ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံး၌ ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်
ဟန်သစ်နိုင် ။ စက်တင်ဘာ (၇) ရက် ၂၀၁၃
စက်တင်ဘာ (၇) ရက် နေ့လည် ၂ နာရီတွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံး၌ လုပ်ငန်းကော်မတီ ဖွဲ့စည်းရေးနှင့် ပြင်ဆင်ရေးအကြိုကော်မတီမှ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ၄င်းဆွေးနွေးပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရေး၊ ဖယ်ထရယ်ပြည်ထောင်စု ဖွဲ့စည်းရေး၊ တိုင်းရင်းသားပေါင်းစုံ ပါဝင်နိုင်ရေးအတွက် အမျိုးသားညီလာခံခေါ်ယူနိုင်ရေး ဆွေးနွေးခဲ့ကြသည်။
စက်တင်ဘာ ၂၅ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွှေဝါရောင်သံဃာအထိမ်းမှတ်ပွဲအတွ