ကဗျာ သစ်ကောင်းအိမ်

သစ်ကောင်းအိမ် ● ပိရမစ်တံဆိပ် ငါးသေတ္တာ…

သစ်ကောင်းအိမ် ● ပိရမစ်တံဆိပ် ငါးသေတ္တာ…
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၈

မြောင်းအိပ်ကပ်..
မြစ်အံဆွဲ…
ချောင်းဗီရိုနဲ့
ပင်လယ်မီးခံသေတ္တာတွေရဲ့
ကိုယ်ပိုင်ဘဏ်စာရင်းတွေထဲမှာ
ရောင်စုံအကြေးခွံတဖျပ်ဖျပ်နဲ့
အထပ်လိုက်ကူးခတ်ရင်း…

ငါးဖမ်းသင်္ဘောတစင်းနဲ့
ပင့်ဆောင်လာတဲ့
ဖာရိုဘုရင်မင်းမြတ်တွေ…

ပါးဟပ်တွေကို
ပတ်တီးအထပ်ထပ်နဲ့ ကျပ်စည်းပြီး
(မပုပ်သိုးအောင်..)
စည်သွပ်ထားတဲ့မံမီများ…

(အောက်တိုဘာ ၈၊ ၂၀၁၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts