International News

Kenya, Capitol Shopping Mall attacked by Terrorists, 39 dead, 300 injured

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ကင်ညာနိုင်ငံ၊ နီရိုဘီ၊ ထိပ်တန်းကုန်တိုက်ကို အကြမ်းဖက်သမားများ စီးနင်း၊ ၃၉  ဦး သေဆုံး၊ ဒဏ်ရာရသူများပြား

မိုးမခသတင်းကောက်နုတ်ချက်၊ စက်တင်ဘာ ၂၂၊ ၂၀၁၃

စက်တင်ဘာ ၂၁၊ စနေနေ့၊ ဒေသစံတော်ချိန် နေ့ခင်းပိုင်း၊ အာဖရိကတိုက်၊ ကင်ညာနိုင်ငံ၊ နီရိုဘီမြို့တော်၊ (Westgate Mall) ထိပ်တန်းကုန်တိုက်ကြီးတခုကို လက်နက်ကိုင်အကြမ်းဖက်များက ၀င်ရောက်စီးနင်းပြီး သေနတ်များ၊ လက်ပစ်ဗုံးများနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် လူ ၃၉  သေဆုံးပြီး လူ ၃၀၀ နီးပါး ဒဏ်ရာ ရရှိခဲတယ်။ နောက်ထပ်သေဆုံးသူ ဘယ်လောက်ရှိအုံးမလဲဆိုတာ မပြောနိုင်သေးပါဘူး။ ခုချိန်မှာ အကြမ်းဖက်သမားတွေဟာ ကုန်တိုက်ရဲ့ အခန်းတခုမှာ  ဓားစားခံများနဲ့အတူ ချောင်ပိတ်ခံထားရပြီး လုံခြုံရေးတပ်ဖွဲ့များက ပိတ်ဆို့ထားပါတယ်။

အခုလိုအကြမ်းဖက်တဲ့ လက်သည်ဟာ အစ္စလာန်ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့ အယ်ကိုင်ဒါရဲ့ မဟာမိတ် ဆိုမာလီယာအခြေစိုက် အယ်ရှာဘတ်အဖွဲ့က ဖြစ်ပါတယ်။ အခု တနင်္ဂနွေ လင်းအားကြီးမှာ သူတို့ဖမ်းထားတဲ့ ဓားစာခံအချို့ လွတ်လာတယ်လို့ သိရပါတယ်။ ဓားစာခံ ဘယ်နှယောက် ကျန်သေးသလဲ၊ ကုန်တိုက်ထဲမှာ လူဘယ်လောက် သေဆုံးသလဲ၊ ဒဏ်ရာရထားသလဲ ဆက်လက် ဖော်ထုတ်ရဦးမှာ ဖြစ်ပါတယ်။

အစွန်းရောက်အကြမ်းဖက်သမားတွေက သူတို့တွေက အစ္စလာန်ဘာသာဝင်တွေကို ပစ်မှတ်မထားဘူး။ မူဆလင်တွေအားလုံးကို ကုန်တိုက်ထဲကနေ အရင်ဆုံး ဘေးလွတ်ရာ ပို့ပြီးမှ ကျန်တဲ့ ဘာသာခြားတွေကို သတ်ဖြတ်ချေမှုန်းခဲ့တာ ဖြစ်တယ်လို့ သူတို့တွေရဲ့ မက်ဆိတ်ဘုတ်တွေကနေ ထုတ်ပြန်ခဲ့ပါတယ်။  
အမေရိကန်နဲ့ အနောက်နိုင်ငံတွေက နိုင်ငံသားတွေ အများအပြားကို အဲသည် အစွန်းရောက်အကြမ်းဖက်သမားတွေက ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ သက်သေတွေက ပြောပါတယ်။

ခုချိန်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကုန်တိုက်ကို ၀န်းရံပိတ်ဆို့ပြီး အကြမ်းဖက်သမားတွေနဲ့ ရင်ဆိုင် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

(Photo – CNN

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts