Poems

O Aung – Last Year

ပြီးခဲ့တဲ့နှစ်
အိုအောင်
ဝဲ – မောင်ချောနွယ် (၁၉၄၉-၂၀၀၂)၊ ယာ – ခင်ဝမ်း (၁၉၄၇-၂၀၀၀)။ ဓာတ်ပုံ မျှဝေသူ – Doney MP
မောင်ချောနွယ် မရှိတော့ဘူး၊
ခင်ဝမ်း မရှိတော့ဘူး၊
ထူးအိမ်သင် မရှိတော့ဘူး၊
မိုးမိုး (အင်းလျား) မရှိတော့ဘူး၊
မင်းသားကြီးထွန်းဝေ မရှိတော့ဘူး၊
သစ္စာပန်းများနဲ့ မေလ ၁ ရှိတုန်းပဲ၊
တောကျီးကန်းလေးရဲ့ အိမ်မက် ၂ ရှိတုန်းပဲ၊
ရာဇဝင်များရဲ့သူတို့သမီး ၃ ရှိတုန်းပဲ၊
ငြိမ်းကိုရှက်ပါ ၄ ရှိတုန်းပဲ၊
ဖြေလျော့ခွေ ၅ ရှိတုန်းပဲ…။
အိုအောင်
(ပိတောက်ပွင့်သစ် မဂ္ဂဇင်း၊ မတ်လ၊ ၂၀၁၁ မှ တဆင့် ကူးယူဖော်ပြသည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts