International News

Thought to be lost Bay Area Burmese found again on Facebook

ပျောက်နေတယ်ဆိုတဲ့ ကျော်လင်းထက်ကို ပြန်တွေ့ပြီ ဟုဆို
မိုးမခရွာဆော်ကြီး၊ စက်တင်ဘာ ၆၊ ၂၀၁၃

           သြဂုတ် ၈ ရက်နေ့ကတည်းက အဆက်အသွယ် မရတဲ့  ဘေးဧရိယာက မြန်မာလူငယ် ကျော်လင်းထက် ပျေက်ဆုံးနေကြောင်း အီးမေးများ၊ ကြော်ငြာများ သြဂုတ် ၂၀ ရက်နေ့က ထွက်ရှိခဲ့ပြီး စက်တင်ဘာ ၂ မှာ မိုးမခအွန်လိုင်းသတင်းမှာလည်း (http://moemaka.com/archives/37764)  ပါလာခဲ့ပါတယ်။ အဲသည် စက်တင်ဘာ ၂ ရက်စွဲနေ့ပဲ ၎င်းရဲ့ ဖေ့စ်ဘွတ်မှာ သူက “ငါ သူများတွေ အလုပ်ရှုပ်အောင် လုပ်လိုက်မိတယ်” လို့ အဓိပ္ပါယ်ရတဲ့ စာကို အင်္ဂလိပ်ဘာသာရေး ပို့စ်လုပ်ပြီး တင်ထားတာကို တွေ့ရပါတယ်။ အဲသည်နောက်ပိုင်း သူ့မိတ်ဆွေတချို့ကို ဆက်သွယ်ရာမှာ သူ့ကို ပြန်တွေ့ပြီ၊ အဆက်အသွယ်ရပြီလို့ ပြန်ပြောကြတယ်လို့ ကိုထွန်းမြတ်ဦးက မိုးမခကို အကြောင်းကြားပါတယ်။ 
          သူနဲ့ မိသားစုတွေ မိတ်ဆွေတွေ ဘာကြောင့် အဆက်အသွယ် ပြတ်တောက်သွားရတယ်၊ စိုးရိမ်သူတွေက လူပျေက်ကြော်ငြာထုတ်ပြန်ပြီး ရှာဖွေနေရတယ်ဆိုတဲ့ အသေးစိတ် အကြောင်းအရင်းကို မသိရပေမယ့် သူ့ဖေ့စ်ဘွတ်မှာ မိတ်ဆွေတွေကတော့ သူနဲ့ ပြန်အဆက်အသွယ်ရတာကို ၀မ်းမြောက်ကြောင်း၊ သူ့ကို အားပေးတဲ့အကြောင်း စာတွေ ရေးသားထားကြတာကို တွေ့ရပါတယ်။
           http://www.namus.gov/ ဆိုတဲ့ အမေရိကန်အစိုးရရဲ့ လူပျောက်စာရင်းဌာန အလိုအရ ၂၀၁၂ သြဂုတ်လမှာတင် လူ ၁သောင်း ၁ထောင် ကျော် ပျောက်ဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲသည်က လူ ၃၀၀၀ ကျော်ကို ပြန်ရှာတွေ့ပြီး ကျန်သူတွေကို လူပျောက်စာရင်းထဲ ထည့်ထားရတယ်လို့ သိရပါတယ်။ တနိုင်ငံလုံးမှာ လူပျောက်ကြော်ငြာပြီး ဆက်လက်ရှာဖွေဆဲ စာရင်းသွင်းထားတဲ့သူ ၁ သိန်း လောက် ရှိတယ်လို့ ခန့်မှန်းပါတယ်။ အဲသည် နှစ်မှာတင်ပဲ အမည်မဖော်နိုင်တဲ့ လူအလောင်း ၄၄၀၀ စာရင်း ရှိခဲ့တယ်လို့ ပြောပါတယ်။  ပြင်ပ၀က်ဆိုက်များအဆိုအရ အမေရိကန်မှာ ကလေးများ၊ မိန်းမများအပါအ၀င် တနေ့ကို လူ ၂၃၀၀ ခန့် ပျောက်နေတယ်၊ အိမ်ပြန်မလာကြဘူး လို့ ဆိုပါတယ်။ အဲသည်အထဲမှာ ပြန်ပေးဆွဲခံရတာတွေ၊ မတရားဖမ်းဆီးချုပ်နှောင်ခံရတာတွေလည်း ပါတယ်လို့ ဆိုပါတယ်။
(photo – his facebook, Kyaw Lin Htat seen in one of Burmese community event)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts