K ငြိမ်းချမ်း စာအုပ်စင် သတင်းပဒေသာ

မေသင်္ကြန်ဟိန်(မြစ်မခ)ရေးတဲ့ “ဘာပဲဖြစ်ဖြစ် သတ္တိရှိပါ“စာအုပ်သစ် မိတ်ဆက်ပွဲ

 

မေသင်္ကြန်ဟိန်(မြစ်မခ)ရေးတဲ့ “ဘာပဲဖြစ်ဖြစ် သတ္တိရှိပါ“စာအုပ်သစ် မိတ်ဆက်ပွဲ
K (မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၈

စာနယ်ဇင်းလောကမှ စာရေးဆရာမ မေသင်္ကြန်ဟိန်(မြစ်မခ)ရေးတဲ့ “ဘာပဲဖြစ်ဖြစ် သတ္တိရှိပါ“စာအုပ်သစ် မိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့ Junction City ၊ လေးလွှာက စာပေလောက စာအုပ်ဆိုင်မှာ ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လယ်၂ နာရီကနေ ၄ နာရီထိ ပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ စာအုပ်မိတ်ဆက်ပွဲမှာ တက်ရောက်လာသူများအနေနဲ့ “ဘာပဲဖြစ်ဖြစ် သတ္တိရှိပါ”စာအုပ် ၅၀ကို မေတ္တာလက်ဆောင်ပေးသွားမယ်လို့သိရပြီး အဆိုပါစာအုပ်ဟာ စိတ်ခွန်အား ကို အားဖြည့်စေတဲ့စာစုတွေပါဝင်တယ်လို့သိရပါတယ်။ စာအုပ်မှာ (၁)ရှင်သန်ဖို့အတွက် သတ္တိရှိပါ၊ (၂)အရှုံးတွေအတွက် သတ္တိရှိပါ (၃) အမှားတွေအတွက် သတ္တိရှိပါ (၄)ပြောင်း လဲဖို့အတွက် သတ္တိရှိပါ၊ (၅)ကိုယ်ပိုင်လုပ်ငန်းလုပ်နို်င်ဖို့ သတ္တိရှိပါ၊ (၆)စီးပွားရေးလုပ်ငန်းရှင် ဖြစ်ဖို့ သတ္တိရှိပါ၊ (၇) ချစ်တာကို ရွေးချယ်ရဲဖို့ သတ္တိရှိပါ၊ (၈)သစ္စာဖောက်ခံရတဲ့အခါ စွန့်လွှတ်ရဲဖို့ သတ္တိရှိပါ၊ (၉ )အဆိုးမြင်စိတ်တွေ မကူးစက်စေဖို့ သတ္တိရှိပါ (၁၀)သနားခြင်းဇုတ်က ရုန်းထွက်ဖို့ သတ္တိရှိပါ (၁၁)ရယ်မောစွာ ဖြတ်သန်းနိုင်ဖို့ သတ္တိရှိပါ၊ (၁၂)ဝေဖန် ခံနိုင်ဖို့ သတ္တိရှိပါ (၁၃) လူတိုင်းအပေါ် စေတနာ ထားနို်င်ဖို့ သတ္တိရှိပါ (၁၄)လွတ်လပ်စွာ ရှင်သန်နို်င်ဖို့ သတ္တိရှိပါ (၁၅)နေ့တို်င်းကုသိုလ်စုနိုင်ဖို့ သတ္တိရှိပါ..တို့ပါဝင်ပါတယ်။

စာအုပ်မိတ်ဆက်ပွဲနဲ့ပတ်သက်ပြီး စာရေးဆရာမ မေသင်္ကြန်ဟိန်(မြစ်မခ)က “ချစ်မိတ်ဆွေတို့ရေ ကျမမှာ အကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ စာအုပ်သစ်ထွက်တိုင်း မရောင်း ခင်မှာ အရင်ဆုံး မေတ္တာလက်ဆောင်ပေးခြင်းနဲ့ အလှူဒါနပြုလေ့ရှိတာပါပဲ။ ခုလည်း ဒီဇင်ဘာလ ၃ ရက်နေ့မှာ အောင်မြင်ခြင်းစာစု(၈)ဖြစ်တဲ့“ဘာပဲဖြစ်ဖြစ် သတ္တိရှိပါ” ဆိုတဲ့ စာအုပ် ထွက်ရှိဖြန့်ချိပါ့မယ်။ ဒီစာအုပ်မဖြန့်ချိ မရောင်းချမီမှာ စာအုပ်သစ် ၅၀ ကို မေတ္တာလက်ဆောင်ပေးဖို့အတွက် စီစဉ်ထားပါတယ်။ဒါကြောင့် ၂၀၁၈၊ ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လယ်၂ နာရီကနေ ၄ နာရီ အတွင်း ရန်ကုန်မြို့၊ Junction City ၊ လေးလွှာကစာပေလောက စာအုပ်ဆိုင်မှာ အသစ်ထွက်ရှိမယ့် ဘာပဲဖြစ်ဖြစ် သတ္တိရှိပါ စာအုပ်ကို ချစ်မိတ်ဆွေ တို့ကို မေတ္တာလက်ဆောင် ပေးဖို့ ကျမ စောင့်နေပါ့မယ်။ ကျမရဲ့အလှူဒါနပြုခွင့်ရအောင် ပံ့ပိုးကူညီအားပေးဖို့အတွက် ဒီဇင်ဘာ ၂ရက်နေ့ နေ့လယ် ၂နာရီ မှာ Junction City ၊ လေးလွှာကစာပေလောက စာအုပ်ဆိုင်ကို လာခဲ့ပေးပါနော်” လို့ ပြောဆိုထားပါတယ်။ အဆိုပါစာအုပ်ကို လ၀န်းသစ်စာပေကနေ တန်ဖိုး၂၅၀၀ကျပ်နြဲ့ဖန့်ချိသွားမယ်လို့လည်း သိရပါတယ်။

စာရေးဆရာမ မေသင်္ကြန်ဟိန်(မြစ်မခ)ဟာ မြစ်မခသီတင်းအေဂျင်စီကို ထူထောင်သူတဦးဖြစ်ပြီး အောင်မြင်ရေးစာစုစာအုပ်များလည်းရေးသားနေသူဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts