ကြော်ငြာကဏ္ဍ

ဆန်ဖရန်ဘေးဧရိယာမြန်မာမိသားစု အများကောင်းမှု အလှူခံ

“လက်ပံတောင်းတောင်အရေး ထိခိုက်ဒဏ်ရာရသူ ရဟန်းရှင်လူများ

ကျန်းမာရေးစောင့်ရှောက်မှု ကူညီရန် အလှူခံအပ်ပါသည်”

ဆန်ဖရန်ဘေးဧရိယာမြန်မာမိသားစုများ၏ အများကောင်းမှုအဖြစ် လှုဒါန်းပါမည်

Let’s Stand Together with Burmese from Letpadaung – Donation Drive “လက်ပံတောင်းပြည်သူတွေနဲ့ မိမိတို့ ညီတူရပ်တည် ကူညီကြမည်”

ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာမိသားစုများ စုပေါင်း အလှူငွေ ကောက်ခံပြီး အလှူငွေများအားလုံးကို နာရေးကူညီမှုအသင်း (ရန်ကုန်) မှ တဆင့် လှူဒါန်းမည် ဖြစ်ပါတယ်။

ကိုကျော်သူက ပြောကြားရာမှာ … ဆန်ဖရန်စစ္စကိုက မြန်မာမိသားစုတွေ စုပေါင်းကူညီကြမယ် ကြားသိရလို့ ၀မ်းသာပါတယ်။ အလှူငွေက အဓိက မကျပါဘူး။ လက်ပံတောင်းတောင် အရေးအခင်းမှာ ထိခိုက်ဒဏ်ရာရကြ၊ နစ်နာဆုံးရှုံးကြရတဲ့ ရဟန်း ရှင်လူတွေနဲ့ အတူတူ နိုင်ငံတကာက မြန်မာပြည်သူတွေ၊ မိတ်ဆွေတွေက စည်းလုံးညီညွတ်စွာ စာနာ ရပ်တည်မှု အားပေးမှု ပြသကြတာက အဓိက အင်အားဖြစ်ပါတယ် လို့ ပြောဆိုလိုက်ပါတယ်။

မိမိတို့နီးစပ်ရာ အလှူခံကိုယ်စားလှယ်များထံ သဒ္ဒါတရား နည်းများဆိုသလို အလှူဒါန ပြုနိုင်ပါတယ်။ အလှူခံဖြတ်ပိုင်းဖြင့် စာရင်းပြုစု အလှူခံမှာ ဖြစ်ပါတယ်။ အလှူငွေ US$ 100 ကျော်ပါက Tax Deductible (၀င်ငွေခွန်သက်သာခွင့်ရတဲ့ အလှူ) ဖြစ်အောင် စီစဉ်ပေးမှာ ဖြစ်ပါတယ်။

မေတ္တာလက်ဆောင် လက်ကမ်းကာတွန်းစာစောင်လေး ပုံနှိပ် ထုတ်ဝေပြီး အားပေးကူညီလိုသူ အလှူရှင်များကို အမှတ်တရ ပေးအပ်သွားမှာ ဖြစ်ပါတယ်။
“လက်ပံတောင်းတောင်က မီးလောင်တဲ့ ကာတွန်းများ”
Cartoons on fire from Letpadaung Crackdown
San Francisco Burmese Community organizers and friends က အခမဲ့ ပုံနှိပ်ပြီး ဖြန့်ချိမှာ ဖြစ်ပါတယ်။ မိုးမခမီဒီယာကတဆင့် စုစည်းပါတယ်။

အလှူခံကိုယ်စားလှယ်များ (ဒီဇင်ဘာ ၁၆ ရက် နောက်ဆုံးထားပြီး ကောက်ခံမည် ဖြစ်ပါသည်)

            ဆက်သွယ်ရမည့် အမည်နှင့် ဖုံးနံပါတ်များ


ကိုဂျေစင် (510-402-7779)
ကိုစိန် (510-579-8506)
ကိုမောင်သက် (510-673-3509)
မနီနီသော် (408-205-3287)
မောင်ရစ် ( 415-595-1485)
ကိုမိုးကျော် (650-834-0184)
ကိုထွန်းမြတ်ဦး (415-571-6401)
ကိုတိုးလွင် (415-424-5811)
ကိုညီညီသန်း (510-940-3585)
ကိုဇာနည် (415-672-1626)
ကိုရှောင်န် (650-269-1165)
မမေမွန်
မအိအိ
ကိုသန့်ပြည့်


အွန်လိုင်းမှ တဆင့် လှူဒါန်းလိုပါက အောက်ပါလိပ်စာကို သွားရောက်ပြီး လှူဒါန်းနိုင်ပါတယ်

http://BurmeseCommunity.Net  


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts