Op-Ed

Wuttmone – Opinion on Suu visit to Singapore

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူလာမည့်သတင်းထွက်နေသည်နှင့် ပတ်သက်၍
ဝတ်မှုန် ၊ သြဂုတ် ၂၈၊ ၂၀၁၃
စင်ကာပူကို စက်တင်ဘာ၂၂ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် ရောက်မယ်။ NTU တက္ကသိုလ်မှာ ဟောပြောပွဲလုပ်မယ်။ အခမ်းအနားကြီးတစ်ခုကိုလည်း မြန်မာကလပ်အသင်းက လူတစ်ယောက်ကို ဒေါ်လာ၅၀၊ ဒေါ်လာ၁၀၀ အတန်း၂ခုခွဲပြီး လက်မှတ်ရောင်းမယ်လို့ ကောလဟာလလား၊ တကယ်လား သတင်းထွက်နေပါတယ်။ ထုံးစံအတိုင်း SMS, Email အပြင် ဖေ့စ်ဘုတ်၊ တွီတာ စသည်မှာလည်း ရေးပြီးကွန်မင့်ပေးနေကြပါတယ်။

အစိုးရဝန်ကြီး ဦးအောင်မင်းတို့ Myanmar Transitional Platform  MTP  အမေးအဖြေ၊ လုပ်စဉ်က ဝန်ကြေးပေးစရာမလိုပဲ လူတိုင်းဦးရာလူစနစ်နဲ့ အွန်လိုင်းမှတ်ပုံတင်ခိုင်းပါတယ်။ စင်ကာပူမှာ ရှိတဲ့ မြန်မာအဖွဲ့အစည်းများကို လက်မှတ်များဝေငှ ပေးအပ်ခဲ့ပါတယ်။ တက်ရောက်နားထောင်လိုသူ များလွန်းလို့ အွန်လိုင်းမှာ ခဏအတွင်း လက်မှတ်ကုန်သွားပါတယ်။

အခုပွဲတော့ လက်မှတ်မရောင်းပါစေနဲ့လို့ မျော်လင့်ပါတယ်။ တကယ် စိတ်ဝင်စားသူများ တက်ရောက်၊ နားထောင်၊ မေးမြန်း၊ ဆွေးနွေးကြဖို့ မျှော်လင့်ပါတယ်။

မနေ့ကပဲ မြန်မာပြည်က နိုင်ငံရေးစိတ်ရှိတဲ့၊ လုပ်ငန်းရှင်တစ်ဦးနဲ့ ဆွေးနွေးတော့ ဘာကြောင် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူကို မလာဖြစ်သေးသလဲ ဆိုတာကို ဖြေတယ်။ စင်ကာပူက လီကွမ်းယူကို ဒေါ်အောင်ဆန်းစုကြည်က အမြင်မရှင်းသေးလို့ထင်တယ် ဖြေတယ်။ လီကွမ်းယူဆိုတာ အခု စင်ကာပူကို အုပ်ချုပ်သူမဟုတ်သော်လည်း သူ့ရဲ့သား လီရန်လုံးအုပ်ချုပ်နေတဲ့အတွက် မြန်မာပြည်အပေါ်ထားတဲ့ စင်ကာပူပေါ်လစီက ပြောင်းမယ်မဟုတ်ပါဘူး။

စင်ကာပူမှာလည်း မြန်မာအစိုးရ အသိအမှတ်ပြုမဲ့ မြန်မာအဖွဲ့အစည်းများစွာ ပေါ်ထွန်းလာဖို့ လိုပါတယ်။ အထူးသဖြင့် အင်ဂျင်နီယာလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သူနာပြုဆေးလုပ်ငန်း၊ ပညာရေးလုပ်ငန်းများမှာ စင်ကာပူဟာ ကမ္ဘာ့အဆင့်နီးပါး ငွေကြေးအားဖြင့် မီပါတယ်။ သို့သော် လူ့အခွင့်အရေးအနေနဲ့တော့ လူတွေ တစ်နေ့ ၁၂နာရီလောက် ကုန်းရုန်းလုပ်နေပြီး၊ လူ့အခွင့်ရေး ပါဝင်ဖို့အချိန်မပေးနိုင်အောင် ဖြစ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။

ဒီစင်ကာပူမှာ အချိန်မရှိတဲ့ကြားက အမျိုးသားစိတ်ရှိတဲ့၊ မြန်မာ့အရေးအထူးစိတ်ဝင်စားတဲ့အဖွဲ့တစ်ခု ၂၀၀၆ မှာ အခိုင်အမာပေါ်ထွက်လာခဲ့ပါတယ်။  အိုးဝေသင်္ကြန် ၂၀၀၅။ ၂၀၀၆၊ ၂၀၀၇၊ သံဃာအရေးခင်း၊ နာဂစ်၊ Vote No မြန်မာသံရုံးသို့ ကန့်ကွန်ခြင်း၊ … သီးလေးသီးအငြိမ့်၊ ဇာဂနာ၊ စာပေးဟောပွဲပွဲများ၊ အခွန်မပေးရေး Double Tax Avoid၊ ဒီလူတွေ တော်တော်များများ စင်ကာပူအစိုးရက နှင်ထုတ်ပြီးပါပြီ။

တကယ်ပဲ ဒေါ်အောင်ဆန်းစုကြည် စင်ကာပူကို ဟောပြောပွဲတွေလာလုပ်မယ်ဆိုရင်.. ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်င်အယ်ဒီ အဖွဲ့များ ကိုပြောစေချင်ပါတယ်။ ဝင်ကြေးနဲ့တော့ မလုပ်ပါနဲ့။ MPT အဖွဲ့ စီစဉ်သလို အလွှာပေါင်းစုံ၊ ပါဝင်အောင် လက်မှတ်လေးတွေစီစဉ်ကြဖို့ ပြောပေးစေလိုပါတယ်။ စင်ကာပူက ငွေကြေးအမြတ်စွန်းလိုရသူများ ငွေကြေးလိုအပ်နေတဲ့ အန်င်အယ်လ်ဒီအဖွဲ့အတွက် ရံပုံငွေရအောင် လုပ်တဲ့နည်းမျာ ဒေါ်အောင်ဆန်းစုကြည်ကို ပြပြီး လက်မှတ်ရောင်းတာတော့ မသင့်တော်ပါဘူး။
အမေရိကန်သမ္မတ၊ စင်ကာပူဝန်ကြီးချုပ်တွေ ဟောပြောပွဲလုပ်ရင် ဘယ်တော့မှ အခကြေးငွေ နဲ့ ဝင်ခွင့်မရောင်းပါဘူး။ အဲ… ex-President, ex-Minister တွေ ဟောပြောပွဲလုပ်ရင်တော့ အခကြေးနဲ့ ဝင်ကြေးလုပ်လေ့ရှိကြတယ်။ ဒေါ်အောင်ဆန်းစုကြည်များ ex ဖြစ်နေပြီလားခင်ဗျာ…။

ဝတ်မှုန် (၂၈-သြဂုတ်-၂၀၁၃)
(Photo – NLD Facebook)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts