>Burmese Fallen Hero – Salai Tin Maung Oo – ebook

>

ကျဆုံးသူ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး အမှတ်တရစာအုပ်ထွက်ပြီ
မိုးမခ၊ ဇွန် ၂၈၊ ၂၀၁၁
၁၉၇၆ ခုနှစ်က ရန်ကုန်မြို့ အင်းစိန်ထောင်တွင်း၌ မြန်မာအာဏာရှင်တို့က ကြိုးပေးလုပ်ကြံခြင်းကြောင့် ကျဆုံးခဲ့ရသူ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၏ အကြောင်း အမှတ်တရဆောင်းပါးများ စုစည်းမှု အီးဘုတ် မြန်မာဘာသာဖြင့် ထွက်လာပြီ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်ရဲ့ အမှာစကားနဲ့ ထွက်ရှိတာ ဖြစ်ပါတယ်။ အခု သူ ကျဆုံးတာ ၃၅ နှစ်မြောက် အထိမ်းအမှတ်ကာလလည်း ဖြစ်ပါတယ်။ သည်နေရာတွေမှာ ရယူပြီး လက်ဆင့်ကမ်း ဖြန့်ဝေကြပါ။
SCRIBD website –  မှာ ရယူပါ။
လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ်ကတည်းက ကျောင်းသားသမဂ္ဂအဆောက်အဦကို စစ်အာဏာရှင်တို့ ဗုံးခွဲဖျက်ဆီးခဲ့ချိန်ကစလို့ မြန်မာပြည်မှာ ကျောင်းသားများရဲ့ လွတ်လပ်ရေး အခွင့်အရေး၊ ပညာရေးအခွင့်အရေးတွေ ဆိတ်သုဉ်းခဲ့ရပြီး ဖြစ်ပါတယ်။ ကျောင်းသားများစွာဟာ စစ်အာဏာရှင် အဆက်ဆက်ကို တရားမ၀င်ကျောင်းသားသမဂ္ဂများကို အာဏာဖီဆန်ဖွဲ့စည်းပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်လျက်ရှိပါတယ်။
ကျောင်းသားစိတ်ဓာတ်၊ ခွပ်ဒေါင်းစိတ်ဓာတ်၊ သမဂ္ဂစိတ်ဓာတ်ဆိုတာတွေဟာ မြန်မာပြည်မှာ မည်သို့ပင် ဖိနှိပ်ချူပ်ချယ် သတ်ဖြတ်နေပါစေ ပျောက်ကွယ်သွားမယ် မဟုတ်ဘူးဆိုတာကို ဖွဲ့ဆိုပြသနေတဲ့ စာအုပ်တအုပ် ဖြစ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts