ရန်လင်းအောင်

Yan Linn Aung – Poem

နှမြောဖို့ကောင်းတဲ့လူတွေ
ရန်လင်းအောင်
သြဂုတ် ၂၆၊ ၂၀၁၃


နှမြောဖို့ကောင်းတဲ့လူတွေ
အများကြီးမွေးပါစေ ။
နှမြောဖို့ကောင်းတဲ့လူတွေ
ကျန်းကျန်းမာမာရှိကြပါစေ ။
နှမြောဖို့ကောင်းတဲ့လူတွေ
အသက်ရှည်ကြပါစေ။
နှမြောဖို့ကောင်းတဲ့လူတွေ
ဘုန်းကြီးပါစေ။
နှမြောဖို့ကောင်းတဲ့လူတွေ . . .
နှမြောဖို့ကောင်းတဲ့လူတွေ . . .
လွှင့်ပစ်ရက်စရာ တစ်စက်မှမရှိ
မိမိရရ ကျေးဇူးကြီးမားကြပါ၏
ရက်ရက်ရောရော တမ်းတမိပါ၏။
ဒါပဲပေါ့
ဘာအကြောင်းနဲ့မှ အပျောက်ရိုက်လို့
အစပျောက်မသွား
သေမင်းတောင်မမြင်တဲ့လမ်း
ရဲရဲယုံယုံဖေါက်လုပ်သွားတာ

နှမြောဖို့ကောင်းတဲ့လူတွေပေါ့။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts