သစ်ကောင်းအိမ်

Thit Kaung Eain – Poem

လက်အိတ်စွပ်ရင်း သံဝေဂ
သစ်ကောင်းအိမ်
သြဂုတ် ၂၉၊ ၂၀၁၃



အညစ်အကြေးနဲ့ ထိတွေ့ဖန်များလေ
အဲ့ဒီ လက်သည်းတွေဟာ ပိုမိုရှည်လျားမြန်ဆန်လေ
ဗလာချည်းပဲပြန်ရမှာကိုသိလျက်
ဗလာချည်းပဲနေဖို့ကလည်း ခက်လေတော့
အဲ့ဒီ ဗလာလက်ကြီးနဲ့
ကိုယ့်ရမ္မက်ကိုယ်ဆွ
ဘဝဆိုတာ
တကိုယ်ရည် အာသာဖြေခြင်းတမျိုးမျှ
လက်အိတ်စွပ်ရင်း
ရခဲ့တယ်…

လက်အိတ်စွပ်ခြင်း သံဝေဂ။       ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts