သစ်ကောင်းအိမ်

Thit Kaung Eain – Poem

တိမ်တွေထဲက ရေကူးသမား
သစ်ကောင်းအိမ်
စက်တင်ဘာ ၁၄၊ ၂၀၁၃


မြက်ပင်လေးတပင်ချင်းတောင်
အစိမ်းရောင်သမ်းပုံချင်းမတူတဲ့
မြက်ခင်းစိမ်းပေါ်မှာ
ပြန့်ကျဲနေတဲ့နေရောင်များ
တကွက်ချင်းစွန်းထင်းနေတဲ့
အဝါရောင်ချင်းတွေကလည်းမတူညီကြ..
မတတ်နိုင်ဘူး…
ရခဲတယ်
ရတာကိုပဲ ခဲထားမိတယ်။       ။

(၁၃။ စက်တင်ဘာ။ ၂၀၁၃)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts