>Fathi Terbil, a lawyer ignited Libyan revolution

>

လစ်ဗျားလူထုအုံကြွမှုရဲ့အစ ရှေ့နေဖာတီတာဘီ
တိုင်းမ်စ်မဂ္ဂဇင်းရဲ့ သြဇာရှင် ၁၀၀ ထဲက လူ့အခွင်အရေးရှေ့နေ
မိုးမခဘာသာပြန်၊ မေ ၄၊ ၂၀၁၁
လစ်ဗျားအာဏာရှင် ကာနယ်ကဒါဖီက ၁၉၉၆ မှာ အကျဉ်းသား ၁၂၀၀ ကနေ ၁၄၀၀ ကို အဘူဆလင်အကျဉ်းထောင်မှာ သုတ်သင်ခဲ့တယ်။ အဲသည်အကျဉ်းထောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေအတွက် ထောင်ဖြစ်တယ်။ ထောင်တွင်းမှာ ဆင်းရဲကြပ်တည်းဆိုးဝါးလွန်းလို့ အုံကြွကြလို့ သည်လိုမျိုး သတ်ပစ်ခဲ့တာ ဖြစ်တယ်။ ဒီရာဇ၀တ်မှုကြီးကို စစ်အစိုးရက ဖုံးဖိနှိပ်ကွပ်ထားခဲ့တယ်။ ၁၅ နှစ် လုံးလုံး။ အသတ်ခံရသူတွေရဲ့ နံမည်စာရင်းတောင် ထုတ်ဖော်ခွင့် မရှိဘူး။ အဲသည်အကြောင်း အစဖော်သူ လစ်ဗျားတွေဆိုတာ အဲသည်ထောင်ထဲ ရောက်ကုန်ကြတာပဲ။
အဲသည်အချိန်မှာ ရှေ့နေ ဖာတီတာဘီ (၃၉ နှစ်) က အဲသည်သေဆုံးသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေအတွက် အမှုလိုက်ရှေ့နေဖြစ်လာတယ်။ ထုံးစံအတိုင်းပဲ ဖေဖော်ဝါရီမှာ သူကိုယ်တိုင် အဖမ်းခံရပြီး ထောင်ထဲ ရောက်သွားတယ်။ အဲသည်အခြေအနေမှာ ဘင်ဇာဂီမြို့ (လစ်ဗျားတွင် ယခု လွတ်မြောက်သူ သူပုန်တို့၏ မြို့တော်)ရဲ့ တရားရုံးရှေ့မှာ ရှေ့နေတွေ၊ တရားသူကြီးတွေ စုဝေးပြီး ဆန္̔ဒပြ ကန့်ကွက်ကြတော့တာပဲ။ သေဆုံးသူအကျဉ်းသားများရဲ့ မိသားစုတွေပါ ၀ိုင်းဝန်းလက်တွဲ ဆန္ဒပြကြတယ်။ အဲသည်ကစပြီး လစ်ဗျားပြည်ရဲ့ လူထုအုံကြွမှုကြီး အရှိန်အဟုန်မြင့်မားလာရာက အခုအချိန်မှာ ဘင်ဂါဇီမြို့အပါအ၀င် လစ်ဗျားပြည်အရှေ့ခြမ်းဟာ အာဏာရှင် ကဒါဖီလက်အောက်က လွတ်မြောက်ခဲ့ပြီ ဖြစ်တယ်။ မြို့တော် ထရီပိုလီသည်လည်း အာဏာရှင်လက်ထဲက လွတ်မြောက်ဖို့ နီးပြီလို့ မျှော်လင့်နေကြပြီ ဖြစ်တယ်။ (ထိုဂုဏ်ပြုစာကို ရေးပေးသူ – ဟစ်စ်အန်မာတာ၊ စာရေးဆရာ)
(မြန်မာပြည်က နိုင်ငံရေးအကျဉ်းသားများ၊ စာနယ်ဇင်းသမားများ၊ တက်ကြွလှုပ်ရှားသူများအတွက် ရပ်တည်ပေးသူ အမှုလိုက်ရှေ့နေများဖြစ်တဲ့ ဦးအောင်သိန်း၊ ဦးမြင့်အေး အစရှိတဲ့ စွန့်စား စွမ်းဆောင်သူ ရှေ့နေများကို ဂုဏ်ပြုတဲ့အနေနဲ့ သည်စာလေးကို ဘာသာပြန် တင်ဆက်ပါတယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts