ကဗျာ

TS ဘာသာပြန်သည့် နာမ်စားများ

TS ဘာသာပြန်သည့် နာမ်စားများ
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၈

အတွဲ (၆)၊ အမှတ် (၁) ဇွန်လ၊ ၂၀၀၈ ထုတ် မဂ္ဂဇင်းမှ ကူးယူဖော်ပြခြင်းဖြစ်သည်။

သူက မီးရထား အယောင်ဆောင်တယ်
သူမက ဥသြသံ အယောင်ဆောင်တယ်
သူတို့မောင်းထွက်သွားကြ။

သူက ကြိုး အယောင်ဆောင်တယ်
သူမက သစ်ပင် အယောင်ဆောင်တယ်
သူတို့ လွှဲနေကြ။

သူက အိပ်မက် အယောင်ဆောင်တယ်
သူမက ငှက်မွှေး အယောင်ဆောင်တယ်
သူတို့ ပျံသန်းကြ။

သူက ဗိုလ်ချုပ်ကြီး အယောင်ဆောင်တယ်
သူမက စစ်တပ် အယောင်ဆောင်တယ်
သူတို့ စစ်ကြေညာကြ။
ဒူည မစ်ခိုင်း
(အီရတ်ကဗျာဆရာမ)

Pronouns
He plays a train.
She plays a whistle.
They move away.

He plays a rope.
She plays a tree.
They swing.

He plays a dream.
She plays a feather.
They fly.

He plays a general.
She plays army.
They declare war.

Dunya Mikhail
(An Iraqi poetess)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts