ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – “ကွယ်လွန်သူ သတင်းများ”

Credit – Illustration by Kaye Blegvad (New Yorker)


ဆောင်းယွန်းလ – “ကွယ်လွန်သူ သတင်းများ”

(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၈မနေ့ တုန်းက
ကြေကွဲခြင်းသတင်းရောက်လာခဲ့ပြီး
ဒီကနေ့  …
ထပ်ဆင့်ကြေကွဲခြင်းသတင်းရောက်လာခဲ့တယ်

တရက်ပြီး တရက်
တယောက်ပြီးတယောက် ပျောက်သွားခြင်းမှာ
တယောက်တလေများ ပုံမှားရိုက်လေမလားလို့ 
မျှော်တွေးတွေးမိပေမယ့်လည်း
ကွယ်လွန်သူသတင်းတွေက အားလုံးတထေရာတည်းပဲ

သေမင်းဝယ်သွားတဲ့ ဇာတ်ကားတွေအတွက်
အကယ်ဒမီဆုတွေထားဖို့  နေရာလပ်မရှိတော့ဘူး
ကိုယ်တ်ု့ ရင်ဘတ်ထဲမှာလည်း
ဝမ်းနဲခြင်းကိုထားစရာ ကွက်လပ်မရှိတော့ဘူး။

ဆောင်းယွန်းလ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts