ကဗျာ

လင်းသက်ငြိမ် ● ငါးပွက်ရာ ကဗျာချ

လင်းသက်ငြိမ် ● ငါးပွက်ရာ ကဗျာချ
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၈

ရေဘဝဲလက်တံများ တရွေ့ရွေ့
ရောင်စုံပုတ်သင်တွေ သစ်ပင်ပေါ်မှာ အငြိမ်
အမဲလိုက်ခွေးဟာ အနံ့အသက်ကို အမြဲတမ်းနိုးကြား
သံလိုက်တုံးက သံကို ဖျားယောင်းနေသလို
ကြော်ချက်ရန်အသင့် ဂက်စ်မီးဖိုလို
စကားလုံးတွေကို တသသ တမြမြ
ရေစင်စင်ဆေးပြီး ဇကာထဲထည့်ထားတဲ့ စားရမယ့်စာသားတွေ
ကြောင်တွေ လိင်ဆက်ဆံသလို
နားမချမ်းသာစရာ ကိုယ်ရည်ကိုယ်သွေး
မျက်နှာကြက်ပေါ် တိတ်တဆိတ်သေနေတဲ့ကြွက်လို
အောင်မြင်ကျော်ကြားမှု
လျင်မြန်တဲ့ ဓားခုတ်ကောင်
လမ်းများတဲ့ ဈေးခွေး
ရေထဲ ခဲပစ်ချ  ဂယက်တွေ
ဘယ်သူမှထိတွေ့လို့မရတဲ့ ကိုယ့်ပါရမီကိုယ် လွှင့်ထောင်
ဘယ်သုမှမျိုချလို့မရအောင် ဖားပြုပ်ဟာ ကိုယ်ကိုဖောင်းကား
လူထူထူဆီ သူတောင်းစားများ တွားသွား
စင်ကကိုယ့်ဆီကိုမလာရင် ကိုယ်ကစင်ရှိရာ သွားရမှာပဲတဲ့
တောက်ပတဲ့ ပုလင်းကွဲတွေ နေရောင်အောက်
ဝေါကနဲထိုးကျလာ။

လင်းသက်ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts