News မြန်မာပြည်တွင်း

Poetry Wave အမှတ် ၅ ထွက်ပြီ

Poetry Wave အမှတ် ၅ ထွက်ပြီ
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၈

ကေဇော်မိုးနဲ့ ရိုးခက်တို့ စီစဉ်တင်ဆက်နေတဲ့ ကဗျာအရေး ကဗျာ့အရာတွေချည်းသက်သက် အားကုန် သွန်အောထားလေ့ရှိတဲ့ Poetry Wave ကဗျာစာစဉ်အမှတ် ၅ ဟာဖြင့် နိုဝင်ဘာ ၅ ရက်နေ့မှာ အဖြူရောင် ပဲ့တင်ကနေ တပြည်လုံးကို ဖြန့်ချိပြီး ကဗျာချစ်သူများဆီ တည့်တည့်ကြီး ဆိုက်ရောက်လာပါပြီ။
ကဗျာလွင် ပြင် (ဒီလူည- တကိုယ်တော်ကဗျာ)အပါအဝင်၊ ကဗျာပုဒ်ရေ ၃၄ ပုဒ်၊ ကဗျာခံစားမှု၊ ကဗျာ ဝေဖန်ရေး၊ ဆရာများဖြစ်ကြတဲ့ စံညိမ်းဦး၊ ဇော်ဇော်ထွန်း၊ ရိုးခက် ကဗျာရေးရာ ဆောင်းပါးတို့နဲ့ ကဗျာ လောက ကဗျာနယ်ပယ်ကနေ မကြာလှသေးတဲ့ကာလကမှ ခွဲခွာသွားခဲ့လေသူ ကဗျာဆရာ လင်းမိုးစွေ အတွက် နှစ်လည်တင်ဆက်မှု အမှတ်ရချက်တွေ ပါဝင်မှာဖြစ်ပါတယ်။

စီစဉ်သူ ကေဇော်မိုးက မိုးမခကိုပေးပို့လာတဲ့အတိုင်းလေးလဲ ဖတ်ကြည့်စေချင်ပါတယ်။
Poetry Wave ခြေလှမ်း ၁၀၀ မက ဆက်လက်လျှောက်လှမ်းနိုင်ပါစေ။ 

ကဗျာရှည်
ဒီလူည
ဆောင်းပါး
စံညိမ်းဦး၊ ဇော် ဇော် ထွန်း၊ ရိုးခက်
က လေးကဗျာ
သော် ဇင် အုန်း၊ မိုး နေ
ကဗျာခံစားမှု
စစ် ငြိမ်
ကဗျာ ဝေဖန် ရေး
စိန် သွား
ကေ ဇော် မိုးနဲ့ ရိုးခက် စီစဉ် တယ်
နိုဝင်ဘာ ၅ ရက်နေ့မှာ အဖြူရောင် ပဲ့တင်ကနေ တန်ဖိုး ကျပ် ၁၅၀၀ နဲ့ စတင် ဖြန့်ချိပါပြီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts