှာပါ” ဆိုပြီးပြောသွားခဲ့ပါတယ်ရှင်။ ကျမမေးချင်တာက သမ္မတ ဦးသိန်းစိန်တို့ သက်မှတ်ထားတဲ့ ဒီနိုင်ငံတော်အတွက်ကို တစုံတရာကောင်းအောင်လုပ်ဆောင်မယ်ဆိုရင်၊ ဆိုတဲ့အဓိပ္ပါယ် သက်မှတ်ချက်ကို အန်တီအ နေနဲ့ ဘယ်လိုများအမြင်ရှိပါသလဲရှင်။ ဒီ့အပြင် သမ္မတရဲ့နို င်ငံရေးအကြံပေးပုဂ္ဂိုလ်က ဒီလိုကြိုတင်သက်မှတ်ချက်တွေထားတာတောင်မှ တွေဆုံဆွေးနွေးရေး ဘယ်တေြာ့ ဖစ်မလဲဆိုတဲ့ အချိန်ကာလသက်မှတ်ချက်ကို အတိအကျမပြောနိုင်ပါဘူးရှင်။ အဲဒီတော့ ဒီလိုသတ် မှတ်ချက် မပြောနိုင်တဲ့အပေါ်မှာကော အန်တီအနေနဲ့ ဘယ်လိုများထင်မြင်ချက်ရှိပါသလဲရှင်။ ကျေးဇူးတင်ပါတယ်ရှင်။
● အဖြေ ။ ။ တွေ့ဆုံဆွေးနွေးရေးဆိုတာ တကယ်ပဲလုပ်ချင်တယ်ဆိုရင် မဆိုင်းမတွလုပ်နိုင်တဲ့ကိစ္စပဲဖြစ်ပါ တယ်။ နိုင်ငံတော်အတွက် ကောင်းအောင်လုပ်တယ်၊ မလုပ်ဘူးဆိုတာကတော့ တဖက်ကဘဲဆုံးဖြတ်လို့မရပါ ဘူး။ ပြေလည်မှုတကယ်ပဲလိုချင်တယ်၊ မလိုချင်တယ်ဆို တာက အချိန်ဆွဲတာ၊ မဆွဲတာကိုကြည့်ပြီးလည်း မှန်းဆလို့ရနိုင်မယ်ထင်ပါတယ်။
… …. ….

● မေးသူ ။ ။ ကိုရဲမင်းထွန်း (အမေရိကန်နိုင်ငံ)
● မေးခွန်း။ ။ အန်တီစုခင်ဗျာ့။ လက်ရှိအစိုးရသစ်က NLD ကို တရားမဝင်ဘူးလို့ဆိုနေတယ်။ အန်တီစုတို့ အနေနဲ့ကလည်း NLD က ပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့ ၁၉၉၀ ရွေးကောက်ပွဲရလာဒ် အရ ပြည်သူ့ ဆန္ဒကို လေးစားအသိမှတ်ပြုပြီး ရပ်တည်နေရတယ်။ ဒီတော့ လက်ရှိအစိုးရသစ်ဆိုတဲ့လူတွေနဲ့ NLD ကြားဆက် ဆံရေးကို ဘယ်လိုနိုင်ငံရေးလမ်းစဉ်မျိုးနဲ့ ဆက်ဆံသွားမှာလဲဆိုတာ သိချင်ပါတယ် ခင်ဗျာ့။
● အဖြေ ။ ။ ဆက်ဆံရေးဆိုတာ နှစ်ဦးနှစ်ဖက်နဲ့ဆိုင်ပါတယ်။ အန်တီတို့က တရားဥပဒေစိုးမိုးရေးကို အလေးထားတာကြောင့် NLD မှတ်ပုံတင်ကိုဖျက်သိမ်းခြင်းဟာ ဥပဒေသဘောတရားနဲ့မညီကြောင်း တရားလမ်းကြောင်းအရတင်ပြခဲ့တာဖြစ်ပါတယ်။ အခုလည်း ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ဒီအမှုကိုတင်မှာဖြစ်ပါတယ်။ လက်ရှိအစိုးရနဲ့ ဆက်ဆံရေးအမြင်နဲ့ထင်မဟုတ်ဘဲ NLD ရဲ့နိုင်ငံရေး ပါတီတခုအနေနဲ့ ရပ်တည်ရေးကို ပြည်သူတွေရဲ့ ထောက်ခံမှုအပေါ်မှာ အခြေခံသွားမှာဖြစ်ပါတယ်။
(ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts