ကဗျာ

နေချိုသွေး ● စိတ်အန်ဖတ်တွေ ဆေးဖက်ဝင်ပါရစေ

နေချိုသွေး ● စိတ်အန်ဖတ်တွေ ဆေးဖက်ဝင်ပါရစေ
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၈

လမ်းပြမြေပုံမှာ
အနိဋ္ဌာရုံတွေကြီးဆွဲထားတဲ့နိုင်ငံမှာ
လက်ဖျံမှာ သေနတ်ဒဏ်ရာတွေနဲ့
တက်တူး (Tattoo) ပုံဟာ ပျော်ပျော်နေ သေခဲပေါ့။

လက်ကျန် အသက်ဓာတ်ဟာ အသားဓာတ်ထက်
ငြိမ်းချမ်းရေးကို လိုအပ်တာထက် ပိုလိုအပ်ခဲ့
စစ်တိုက်တမ်းကစားနေတဲ့ကလေးတွေကိုမြင်ရင်
အလိုလို ငိုချင်တယ်
ပစ်မယ့်ပစ်
မေတ္တာတရားတွေနဲ့ဘဲ ပစ်ခတ်လိုက်ချင်တယ်
လောကကြီးတခုလုံး
စံပယ်တွေ ဖုံးလွှမ်းသွားပါစေ။

စာဝါ ငှက်ကလေးကိုမြင်မှ
စာမလာ သတင်းမကြားရတဲ့ ကိုယ်ချင်းစာတရားတွေကို လွမ်းတယ်
လွမ်းလက်စနဲ့
ရွှေပြည်တော်ဟာ နှစ်ပေါင်းများစွာ ဝေးခဲ့တော့
လေတံခွန်လို လွှင့်နေတဲ့ မျှော်လင့်ချက်
ဇီဝဇိုးငှက်လိုလေ
စိတ်အန်ဖတ်တွေ ဆေးဖက်ဝင်ပါရစေ။

နေချိုသွေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts