မောင်စွမ်းရည် ။ စက်တင်ဘာ ၃ဝ၊ ၂ဝဝ၇
(မိုးမခ ပြန်လည်ဆန်းသစ်ခြင်း၊ ရွှေဝါရောင်အရေးတော်ပုံ နှစ်ပတ်လည်အထိမ်းအမှတ်)
တယောက်ပဲ ဖြစ်ဖြစ်
နှစ်ယောက်ပဲ ဖြစ်ဖြစ်
တိုင်းပြည်ချစ်တာ
ချစ်လို့ရတယ်။
နန်းချန်းတောင်းတဲ့
စင်သီယာမောင် တဲ့
တချောင်ဆီမှာ တယောက်ချင်းပဲ
အငြင်း မပွား
အချင်း မများ
အြွကင် မထားဘဲ
အလင်းတရားကို ရှာကြတယ်။
မင်းမြန်တယ်၊ ငါမြန်တယ်၊
မင်းမှန်တယ်၊ ငါမှန်တယ်၊
မင်းသန်တယ်၊ ငါသန်တယ် လို့
အသံမကျယ်ဘဲ၊ မှန်တယ်ထင်တာ လုပ်ကြတယ်။
ငါတတ်တယ်၊ ငါမြတ်တယ်လို့လည်း မဖော်
ငါရဲတယ်၊ ငါချဲတယ် လို့လည်း မမော်
ငါဆဲမယ် ငါဟဲမယ်လို့လည်း မအော်
တော်ရာကို ချင့်၊ သင့်ရာကိုသာ လုပ်ကြတယ်။
တယောက်လည်း တယောက်အစွမ်း
နှစ်ယောက်လည်း နှစ်ယောက်အစွမ်း
သင်လည်း နှမ်းတလုံး၊ ငါလည်း နှမ်းတလုံး
နှမ်း တလုံးတွေ ပေါင်း၊ တင်းတောင်းပြည့်ကာ
ဆီ ဖြစ်လာမယ်။
လာကြဟေ့ အမြန်
တယောက်မှ နောက်ကျ မကျန်စေနဲ့၊
သံဃာတော် သပိတ် တသောင်းကို
နှမ်းစေ့တွေ လောင်း ကြမယ်
စုပေါင်း ဒါန ပြုကြစို့။
ကဲ … ခုကြည့်
ခုကြည့်တော့၊ ခုမြင်ပြီလား
မနားတမ်း ဖုံးတွေဆက်
အင်တာနက်နဲ့ စာနယ်ဇင်း
ဝင်းဒိုးနဲ့ အီးမေး
မနှေးတမ်း တက်ြွက
အချက်အလက်ရအောင် တက်ြွက
အချက်အလကိရအောင် ရှာစမ်း
ရုပ်သံတွေ ဖမ်းရ
မသမ်းမဟနိုင်
ထရမလို ထိုင်ရမလို
ကိုင်ရမလို ဆုပ်ရမလို
လှုပ်ရွ လှုပ်ရွနဲ့
ဒုက္ခတွေ ပွေ
ဒို့တတွေ ဘာတွေ လုပ်ရပါ့။
မြန်မာပြေမှာ တဲ့၊ သံဃာတွေ တဲ့
သံဃာတွေ သပိတ်မှောက်သတဲ့
ဖိတ်ဖိတ်တောက် သင်္ကန်းတွေ
အမြင်ဆန်းပေစွ၊ ဘဝင်ချမ်းလေစွ
လမ်းမတွေ တရိုးမှာ
မိုးရွာရွာ နေပူပူ
အလံဝါတွေ ထူကြပြီး
ပြည်သူတွေကို လမ်းပြ
“ဧကပုတ္တ မနူရက္ခေ”
တဦးတည်းသော သားသက်ဝေကို
သူ့မေမေ ရင်မှာထွေးပြီး
အသက်ပေးတဲ့ မေတ္တာသဖွယ်
ပြည်သူကို ကာကွယ် အံ့
ဖယ်လိုက ဖယ်၊ မဖယ်လိုက လာလော့။
အို … လာလော့ ဘီလူး၊ သားစားကျူးတို့
ဦးပြည်းကို ငုံ့၊ ရန်တုံ့ မမူ
ပြည်သူကို ကြည်ဖြူစိတ်နဲ့
လက်ထိတ်ပဲ ခတ်လိုခတ်
သေနတ်နဲ့ ပစ်လိုပစ်
လှံစွပ်နဲ့ ထိုးလို ထိုး
မြတ်သီလ မညိုးစေရ
အမျိုး၊ ဘာသာ၊ သာသနာ ကို
ကမ္ဘာမှာ လန်းစေအံ့
ဖမ်းလော့ ဆီးလော့
သတ်လော့ ဖြတ်လော့
ဒို့ မလျှော့ပြီ
ပေး ဟေ့ … ငြိမ်းချမ်းရေး
ဝေးနီး ကမ္ဘာ တုန်ခါ အံ့သြ
သံဃာ ဂုဏော၊ အနန္တော။
သံဃာတော်များ၊ ဦးဆောင်သွားပြီး
ကျောင်းသား ကျောင်းသူ၊ ခွပ်ဒေါင်းထူပြီ
ဈေးသား ဈေးသူ၊ ဆွမ်းကပ်လှူပြီ
တောင်သူလယ်သမား၊ လုပ်သားသမဂ္ဂ
ဖွဲ့လိုက်ကြလော့။
စာရေးဆရာ၊ တေးရေးဆရာ
ပါမှ ပါစ။
ပန်းချီဆရာ၊ ဂီတဆရာ
ပါမှ ပါစ။
ဆရာဝန်၊ ကျောင်းဆရာ
ပါမှ ပါမလား။
အလုပ်သမား ရဲဘော် ခေါ်ပါတော့
စက်ရုံ သွားလော့။
လယ်သမား ရဲဘော် ခေါ်ပါတော့
လယ်ယာ သွားလော့။
စစ်ဗိုလ် စစ်သား စစ်တန်းလျား
သွားလို့ ခေါ်စို့။
ကြံ့ဖွံ့တွေရော မဖွံ့တွေရော
စွမ်းအားရှင်ရော မရှင်ရော
ရောနှော ပါချင်၊ ပါပါစေ
နှောင့်ယှက်သူတွေ သတိထား
စသည်အားဖြင့် …
ဗျာများ ရှုပ်ပွေ၊ ဒို့တတွေ
ပြည်ပနေတို့ စိတ်လှုပ်
ပြ(ပြည်)တွင်းမှာကား သွေးချောင်း
အို … ရဲဘော်တို့
အချိန်ဆိုတာ
တကြိမ်သာ လာမြဲ
နှစ်ချိန် လာမြဲ မရှိချေ
အချိန်နဲ့ ဒီရေ
လူတွေကို မစောင့်။
တအောင့် တကရား၊ နားခွင့်မရှိ
တယောင် ပေပေ၊ မတွေဝေနှင့်
လာလေ လက်တွဲ၊ ဒီတပွဲမှာ
မပါလိုက်ရ၊ မရှိကြနဲ့
မသိလိုက်ရ၊ မရှိကြနဲ့
ထ လော့ လူတိုင်း
သမိုင်း သင့်ကို ဆင့်ခေါ်ပြီ။
လယ်တီဆရာတော်
ဆင့်ခေါ်စကား၊ သင်ကြားဖူးစ။
“ခွင့်သာဆဲမှ၊ မခဲချင်လျှင်
အလွဲ နင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာစိုက်မှ၊ မလိုက်ချင်လျှင်
အမိုက် နင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းမှ၊ မရုန်းချင်လျှင်
အရှုံး နင့်ပြင် ရှိသေးလေလိမ့်လား။ … “
အို … ရဲဘော်များ
အားလုံးဝန်တာ၊ အားလုံးပါစို့။
အားလုံးအတွက် အားလုံးထွက်လော့။
လာ လော့ ရဲဘော်
သမိုင်း သင့်ကို ခေါ်ချေပြီ။
(စက်တင်ဘာ ၂၆၊ ၂ဝဝ၇)