ကဗျာ အောင်ဝေး

အောင်ဝေး – ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၈ )

အောင်ဝေး – ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၈ )
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၈

အချစ်ဗုံသံနဲ့ စစ်ကို ပုန်ကန်လိုက်တယ်။ဖြစ်ပုံ
ခေတ်က
ငြိမ်းချမ်းရေးကို
စစ်နဲ့ ရော မျိုနေရ။

လည်ချောင်းထဲ
အ၀င် ဆိုးလှချည်ရဲ့။

မြစ်ကြီး တစ်စင်းလုံး
ချင်းချင်း နီလို့
စီးဆင်း မဆုံး။

အဲဒါ
ငြိမ်းချမ်းရေးအတွက် ကျတဲ့
မျက်ရည်
စီးလို့ မဆုံး။

ဖြစ်ပုံ
ခေတ်က
ငြိမ်းချမ်းရေးကို
စစ်နဲ့ ရော မျိုနေရ။

လည်ချောင်းထဲ
အ၀င် ဆိုးလှချည်ရဲ့။

ကမ်းပါးတစ်လျှောက်
ကောက်လို့ မနိုင်တဲ့
အရိုးတွေ
အရိုးတွေ။

ဒီအထဲမှာ

ငါ့ ကျောင်းနေဖက် စစ်တပ်ထဲဝင်သွားတဲ့ သူငယ်ချင်းရဲ့
အရိုးတွေလည်း ပါမှာပဲ။
 ဒီအထဲမှာ ငါ့ ငယ်ပေါင်း တောခိုသွားတဲ့ သူငယ်ချင်းရဲ့
အရိုးတွေလည်း ပါမှာပဲ။
ဒီအထဲမှာ
ငါ့ အတန်းဖော် ဒို့အရေးအော်တဲ့ သူငယ်ချင်းရဲ့
အရိုးတွေလည်း ပါမှာပဲ။
ဖြစ်ပုံ
“ငြိမ်းချမ်းရေး ပို
စစ်ရေး ချို”
ဟိုတုန်းကလို။အချစ်ကို ဗုံလိုတီး
ခေတ်ကို ငုံပြီး
ဒီ အရိုးတွေ
ငါ ပုံလိုက်မယ်။

ငြိမ်းချမ်းရေး
ယုံကြည်ရင်
ဟေ့ –
စစ်ပွဲတွေ အကုန်ရပ်။ ။

ေ အ ာ င္ ေ ၀ း
(နိုဝင်ဘာ ၃- ၂၀၁၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts