သစ်ကောင်းအိမ်

Thit Kaung Eain – Poem

သုံးေ ယာ က် 
သစ်ကောင်းအိမ်
သြဂတ်စ် ၃၀၊ ၂၀၁၃


ရဲရင် မင်းဖြစ်တယ်ပြောသူကပြော
ကြိုးစားရင်ဘုရားတောင်မှ ဖြစ်တယ်လို့ ….
ဆိုသူကလည်းဆို
ဖြစ်နိုင်ရင်
တို့နှစ်ယောက်အချစ်နဲ့
ကမ္ဘာကြီးကို
စစ်မက်ကင်းဝေးစေချင်တယ်
ဖြစ်နိုင်ရင်
တို့နှစ်ယောက်အချစ်နဲ့
ကမ္ဘာကြီးကို
စိမ်းလန်းငြိမ်းချမ်း
ကျန်းကျန်းမာမာ ရှိစေချင်တယ်
ဖြစ်နိုင်ရင်
ငါ့ကိုချစ်ရင် စစ်ကိုမုန်းပါ..ဆိုတဲ့
သီချင်းနဲ့
မနက်ခင်းတိုင်းမှာ
ကမ္ဘာ့နိုင်ငံတော်အလံကို
တင်ချင်တယ်
  
ဖြစ်ချင်တော့
သူဌေးကြီး မစ္စတာရှန်ဒရဲလားရဲ့
စာရင်းထဲလည်း
တို့နှစ်ယောက်ကမပါ
နုရင်ဘတ်ခုံရုံးပေါ်
စစ်ရှုံးခဲ့သူတွေထဲမှာလည်း သူတို့ကမပါ
ဖြစ်ချင်တော့
ပစ်မိန့်ရပြီးသား
သေမင်းတမန်
လက်ဖြောင့်သေနတ်သမားတွေ
အမဲလိုက်တမ်းကစားနေတဲ့
မိုင်းကွင်းထဲ
တို့နှစ်ယောက်က
တယောက်လက်ကို တယောက်ဆွဲ
ဖြတ်ပြေးနေတဲ့ သုံ့ပန်းနှစ်ယောက်
ကမ္ဘာကြီးနဲ့ပါဆိုရင်တော့
တို့သုံးယောက်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts