Uncategorized

Witthmoe (Singpore) – Articles

စည်းကမ်းကျစွာလက်မှတ်ဝယ်ရန်တန်းစီနေသောမြန်မာများနှင့်လက်ကမ်းပိုစတာ 
(ပင်နီစူလာပလာစာ၊ စင်ကာပူ)
ဝတ်မှုန် (စင်ကာပူ)
စက်တင်ဘာ ၁၅၊ ၂၀၁၃


မြန်မာကလပ်ကို စင်ကာပူအစိုးရက ကျင်းပခွင့်ပေးသော ဒေါ်အောင်ဆန်းစုကြည်နှင့်မြန်မာလူမျိုး ၅၀၀၀ လူဦးရေငါးထောင်ကျော်ဆန့်သောတွေ့ဆုံပွဲကို ၂၂-စက်တင်ဘာ (တနင်္ဂနွေ) မနက် 8-11am တွင်ကျင်းပမည်။ ထိုပွဲအတွက် မြန်မာအဖွဲ့အစည်း ၄၅ခုနှင့် ညှနှိုင်းမှုများလုပ်ပြီး လက်မှတ်တစ်စောင် ဒေါ်လာ၃၀ဖြင့် စရိတ်ကြေရုံရောင်းချပေးရန်ဆုံးဖြတ်ခဲ့သည်။ အဖွဲ့အစည်းများအတွက် လက်မှတ် တစ်ထောင် ခွဲတမ်းချပေးပြီး၊ ကျန်လက်မှတ်၄၀၀၀ကျော်ကို ၃ရက်အချိန်သတ်မှတ်ရောင်းချခဲ့သည်။ လူတစ်ယောက်လျှင်၂စောင် မိမိနှင့်အခြားတစ်ဦးမှတ်ပုံတင်ပြသူများကို ရောင်းချခဲ့ရ၊ အရောင်းအားကောင်းလှပေသည်။ အခက်အခဲများသိပ်မရှိလှပါ။ စင်ကာပူရှိမြန်မာများသည် စည်းကမ်းတကျရှိရန် ပုဂ္ဂလိကလုံခြုံရေးနှင့် စင်ကာပူရဲအဖွဲ့များက စောင့်ကြည့်သောကြောင့် စည်းကမ်းရှိစွာ၊ လက်မှတ်ဝယ်ပြီး၊ ကြည့်ရှုရာတွင်လည်း စည်းကမ်းရှိမည်ဟု မျှော်လင့်သည်။ ပွဲစီစဉ်ခွင့်ရသူ မြန်မာကလပ်မှ စိုးရိမ်မှုလွန်ကဲပြီး စည်းကမ်းများလွန်းလှသောကြောင့် မြန်မာစစ်အစိုးရဟောင်း၏ ဥပဒေကဲ့သို့အာဏာတည်သော စည်းကမ်းအမိန့်များစွာကို သတိရသည်။ နောက်ကြောင်းပြန်နေသလား ရယ်စရာကဲ့သို့ဖြစ်နေသော်လည်း မြန်မာလူမျိုးများမှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရမည်ဖြစ်သောကြောင့် ထုတ်သမျှစည်းကမ်းကို လိုက်နာနေကြသည်ကို တွေ့ရပါသည်။
Singapore Summit ၃ရက်တာကျင်းပမည့် ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းပြောပါသည်။ ၃ရက်တာအစီအစဉ်တွင် ကုမ္ပကြီး၊အဖွဲ့အစည်းပေါင်း ၂၁ခုမှ ဥက္ကဌ၊အကြီးအကဲများ စကားပြောကြမည်။ မြန်မာနောက်တစ်ဦး သန့်မြင့်ဦး (ကုလအကြီးကဲဟောင်း ဦးသန့်၏မြေးဖြစ်သူ၊ သမိုင်းပညာရှင်လဲ စကားပြောမည့်သူများတွင် ပါဝင်သည်။ ဂျပန်ဘဏ်ကြီးတစ်ခုအကြီးအကဲ၊ တရုပ်သတင်းစာတစ်ခု၏ အယ်ဒီတာချုပ်လည်းပါဝင်သည်။ နောက်ဆုံးအပိတ် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျော့ခ်ျယိုး စကားပြောမည်ဖြစ်သည်။ အခြားစကားပြောဆိုမည့်သူများအားလုံးမှာ ဖိတ်ကြားခံရသူ၊ စီးပွားရေး၊ ရင်းနှီးမြှတ်နှံကုမ္ပဏီကြီးများ၏ အကြီးကဲများဖြစ်သည်။ လာရောက်နားထောင်မည့်သူများလည်း အထူးသီးသန့်ဖိတ်ကြားခံရသူများဖြစ်သည်။ လက်မှတ်မရောင်းပါ။ သတင်းဌာနများကို ခွင့်မပြုပါ။ စင်ကာပူအစိုးရက ဖိတ်ကြားသောသတင်းဌာနများသာ လာရောက်ခွင့်ရှိသည်။ မြန်မာဘယ်နှစ်ယောက်ကို ဖိတ်ကြားသည်မသိရပါ။ ဒေါ်အောင်ဆန်းစုကြည်အဖွဲ့၊ ဦးသန့်မြင့်ဦးအဖွဲ့၊ မြန်မာသံရုံးနှင့် မြန်မာကလပ် များမှာ သီးသန့်ဖိတ်ကြားခံရမည်ဖြစ်သည်။ 
မြန်မာများအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံပွဲတွင် အားလုံးပျော်ရွှင်ချမ်းမြေ့ရန်မျှော်လင့်ပါသည်။ မြန်မာကလပ်နှင့်မြန်မာအဖွဲ့အစည်းများ၊ လက်မှတ်ဝယ်ယူအားပေးသော မြန်မာအားလုံးကိုလည်း ကျေးဇူးတင်ပါသည်။ လက်မှတ်များအားလုံးကုန်သွားပါက မြန်မာကလပ်အနေနှင့် မကြည့်လိုက်ရသူများအတွက် LIVE အင်တာနက်မှထုတ်လွှင့်နိုင်ပါစေဟု ဆုတောင်းလိုက်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သည့် အမြင်များကို သက်ဆိုင်ရာဖေ့စ်ဘုတ်များမှ ကူးယူတင်ပြလိုက်ပါသည်။
ဝတ်မှုန် (၁၅-စက်တင်ဘာ-၂၀၁၃)
******************
● ၁၄-စက်တင်ဘာ 
အေးငြိမ်း
သတိပေးခြင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူရောက်မြန်မာများ တွေ့ဆုံပွဲကို Resort World Sentosa တွင် ၂၀၁၃ ခုနှစ်။ စက်တင်ဘာလ ၂၂ ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၉ နာရီခွဲမှ ၁၁ နာရီထိ ကျင်းပပါမည်။ လက်မှတ်ရောင်းတာ အားလုံးသိပြီးဖြစ်သည့်အတိုင်း သောကြာနေ့ (စောင်ရေ ၁၀၀၀)၊ စနေ (စောင်ရေ ၁၅၀၀)၊ နက်ဖြန် တနင်္ဂနွေ (စောင်ရေ ၁၅၀၀) ကို ပင်နင်စူလာတွင် ရောင်းပါမည်။ အသေးစိတ်ကို Myanmar Club Singapore Face Book Page တွင်ကြည့်နိုင်သော်လည်း ကျွန်တော်က အထူးသတိထားရမည့်အရာများ ကို ပြောလို၍ ရေးခြင်းဖြစ်ပါ၏။
၁။ ဘတ်စ်ကားများစီစဉ်ပေးပါလိမ့်မည်။ ဘယ်နေရာရယ်လို့ အတိအကျမသိသေးပါ။ မြန်မာကလပ် ဖေ့စ်ဘွတ်တွင် ကြေငြာလိမ့်မည် ထင်ပါသည်။
၂။ ကင်မရာ၊ ဗီဒီယိုကင်မရာ၊ အစားအသောက်၊ ရေဘူး၊ ပန်းစည်းများ၊ Bannerများကို လုံးဝယူဆောင်ခွင့်ပြုလိမ့်မည် မဟုတ်ပါ။ အကယ်၍ ထိုပစ္စည်းများယူလာသဖြင့် ထားစရာနေရာမရှိပါက ၀င်ခွင့်မပြုသောကြောင့် လှည့်ပြန်သွားရပါ လိမ့်မည်။ လက်မှတ်ပေါ်တွင်လည်း ရေးထားသည်ဟု ဆိုပါသည်။
၃။ ၀င်ပြီးပြန်ထွက်၍ မရပါ။ တစ်လမ်းသွားဖြစ်ပါသည်။
၎။ အိတ်များကို ရှာပါလိမ့်မည်။ စိတ်မဆိုးပါနှင့်။ လုံခြုံရေးအရဖြစ်ပါသည်။
(သည်လောက်တော့ ပြောခွင့်ပြုပါခင်ဗျား။ အခြားအချက်များကို မြန်မာကလပ်က ကြေငြာပါလိမ့်မည်။ ကျွန်တော်က ပြောရေးဆိုခွင့်ရှိသူမဟုတ်သဖြင့် သူတို့မကြေငြာခင် အကုန်လျှောက်ပြောလို့မဖြစ်ပါ။)
******************
● ၁၃-စက်တင်ဘာ 
မြန်မာကလပ်(စင်ကာပူ) 
– ပထမဆုံးနေ့အဖြစ် လက်မှတ် စောင်ရေ (၁၀၀၀) အား စတင်ရောင်းချ ပေးခဲ့ရာ အချိန်တိုအတွင်း ရောင်းကုန်ခဲ့ပါသည်။
– (၁၄/၀၉/၁၃) စနေနေ့ အတွက် လက်မှတ်စောင်ရေ (၁၅၀၀) အား နေ့လည် (၁)နာရီမှ စတင်၍ တိုကင်နံပါတ်ပေး ရောင်းချသွားမည်ဖြစ်ပါသည်။ 
– လာရောက်တန်းစီဝယ်ယူမည့်သူနှင့် ကိုယ်စားဝယ်ယူပေးမည့်သူတို့၏ IC မူရင်းကဒ်ပြားများယူဆောင်လာမှသာ လက်မှတ်ဝယ်ယူနိုင်မည်ဖြစ်ပါသည်။
– အချိန်ကြန့်ကြာမှုမရှိပဲ လက်မှတ်များ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရန်အတွက် စင်္ကာပူနိုင်ငံရှိ မြန်မာမိသားစုများအားလုံး စည်းစံနစ်တကျ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခြင်းအတွက်ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်…..။
စင်ကာပူက မြန်မာများ စောင့်မျှော်နေတဲ့ လက်မှတ်သတင်း မြန်မာကလပ်မှ ကြေငြာလိုက်ပါပြီ။ လူဦးရေ ကန့်သတ်ထားပါတယ်။ 
လက်မှတ် ဝယ်ယူရန်
နေရာ ။ ။ ပင်နီဆူးလား (၅) လွှာ အခန်း နံပါတ် (၃၇)
လက်မှတ်ရောင်းမည့် နေ့ရက် နှင့် အချိန် ။ ။
• စက်တင်ဘာ (၁၃) ရက် သောကြာနေ့ ၊ ညနေ (၅) နာရီ မှ ည (၈) နာရီ ခွဲ
• စက်တင်ဘာ (၁၄) ရက် စနေနေ့ ၊ မွန်းလွှဲ (၁) နာရီ မှ ည (၈) နာရီ ခွဲ
• စက်တင်ဘာ (၁၅) ရက် တနင်္ဂနွေနေ့ ၊ မွန်းလွှဲ (၁) နာရီ မှ ည (၈) နာရီ ခွဲ
လက်မှတ်ဈေးနှုန်း ။ ။ SGD $30 (ခန်းမငှားခကုန်ကျစရိတ်အတွက် ကောက်ခံခြင်းဖြစ်ပါတယ်)
မှတ်ချက် ။ ။
• မိမိ၏ Singapore IC (WP/SPass/EP/PR/Ex-Myanmar Citizen) ကဒ် ယူဆောင်လာပါရန်
• တန်းစီသူတစ်ဦးလျှင် Singapore IC (WP/SPass/EP/PR/Ex-Myanmar Citizen) (original) နှစ်ကဒ် ပြ၍ လက်မှတ် (၂) စောင်အထိ ဝယ်ယူခွင့်ရှိသည်
• CASH only
• တွေ့ဆုံပွဲနေ့ရက်တွင် ၅ နှစ်အောက် ကလေးငယ်များခေါ်ဆောင်လာခြင်း သည်းခံပါ။
******************
● ၁၄-စက်တင်ဘာ
လင်းလက်ကြယ်စင်
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲ လက်မှတ်ဝယ်ယူရန် ပန်နီဆူးလားပလာဇာတွင် စည်းကမ်းတကျ တန်းစီနေသော စင်္ကာပူမှ မြန်မာများ အခုလိုမျိုး စည်းကမ်းရှိရှိ တန်းစီကြပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချင်ကြတဲ့ ကျွန်မတို့ မြန်မာနိုင်ငံသားတွေကို မြင်ရတာ ၀မ်းသာကြည်နူးလိုက်တာ … 
လက်မှတ်ဝယ်ယူရန် အသေးစိပ်အချက်အလက်များကို ကျွန်မ ဒီပို့စ်မှာ ဖော်ပြထားပါတယ်။ 
******************
● ၁၄-စက်တင်ဘာ
စိုးထွန်း 
လေးစားစွာ အသိပေးခြင်း
၁၀ ရက် စက်တင်ဘာလ ၂၀၁၃ အစည်းအဝေးတွင် လုပ်အားပေးသူများနှင့် ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများ ရှင်းလင်း ပြောကြားခဲ့ရာ စိတ်မချမ်းမြေ့စရာများ ဖြစ်ပေါ်ခဲ့ခြင်းအပေါ် ကျွန်တော် နုတ်တ်အဖြစ် ရေးတင်ခဲ့ပါသည်။
ယခုအခါ မြန်မာကလပ်မှ လူကြီးမင်းနှင့် ဖုန်းဆက်သွယ် ပြောဆိုပြီး၍ ၎င်းအနေဖြင့်တမင် ရည်ရွယ်ပြောခဲ့ခြင်း မဟုတ်သည့်အတွက် အားလုံး စိတ်ချမ်းမြေ့ရေး၊ ညီညွှတ်ရေး ရှေးရှုကာ နောက်အစည်းအဝေးတွင် ၎င်းအဖြစ်အပျက်နှင့် ပတ်သက်၍ လုပ်အားပေး တက်ရောက်လာသူများအား စိတ်ကျေနပ်အောင် ပြန်လည် ပြောကြားမည်ဖြစ်ကြောင်း လူကြီးလူကောင်း ပီသစွာ ပြောဆိုခဲ့ပါသည်။
ထို့ကြောင့် မြန်မာကလပ်မှ လူကြီးမင်း၏ လူကြီးလူကောင်း ပီသသော ပြုမှုချက်အား လေးစားကြိုဆိုပါသဖြင့် ကျွန်တော်ရေးခဲ့သော နုတ်တ်အား ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း ရွှေမြန်မာများအား အသိပေးအပ်ပါသည်။
မှတ်ချက်။ ဤစာကိုလည်း မနက်ဖြန်ထိသာ ထားရှိပြီး ပြန်လည် ရုပ်သိမ်းမည် ဖြစ်ပါသည်။
Thaung Thansu ကျွန်တော်ကတော့ မဖျက်ဘူးဗျာ… တင်လိုက် ဖျက်လိုက်နဲ့ အလုပ်ရှုပ်တယ်.. ကိုယ်ပြောတာ ကိုယ့်သမိုင်း..ပြောတာက တပိုင်း တောင်းပန်တာက တပိုင်း.. တောင်းပန်တိုင်း ဖျက်ပြစ်လိုက် လုပ်ရင် သမိုင်းလိမ်ကြီးဖြစ်သွားမပေါ့..။ တမင်ရည်ရွယ်ပြီး ပြောတာမဟုတ်ပေမယ့် မပြောသင့်ဘူးဆိုတာ အလေးမထားခဲ့ဘူးဆိုတာသေချာတယ်။ အဲဒီတော့ နောက်ဆို သတိထားသင့်တယ်။ မဟုတ်ရင် တောင်းပန်လိုက် ခေါက်လိုက်နဲ့ ဘုန်းကြီး ခေါင်း ဘုတွေ သိပ်များလိမ့်မယ်.
******************
● ၁၄-စက်တင်ဘာ
Daw Aung San Suu Kyi Meeting With Myanmar Family Singapore 
Aung K. Thaike
ဒီနေ့လက်မှတ်ကိုတွေ့ရတာကတော့ Central Entrance Door က၀င် ရမဲ့သူတွေအတွက်လက်မှတ်တွေဖြစ်ပြီး လက်မှတ်အောက်ခြေမှာ စီးရမယ့် Shuttle Bus ရဲ့ ကြိုပွိုင့်နေရာကိုပြထားပြီး သတ်မှတ်ထားတဲ့ Bus No. နဲ့ Boarding Point နေရာကသာ စီးရလိမ့်မယ်ထင်ပါတယ်။ မနက်ဖန်နဲ့ သဘက်ခါကတော့ East Entrance Door နဲ့ West Entrance Door တွေအတွက်ကို တနေ့စီရောင်းပေးသွားမယ်လို့ယူဆရပါတယ်။ 
Boarding ပွိုင့် (၃)ပွို့င့် ခွဲထားပြီး သက်ဆိုင်ရာ Boarding ပွိုင့်တွေကနေ Bus တွေနဲ့ သက်ဆိုင်ရာ Central Entrance Door/ East Entrance Door/ West Entrance Door ၀င်ပေါက်ရှိရာ Basement 1 Level မှာချထားပေးပြီး တန်းစီလက်မှတ်ဖြတ်၊ Security Scan အစစ်ခံပြီးမှ အခန်းထဲကို Queue အလိုက် မိမိကျရာ Free Seat တွေမှာ ထိုင်ရမှာပါ။ 
လက်မှတ်အောက်ခြေမှာ ဘောပင်နဲ့ဝိုင်းပေးလိုက်တဲ့ Block က Boarding Point (၃) ပွိုင့်ထဲက မိမိလက်မှတ်မှာ ဖော်ပြထားတဲ့ Borading ပွို့င့်ကနေ Bus စီးပြီး သက်ဆိုင်ရာ Entrance Door ကနေ၀င်ရမှာပါ။ 
Central/East/West Entrance door တွေက တခုနဲ့တခု အလှမ်းကွာတာမို့ လက်မှတ်က သတ်မှတ်တဲ့ဝင်ပေါက်မတူရင် ထိုင်ခုံနေရာကော လူချင်းကောကွဲသွားပါလိမ့်မယ်။ 
မိမိအစီအစဉ်နဲ့ Own Car/ Taxi / Mono Rail စီးပြီးလာမယ့်ဆိုရင်တော့ မြေပုံကို နားလည်အောင် သေချာကြည့်ထားစေချင်ပါတယ်။ လမ်းမှားလို့ရွာလည်ပြီးနောက်ကျခဲ့ရင်တော့ အပေါက်ဝကလှည့်ပြန်ရပါလိမ့်မယ်။ မိမိအစီအစဉ်နဲ့လာတဲ့သူတွေကတော့ လက်မှတ်ပြရင် Sentosa ၀င်ခွင့် Free ရမရတော့ သေချာမသိပါ။ အကြံပေးချင်တာကတော့ မိမိသက်ဆိုင်ရာ Borading ပွိုင့်တွေကနေ စနစ်တကျတန်းစီပြီး Shuttle bus ကိုစီးရင်တော့ လွယ်ကူသက်သာစွာ အမြန်ဆုံး ခန်းမကြီးအတွင်းကို ရောက်သွားမှာဖြစ်ပါကြောင်း။
● Bo Gyi
အဲဒီနေ့  ပွဲမှာ First Aid Team အတွက် ဆရာဝန် ၊ သူနာပြုတွေ လိုအပ်နေပါတယ်. 
Mass Causality က အစ minor case အဆုံး ကူညီစောင့်ရှောက်ဖို့ First Aider တွေလိုအပ်ပါတယ်.. သူနာပြု အရောက်၅၀လောက် volunteer အနေနဲ့ လိုအပ်ပါတယ်။ အခု message room ထဲကနေ ကူညီချင်တဲ့ သူများရှိခဲ့ရင် aniyaungyint2achit@gmail ကို အီးမေးလေးပို့ပေးပါ ဖုန်းနာပတ်ကတော့ ၉၀၀၃၆၃၀၄ ပါ. ဒီချက်မှာ မပါပေမဲ့ အပြင်က ပါချင်တဲ့ သူရှိရင်လဲဆက်သွယ်ပါ. ဘယ်ဆေးရုံက ရယ် ရာထူးရယ် အိမ်လိပ်စာရယ် ဆေးရုံလိပ်စာ ရယ် လိုအပ်ပါတယ်။ First Aider certified ဆိုရင်တော့ first aid post ရဲ့ Leader လုပ်ပေးဖို့ပါ request လုပ်ပါတယ်။ ကူညီပေမဲ့ လက်မှတ်ဝယ်ရမှာပါ လတ်မှတ်က တဆောင်၃၀ပါ။ လတ်မှတ်ကို အိုင်စီနံပတ်နဲ့ရောင်းမှာမို့ အိုင်စီနာပတ်လိုပါတယ်.. Volunteer တွေကို Police post မှာ security reason အရ register လုပ်ထားမှာပါ။ meeting တွေကို first Aid Leaders တွေတက်ရမှာပါ..ညဘက်တွေဖြစ်နိုင်ပါတယ်။

The End

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts