ကဗျာ မြန်မာပြည်တွင်း

နရီမင်း – သူတို့ရဲ့ကစားနည်း

 

Invaluable.com

သူတို့ရဲ့ကစားနည်း
 နရီမင်း
(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၈

လူသန်းပေါင်းဘယ်လောက်ဟာ
ငတ်​ပြတ်​​နေမှာလဲဆိုတာ
ထမင်းဝလို့ တွေးနိုင်တာပေါ့ကွာ။
လူလို တွေးတတ်ဖို့က 
ကြက်​တူ​ရွေးကို သင်လို့
မရပါဘူး။ 
အာဏာရှိသူကို ဖားရတာလည်း
အသက်မွေးဝမ်းကျောင်းတမျိုးပဲ။
မှန်ရှေ့မှာ ရပ်လိုက်တယ်။
သူတော်ကောင်းတယောက်ရဲ့ 
သဘောထားပြည့်ဝတဲ့ အပြုံးဟာ
အလွယ်ဆုံးအရာပါ။
စားထားဝါးထားသမျှ အပုပ်နံ့ကို
ဖုံးဖို့ရာ
လစ်ဘရယ်ရေမွှေးကို သုံးပါ။
ကွန်မြူနစ်တယောက်လို
နာနာကျင်​ကျင်​ ပြုံးတတ်ဖို့ကလည်း
လေ့ကျင့်ပြီးသားပဲ။
ဂေါက်ရိုက်သွားတဲ့အခါ
ဘုရားရှိခိုးဖို့ မမေ့သလို
အိတ်ထမ်းသူကို မုန့်ဖိုးများများ
ပေးဖို့ မမေ့ပါဘူး။
အရှုံးပေးခြင်းနဲ့ အနိုင်​ယူတတ်ဖို့က
သိပ်ပြီး ဆရာကျဖို့မှ
မလိုတာ။

နရီမင်း
၂၆- ၈- ၂၀၁၆

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts