သစ်ကောင်းအိမ်

သစ်ကောင်းအိမ် – တစ္ဆေနှစ်ကောင်ရဲ့ အမှောင်

November 27, 2013
သစ်ကောင်းအိမ် – တစ္ဆေနှစ်ကောင်ရဲ့ အမှောင်

တစ္ဆေနှစ်ကောင်ရဲ့အမှောင် သစ်ကောင်းအိမ် နိုဝင်ဘာ ၂၇၊ ၂၀၁၃ မင်းက ညတွေမှာ သွပ်မိုးပေါ်လမ်းလျှောက်တဲ့ကြောင်တကောင် ငါက ညရောက်မှ အသက်ဝင်ခွင့်ရတဲ့ ဖုတ်ကောင်တကောင် အမှောင်မှာပဲတွေ့ကြတယ် မင်းက သင်္ဘောပျက်ပြီးမျောလာတဲ့ လူတယောက် ငါက သင်္ဘောပျက်ပြီးမျောလာတဲ့ ပျဉ်တချပ်...

Read more »

သစ်ကောင်းအိမ် – ငါ့ဆံပင်တွေ ပြန်ရှည်လာပြီ မာရီလင်

November 24, 2013
သစ်ကောင်းအိမ် – ငါ့ဆံပင်တွေ ပြန်ရှည်လာပြီ မာရီလင်

ငါ့ဆံပင်တွေပြန်ရှည်လာပြီ မာရီလင် သစ်ကောင်းအိမ် နိုဝင်ဘာ ၂၄၊ ၂၀၁၃ နက္ခတ်မကြုံလည်း မြေသားပေါ်က ငရဲဘုံမှာ တို့ပြန်ဆုံကြရအောင်…. ကိုယ်ပိုင်အရောင်အဆင်းမရှိတဲ့ ကြယ်အလင်းတွေအောက်မှာ ပိုးစုန်းကြူးငယ်တွေက မင်းကိုလှောင်ရယ်နေကြလိမ့်မယ် ပျောက်ဆုံးသွားတဲ့မီးပြတိုက်တွေအတွက် ငိုရှိုက်မနေပါနဲ့တောာ့ မာရီလင် လူ့အဖြစ်သားရဲတွင်းထဲ လေထီးမပွင့်ဘဲခုန်ဆင်းခဲ့...

Read more »

သစ်ကောင်းအိမ် – ကမ္ဘာနဲ့ ငါရဲ့ ဒုက္ခများ

November 21, 2013
သစ်ကောင်းအိမ် – ကမ္ဘာနဲ့ ငါရဲ့ ဒုက္ခများ

ကမ္ဘာနဲ့ ငါရဲ့ဒုက္ခများ သစ်ကောင်းအိမ် နိုဝင်ဘာ ၂၁၊ ၂၀၁၃ မြန်မာပြည်မှာ ကြပ်ပြေး ကဒါဖီကြောက်ရ ထိုင်းရောက်တော့ ထိုင်းရဲကြောက်ရ နယူးယောက်ရောက်ပြန်တော့ အသေခံလေယာဉ်ပျံကြီးတွေ ကြောက်ရ တို့သာကီနွယ်မျိုးတွေရဲ့ထိုးဇာတ်မှာ မနှစ်က သင်္ကြန်မဏ္ဍပ်ဗုံးပေါက်တော့...

Read more »

သစ်ကောင်းအိမ် – သက်ကယ်ရိတ်ဖို့ သွားခဲ့တယ်

November 9, 2013
သစ်ကောင်းအိမ် – သက်ကယ်ရိတ်ဖို့ သွားခဲ့တယ်

သက်ကယ်ရိတ်ဖို့သွားခဲ့တယ် သစ်ကောင်းအိမ် နိုဝင်ဘာ ၉၊ ၂၀၁၃ ယုန်အဖြစ်ကလည်း ယုံစရာမကောင်းဘူး ကျားအဖြစ်ကလည်း ကြားလို့မကောင်းဘူး တကမ်းလုံးကန်းနေတဲ့ အလင်းကန်းထဲ အလင်းနို့မစို့ရလို့  လင်းနို့အဖြစ်နဲ့သာကျေနပ်နေရ ညပြက်ကြီး….. တောတိုးသွားတဲ့ကြောင် တောကြောင်ပြန်ဖြစ်ခဲ့ မနက်ဖြန်ဆို ဒလဘက်ကမ်းက လဒတွေပျံသန်းလာတော့မယ်။...

Read more »

သစ်ကောင်းအိမ် – ဒီတခါနက္ခတ်စုံရင်တော့ ပြန်စုံကြရအောင် ..ဒေလီယာ (ကဗျာ)

October 26, 2013
သစ်ကောင်းအိမ် – ဒီတခါနက္ခတ်စုံရင်တော့ ပြန်စုံကြရအောင် ..ဒေလီယာ (ကဗျာ)

ဒီတခါနက္ခတ်စုံရင်တော့ ပြန်ဆုံကြရအောင်… ဒေလီယာ သစ်ကောင်းအိမ် အောက်တိုဘာ ၂၆၊ ၂၀၁၃ ပြန်သောက်မိတဲ့စီးကရက်တွေကလည်း ငယ်ငယ်တုန်းက စီးကရက်တွေမဟုတ်တော့ဘူး ပြန်ထိုင်မိတဲ့ လက်ဘက်ရည်ဆိုင်တွေကလည်း ငယ်ငယ်တုန်းက လက်ဘက်ရည်ဆိုင်တွေမဟုတ်တော့ဘူး ပြန်နားထောင်မိတဲ့သီချင်းတွေကလည်း ငယ်ငယ်တုန်းက သီချင်းတွေမဟုတ်တော့ဘူး ပြန်ပေါင်းမိတဲ့သူငယ်ချင်းတွေကလည်း ငယ်ငယ်တုန်းက...

Read more »

Thit Kaung Eain – Poem

September 18, 2013
Thit Kaung Eain – Poem

ကဗျာပြားခြင်း သစ်ကောင်းအိမ် စက်တင်ဘာ ၁၈၊ ၂၀၁၃ အရူးကို မီးဝိုင်းတယ် ကျနော်တို့ကို တောင်တွေကဝိုင်းတယ် ခင်ဗျားလက်ထဲမှာ သောက်ရေသန့်ဗူးနဲ့ ကျနော်တို့လက်ထဲမှာ ရေကိုပြုတ်သောက်ပါဆိုတဲ့ သတိပေးကြေငြာချက်နဲ့ ကမ္ဘာ့ရွာကြီးမှာ လျှပ်စစ်မီးနဲ့ ကျနော်တို့ရွာကြီးမှာ  ဖယောင်းတိုင်မီးနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေမှာ...

Read more »

Thit Kaung Eain – Poem

September 17, 2013
Thit Kaung Eain – Poem

အဲဒီမြို့မှာ ဘာတွေထူးသေးလဲ သစ်ကောင်းအိမ် စက်တင်ဘာ ၁၇၊ ၂၀၁၃ ထူးတယ် မထူးဇာတ် သခင်ထူး.. အရှင်ထူး… ဘုရားထူး…. ယနေ့ညအတွက် မိကျောင်းမျက်ရည်ဝီစကီနဲ့ ဒေါင်းသားဟင်းလျာအထူး စံပါးကြီးမြွေဝမ်းဗိုက်ထဲ ဂူအောင်းဝစိပိတ် ငြိမ်းချမ်းရေးတရားထူး ထူးတယ် သေမထူး...

Read more »

Thit Kaung Eain – Poem

September 14, 2013
Thit Kaung Eain – Poem

တိမ်တွေထဲက ရေကူးသမား သစ်ကောင်းအိမ် စက်တင်ဘာ ၁၄၊ ၂၀၁၃ မြက်ပင်လေးတပင်ချင်းတောင် အစိမ်းရောင်သမ်းပုံချင်းမတူတဲ့ မြက်ခင်းစိမ်းပေါ်မှာ ပြန့်ကျဲနေတဲ့နေရောင်များ တကွက်ချင်းစွန်းထင်းနေတဲ့ အဝါရောင်ချင်းတွေကလည်းမတူညီကြ.. မတတ်နိုင်ဘူး… ရခဲတယ် ရတာကိုပဲ ခဲထားမိတယ်။      ...

Read more »

Thit Kaung Eain – Poem

September 9, 2013
Thit Kaung Eain – Poem

ကြာ သစ်ကောင်းအိမ် စက်တင်ဘာ ၉၊ ၂၀၁၃ နွံ့နစ်နေတဲ့ သီချင်း နွံ့နစ်နေတဲ့ ကဗျာ နွံ့နစ်နေတဲ့ ကမ္ဘာ လရောင်ကို မောင်းနှင်ဖို့ ငါ့ထီးငါဖွင့် ထွက်ခဲ့တယ်။  (၇။ စက်တင်ဘာ ။ ၂၀၁၃)

Read more »

Thit Kaung Eain

September 8, 2013
Thit Kaung Eain

မခင်ငြိမ်းချမ်း သစ်ကောင်းအိမ် စက်တင်ဘာ ၈၊ ၂၀၁၃ စစ်ကြီးအတွင်းတုံးက လင်ကောင်ဖော်ခွင့်မရ …. စစ်ကြီးပြီးသွားတော့ လူထူထူမှာ လမ်းသလားရင်း ဘယ်လိုပဲ ကြာပစ်ပြပေမယ့်  ဈေးဆစ်တောင် မခံရရှာတဲ့မိန်းမ ။ ။

Read more »

Thit Kaung Eain – Poem

September 7, 2013
Thit Kaung Eain – Poem

သောင်ပြင်လွှတ်တဲ့ ကမ်းခြေ သစ်ကောင်းအိမ် စက်တင်ဘာ ၇၊ ၂၀၁၃ ငါးမန်းအုပ်တွေ လှည့်ပြန်သွားပြီထင်လို့ ဒဏ်ရာအတုတွေကို  ဘီကီနီဝတ်ပြီး သောင်စပ်ကိုဆင်းလာတဲ့  သူယောင်မယ်တသင်းနဲ့ သောင်မြင်တိုင်း သဲအိမ်ဆောက်ချင် … သောင်မြင်တိုင်း ခရုကောက်ချင်သူတွေနဲ့ တကမ်းလုံးအညို့ ….

Read more »

Thit Kaung Eain – Poem

September 6, 2013
Thit Kaung Eain – Poem

လက်နက်ချခြင်း သစ်ကောင်းအိမ် စက်တင်ဘာ ၆၊ ၂၀၁၃ တိမ်ပြာပြာနေ့များ … အတောင်မတူ အရောင်မတူ ကိုယ်တို့ချစ်ခင်နှစ်သက်သော ကျေးငှက်များ … ကျနော်တို့ကလေးများမှ ပျော်ရွှင်စွာလွှတ်တင်ထားသော ရောင်စုံစက္ကူစွန်များကလွဲ၍ ကောင်းကင်ထဲ တိုက်လေယာဉ်တွေ ပျံသန်းသွားတာကိုမမြင်ချင်လို့ လေယာဉ်ပစ်ဒုံးတွေကို...

Read more »

Thit Kaung Eain – Poem

August 30, 2013
Thit Kaung Eain – Poem

သုံးေ ယာ က်  သစ်ကောင်းအိမ် သြဂတ်စ် ၃၀၊ ၂၀၁၃ ရဲရင် မင်းဖြစ်တယ်ပြောသူကပြော ကြိုးစားရင်ဘုရားတောင်မှ ဖြစ်တယ်လို့ …. ဆိုသူကလည်းဆို ဖြစ်နိုင်ရင် တို့နှစ်ယောက်အချစ်နဲ့ ကမ္ဘာကြီးကို...

Read more »

Thit Kaung Eain – Poem

August 29, 2013
Thit Kaung Eain – Poem

လက်အိတ်စွပ်ရင်း သံဝေဂ သစ်ကောင်းအိမ် သြဂုတ် ၂၉၊ ၂၀၁၃ အညစ်အကြေးနဲ့ ထိတွေ့ဖန်များလေ အဲ့ဒီ လက်သည်းတွေဟာ ပိုမိုရှည်လျားမြန်ဆန်လေ ဗလာချည်းပဲပြန်ရမှာကိုသိလျက် ဗလာချည်းပဲနေဖို့ကလည်း ခက်လေတော့ အဲ့ဒီ ဗလာလက်ကြီးနဲ့ ကိုယ့်ရမ္မက်ကိုယ်ဆွ ဘဝဆိုတာ တကိုယ်ရည်...

Read more »

Thit Kaung Eain – Poem

August 13, 2013
Thit Kaung Eain – Poem

ဝစ်လစ်စလစ် အသဲကွဲခန်း သစ်ကောင်းအိမ် သြဂုတ် ၁၃၊ ၂၀၁၃ ငါချစ်ခင်တဲ့ သွေးကြောတွေ တချောင်းပြီး တချောင်း တထောင်းထောင်းပြတ်ထွက်ကုန်တဲ့အခါ ငါဟာ ဝစ်လစ်စလစ်ဂစ်တာ ငါယုံကြည်တဲ့ ဆားပွင့်တွေ တပွင့်ပြီးတပွင့် တလွင့်လွင့်အငွေ့ပျံ ဆားငန်နှုန်းတွေ ပျောက်ဆုံးသွားတဲ့အခါ...

Read more »

Thit Kaung Eain – Poem

August 4, 2013
Thit Kaung Eain – Poem

၈၈ မိုင် ရှုခင်း သစ်ကောင်းအိမ် သြဂုတ် ၄၊ ၂၀၁၃ မြင်ကွင်းကို နတ်သံနဲ့ ရီမစ်လုပ်ထားတဲ့ စစ်ချီသီချင်းနဲ့ စဖွင့်တယ် မြင်ကွင်းက လက်ဖျံရိုးထဲက ဖောက်ထွက်လာတဲ့ လောက်တကောင်နဲ့ စဖွင့်တယ် မြင်ကွင်းက မင်းနန္ဒာကြိမ်လုံးသံကြားရင်...

Read more »

လူလေးအတွက် တေး (Thit Kaung Eain)

December 9, 2012
လူလေးအတွက် တေး (Thit Kaung Eain)

လူလေးအတွက် တေး သစ်ကောင်းအိမ်၊ ဒီဇင်ဘာ ၉ ၊ ၂၀၁၂ နှစ်ချို့ငါးခူကြီးတွေစားရကံကြုံဖို့ အန္တရာယ်ကင်းဘေးရှင်း ရွှေတိဂုံဘုရားတောင်ဘက်မုခ်ခြေရင်းက ရေကန်ကြီးထဲ သက်စေ့လွှတ်ခံလိုက်ရတဲ့ ငါးတွေလို … မြေခွေးနဲ့ပေါင်းပြီး ကြက်မွေးမြူရေးလုပ်သလို ညီညွှတ်ရေးမှာ အချစ်ရေ…. တို့တတွေလွတ်မြောက်ကြ...

Read more »

Archives