ဆောင်းလူ

Saung Luu – Essay

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ငကြောင်
ဆောင်းလူ
သြဂတ်စ် ၂၇၊ ၂၀၁၃
+++++
မလွယ် …။ ကြောင်၏ ..။ လွန်လွန်းအောင်ကိုပင် ကြောင်လှ၏ …။ မျိုးနှင့်ရိုးနှင့်လည်းမဟုတ် …။ ကွက်ပြီးတော့မှသာ ကြောင်ခြင်းဖြစ် သည်..။ ထို့ကြောင့် တမူထူးသည် ..။ မလွယ် …။ ငကြောင်သည် ကြောင်လွန်းလှ၏ …။ 
မိဘအိမ်တွင်လည်း ငကြောင် ကြောင်ခဲ့၏ …။ လူလတ်တန်းစား မိသားစုဘ၀တွင် ထမင်းထဲရှိသည့် ဆန်ပိုးတို့အား ရွံရှာသည်ဟု အကြောင်း ပြကာ မစားပဲနေအောင် ကြောင်ခဲ့၏ ..။ ထမင်းစားသည့်အခါတွင်လည်း ခဲတလုံးကိုက်မိသည်နှင့် ငကြောင်ဆက်မစားလိုတော့ …။ ထမင်း ၀ိုင်းမှ ချက်ခြင်းလက်ငင်းပင် ထထွက်သွားလိုက်သည်ချည်း …။  မိဘတို့မျက်နှာကိုကား ငကြောင်လှည့်တောင်မကြည့်ခဲ့….။ ဗမာလူမျိုးတို့ ထုံးဓလေ့ … မိသားစုထမင်းဝိုင်းတွေ မပါမဖြစ် ပါရသည့် ငါးပိရည်ကျိုအား .. လောက်တွေနှင့်ဟုဆိုကာ ရွံ့ရွံ့ရှာရှာ ကြောင်ခဲ့၏ …။ ငါးပိနှင့် လောက် … ရွှေနှင့်ကျောက်ဟူသည့် ဗမာစကားပုံကိုလည်း ငကြောင်ရွံ့မုန်း၏ …။ 
ငကြောင်၏ ကြောင်ချက်သည်ကား လက်လန်လှ၏ …။ ရေစိုစို မြေစိုစိုတို့တွင် ပေါက်လေ့ရှိသည့် အဖိုးထိုက်တန်လှသည့် ကန်စွန်းရွက်တို့ အား .၀က်တို့စားသည်ဟုဆိုကာ ငကြောင်မစား …။ ရန်ကုန်ရွှေမြို့တော်ကြီးတွင် မြောင်းကျို မြောင်းကျား ..အိမ်သာကြို အိမ်သာကြားတွင် ပေါက်သည့် ကန်းစွန်းထွားထွားတို့အား … ဆိုင်ကြီး ကနားကြီးတွင် ကန်စွန်းပလိမ်းဟု နာမည်လှလှတပ် ဈေးကြီးပေးကာ ဘီယာတကျိုက် နှင့်မြည်းရသည်ကိုမှ ငကြောင်က ကန်စွန်းဟုထင်သည်။ နောင်မိန်းမရသည့်အခါတွင်ကား သောက်လုပ်သောက်ကိုင်မရှိသည့် ငကြောင် သည် လယ်ထဲ ယာထဲမှ ကန်းစွန်းတို့ကိုခူးကာ မိန်းမအား ဖားရသည်မှာအမော …။ ဤသည်မှာလည်း လည်လည်ဝယ်ဝယ်ရှိသည့် တိုင်း ရင်းသူ တောသူမိန်းမညွှန်ပြသည့်အတွက်သာ အလုပ်မရှိသည့်ငကြောင် စားသာနေခြင်းဖြစ်သည်။ 
ငကြောင်သည် ငါးမစား …ငါးမကြိုက် … ။ ငါးတို့သည် လူသတ္တ၀ါတွေပင်မစားသည့် ချီးနှင့် တီကောင်တို့ကိုစားသည့်အတွက် ငကြောင် မ သတီ …။ အရိုးများသည် ..ညှီလှသည်ဟုပင် ထပ်မံအကြောင်းပြလိုက်သေးသည် ..။ ထပ်ကွန့်လာပါက .. ခြေထောက်မပါ၍ မစားခြင်း ဖြစ်သည်ဟု ဆင်ခြေတက်မည်ဟု ငကြောင်တွေးထားမိ၏ …။ 
ငကြောင်သည်ကား … ငယ်ငယ်ဘ၀ထဲတွင်ကပင် ကြောင်လှ၏ …။ 
အလှပအပ ကြိုက်တတ်၏ …။ 
အနုအရွ ကြိုက်တတ်၏ ….။ 
ရွံတတ် ရွဲ့တတ်၏ …။ 
အနှီတို့သည်ကား ငကြောင်၏ ငယ်ဘ၀ တစိတ်တဒေသ ကြောင်ချက်များသာ …။ ထို့ထက်များပြားလှသည့် ငကြောင်၏ ကြောင်ချက်တို့ကို  သိပါက ငကြောင်အား သောက်ရူးစာရင်းတွင် သွင်းနိုင်ကြကုန်၏ …။ 
ခုတလော ငကြောင် နည်းနည်းထပ်ကြောင်လာသည် …။ ကန်ဇွန်းရွက်နှင့် ကြက်ဥသာစားရသည့် တောဇနပုဒ်မှ နေ့ချင်း ညချင်း ရွှေမြို့တော် ကြီးဆီသို့ရောက်လာသည့်အခါတွင် .. ငကြောင်၏စိတ်တို့သည် ပုံမှန်မဟုတ် …။ 
လူပျိုယောင်ယောင် ဘာယောင်ယောင်နှင့် နိုက်ကလပ်လေး တက်ချင်လာသည်။ အညောင်းပြေအညာပြေ မျက်လုံးလေး ကစားချင်လာ၏ …။ အိမ်ကမဟေသီမသိအောင် ဇယားလေးတွေ ညိချင်လာသည်။ ငကြောင်၏ ဖွန်ချဉ်ခြင်းတို့သည် ပြင်းလှ၏ …။ မလွယ် …။ 
ထို့အတူ .. အားအားရှိ… လတ်ယား လတ်ယားနှင့် ဖေ့ဘုတ်တွင်တက်ကာ .. နကန်းတလုံးမှမသိသည့် နိုင်ငံရေးအား ဟို ဒီ …စာအုပ်များ ဖတ်၊ အတိတ်နှင့် ပစ္စုပ္ဗန်တောင် ကွဲအောင်မသိတဲ့ အေဘီစီ ဘလွတ်တဲ့ ရွတ်ရှဲ့တွေနှင့် .. တွေ့သမျှ .. မြင်သမျှ .. မှတ်ကာ ..သားကား .. ၀င်ကွန့်လိုက် .. ၀င်မန့်လိုက် … အဆင်ပြေရင် လိုက်ခ်လုပ်လိုက်နှင့် …. ငကြောင်သည်ကား ပျော်လျှက်ရှိ၏ …။ 
ငကြောင်သိ၏ .. ဤရက်များတွင် ..ထူးထူးခြားခြား …ငကြောင် ချဉ်ခြင်းတပ်နေသည်ကား … ဖားခြင်းတည်း …။ 
ငကြောင် ဖားချင်နေ၏ ..။ 
ငကြောင် ယားချင်နေ၏ …။ 
ဖားယားခြင်းဟူသည် တဖက်လူအတွက် ကောင်းခြင်းဖြစ်သလို .. ငကြောင်အတွက်သည်လည်း အကျိုးအမြတ် တစုံတရာရှိခြင်းပင် မဟုတ်ပါလော …။ 
ကျနော် ငကြောင်သည်ကား ..ဖားယားပြီး ..နောက်တဆင့်ဖြစ်သည့် …ကြောင်းဖားအဆင့်ဆီသို့ … စိတ်ကူးယဉ်လျှက်ရှိ၏။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts