ကဗျာ

လင်းသက်ငြိမ် – သူရဲ​ကောင်းကဗျာ

လင်းသက်ငြိမ် – သူရဲ​ကောင်းကဗျာ
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၅

လေများ တသုန်​သုန်​တိုက်​ခတ်​​နေသည်
ဆံပင်​​တွေ အလံ​တွေ တလွင့်​လွင့်
လှိုင်းများ တဝုန်းဝုန်း ရိုက်​ပုတ်​​နေကြသည်
အလံ​တွေ တလွင့်​လွင့်​ ဆံပင်​​တွေ တလွင့်​လွင့်
လမ်းများ ​ကြမ်းတမ်းခက်​ထန်​သည်
ဆံပင်​​တွေ တလွင့်​လွင့်​ အလံ​တွေ တလွင့်​လွင့်
ခြေ​ထောက်​များ ​ပေါက်ပြဲအက်​ကွဲ
သွေးစများ တရဲရဲ
ကြွေး​ကြော်​သံဟာ မုန်​တိုင်းထဲ
အားအပြင်းဆုံးထိုးထွက်​လာ
ယုံကြည်​ချက်​ဟာ ​ကျော်​​ဆောင်​ထက်
မာ​ကျောတဲ့​ကျောက်​​ဆောင်
ဆုံးဖြတ်​ချက်​က ဓားသွားထက်
ထက်​မြတဲ့ဓားသွား
အမှန်​တရားအတွက်​ ခရီးတို့ဖြစ်​ခဲ့တယ်
ခြေ​ထောက်​​တွေကို ရိုက်​ချိုးလို့ရလိမ့်​မယ်
သမိုင်းအရ လိုအပ်​​နေတဲ့​အောင်​ပွဲဟာ
သံ​လှောင်​အိမ်​ကို ​ဖောက်​ထွက်​လိမ့်​မယ်
ခြေထိပ်​ လက်​ထိပ်​တို့ကို
ဖြတ်​တောက်​သွားလိမ့်​မယ်
ထိုင်​ခုံ​ပေါ်က ယစ်​မူးသူတို့
သွေးပျက်​ကြ​ပေါ့
ညဟာ အ​မှောင်​ထုရင့်​ခဲ့ပြီ
အရုဏ်​ဦးသို့ ချဉ်းခဲ့ပြီ ။     ။

illustration : Toni Demuro

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts