ပြန်လည်ဆန်းသစ်ခြင်း

Dagon Tayar – Peace & Freedom

လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေး (Dagon Tayar)

ဒဂုန်တာရာ
ဇွန် ၁၇၊ ၂၀၁၃

(Illustration – Than Htay Maung)

ငြိမ်းချမ်းရေးဆိုသည်က မပြေလည်သော ပြဿနာများကို စွမ်းသောနည်းဖြင့် ဖြေရှင်းခြင်းကို ဆိုလိုသည်။ စစ်နည်းဖြင့် ရှင်းခြင်း မဟုတ်ပေ။ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရခဲပသည်။ လွတ်လပ်ရေးရခဲ့သည်မှစ၍ ဖူးပွင့်စဒီမိုကရေစိဆန်းစပြုပြီ။ သို့သော်မမျှော်လင့်ဘဲ ပြည်တွင်းစစ်နှင့် ကြုံခဲ့ရသည်။ ပြည်တွင်းစစ်သည် စစ်နည်းနှင့် ပြေရှင်းသော နည်းတစ်နည်း ဖြစ်သည်။

ကျွန်တော်ကတော့ ပြည်တွင်းစစ်သည် မဖြစ်သင့်သော အခြင်းအရာဟု နားလည်မိသည်။ ငြိမ်းချမ်းရေးမရှိလျှင် တိုင်းပြည်တိုးတက်ရေးလုပ်ရန် အခွင့်အလမ်းနည်းပါးသွားသည်။ တော်လှန်မှုဆိုသည်မှာ ကောင်းသော ပြောင်းခြင်း(သို့မဟုတ်) ပို၍ကောင်းသော ပြောင်းလဲခြင်းကို ဆိုလိုသည်။ အခြေခံပြောင်းလဲရေးလုပ်ရာတွင် ငြိမ်းချမ်းရေးရှိမှသာလျှင် လူသားပြည်သူတို့၏ စွမ်းအားကို လွတ်လပ်စွာသုံးစွဲနိုင်မည်သာဖြစ်သည်။ ထို့ကြောင့် ရန်သူမရှိ၊ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ၊ ချစ်သူသာရှိ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ။

ယင်းသည် ကျွန်တော်၏သမိုင်းအတွေ့အကြုံမှ ရရှိသော ဒဿနဖြစ်သည်။ စစ်သည် ဖျက်ဆီးသော ကိရိယာဖြစ်၍ ငြိမ်းချမ်းရေးသည် တည်ဆောက်သော ကိရိယာ။ ထို့ကြောင့်ပင်လျှင် ပြည်သူတိုင်းသည် ပင်ကိုယ်အားဖြင့် ငြိမ်းချမ်းရေးကိုမြတ်နိုးတောင့်တခြင်းဖြစ်သည်။ သို့ရာတွင် ငြိမ်းချမ်းရေးသည်သာလျှင် ကျွန်တော်တို့၏ ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံရေးအင်အားစု၊ အမျိုးသာအင်အားစုပါဝင်သော ပြည်ထောင်စုပြည်သူတို့၏ ဆန္ဒနှင့်ကိုက်ညီမည်ဖြစ်ပေသည်။

ငြိမ်းချမ်းရေးလက်ဝယ်ရရှိရုံဖြင့် အရာရာကိုဖြေရှင်းနီုင်မည်ဟု မျှော်လင့်ထား၍မရ။ မိမိတို့၏ တည်ဆောက်ရေးအစီအစဉ်တွင် အနှောက်အယှက်ဖြစ်ပေါ်လာသော ကိစ္စများပေါ်လာနီုင်သည်. . ။ ပေါ်လာသည့် ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းမည် ဆိုလျှင် နိုင်ငံတော် တ၀န်းသည် ငြိမ်းချမ်းရေးအရသာကို ပျော်ရွှင်စွာခံစားနိုင်မည်ဖြစ်သည်။

ငြိမ်းချမ်းရေး နည်းခြင်းသည် ညီညွတ်ရေးအားနည်းသောကြောင့်ဖြစ်သည်။ ညီညွတ်ရေးဆိုသည်က နီုင်ငံရေးနှင့် အမျိုးသာရေးအင်အားစု အားလုံးတို့ တွဲဖက်ကာ ပြည်ထောင်စုမြန်မာနီုင်ငံတော်၏ အကျိုးကိုဆောင်ရွက်ခြင်းဖြင့်သာလျှင် ငြိမ်းချမ်းရေးသည် ခိုင်မာလာမည်ဖြစ်သည်။

ယင်းအခြေအနေကို ညီညွတ်ရေးဟု ကျွန်တော်ကဆိုလိုရင်းဖြစ်သည်။ ကျွန်တော်တို့ အချင်းချင်းသည် မညီညွတ်နိုင်စရာ အကြောင်းမရှိ။ မဖြေရှင်းနိုင်စရာအကြောင်းမရှိ။ ငြိမ်းချမ်းသော နည်းဖြင့်ဖြေရှင်းခြင်းဖြင့်သာ ငြိမ်းချမ်းရေးကို တိုးတက်ခိုင်မာလာမည် ဖြစ်သည်။

ယင်းခိုင်မာတိုးတက်သလောက် လူသားအားလုံးတို့သည် လွတ်လပ်စွာမိမိတို့ စွမ်းအားကို ပို၍ဆောင်ရွက်ခြင်းဖြင့် မိမိတိုင်းပြည်၏ အကျိုး၊ ပြည်သူ၏ အကျိုးကိုဆောင်ရွက်နိုင်မည်ဟုာုံကြည်မိသည်။

လွတ်လပ်ရေးမရှိလျှင် ငြိမ်းချမ်းရေးလည်း ရှိနိုင်မည်မဟုတ်၊ ငြိမ်းချမ်းရေးမရှိလျှင် တိုင်းပြည်၏ တိုးတက်ရေး ဆောင်ရွက်နိုင်မည် မဟုတ်။ ငြိမ်းချမ်းရေးသည် အရာရာကိုဖန်တီးနိုင်သော အခြေအနေ၊ အရာရာကိုဖြေရှင်းနိုင်သော အခြေအနေဖြစ်သည်။ ငြိမ်းချမ်းရေးသည်သာလျှင် ပြည်သူတို့၏ တိုးတက်ရေးကို စွမ်းဆောင်နီုင်ပေမည်. ။ ငြိမ်းချမ်းရေးရှိမှသာလျှင် ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို ပြုနိုင်ပေမည်။ ငြိမ်းချမ်းရေးရှိမှသာလျှင် စီပွားရေးကိုလွတ်လပ်စွာဆောင်ရွက်နိုင်ပေမည်။

ထို့ကြောင့် ညီညွတ်ရေး၊ လွတ်လပ်ရေး(တန်းတူအခွင့်အရေးဖြင့် လွတ်လပ်ရေး) ငြိမ်းချမ်းရေး . . . . ။

::: နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကိုမိတ်ဆွေဖြစ်လာအောင် လုပ်တာ :::

ကျွန်တော်သည် သမိုင်းခေတ်များစွာကို ဖြတ်သန်းပြီးနောက် ယင်းဒဿနကို ရရှိလိုက်သည်. . . ။

ဒဂုန်တာရာ

(စာ၊ ၄၉-၅၁) နိုင်ငံရေးယဉ်ကျေးမှု

ဤနေရာမှ ပြန်လည်ကူးယူပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts