ကဗျာ မြန်မာပြည်တွင်း

မောင်မော်ကွန်း – ဒီ က ဗျာ အ လွ တ် ကျ က်

ဒီ က ဗျာ အ လွ တ် ကျ က်
မောင်မော်ကွန်း
(မိုးမခ) သြဂတ်စ် ၂၉၊ ၂၀၁၈

တယောက်က
 စိတ်အလိုမို့ အရိပ်ခိုလို့ စောင့်သတဲ့

တယောက်က

ငွေမကုန်ရင်ပြီးရော
  လှေကြုံစီးဖို့ အသင့်အနေအထားဆိုပါရော့….

တယောက်က

အစုန်ခရီးအတွက်
ဗုံလုံအမြီးဖက်လိုက်ဖို့ ဟန်ရေးတပြင်ပြင် …

တယောက်က

ရှေးရိုးစွဲတံဆိပ်ကြီး
ရင်ဘတ်ချိတ်ပြီး လက်မတထောင်ထောင် …
တယောက်က    ဓားတလက်နဲ့ အားတက်မာန်စွာ
    နတ်နေကိုင်းပါမချန် ရှင်းမယ့်တကဲကဲ ..

တယောက်က

လှံတချောင်းကိုင် နေစိမ့်လို့
မြေနိမ့်ကိုမှန်းဆဆ ငူတူတူ ….

တယောက်က
    အဆင်းဘီးတပ်ပေးရကောင်း

ခွင့်ခါစောင်းမြောင်း အလစ်ချောင်းနေ ….

တယောက်က
    ပုတ်သင်ညိုဝင်စား ကိုယ်ထင်ပြသလား
    အားအားရှိတိုင်း အရောင်ပြောင်းလို့မပြီးနိုင် ..

တယောက်က
    ပုဆိုးခြုံထဲလက်သီးဆုပ်ရင်း
    ခွက်နှီးစုတ်မျက်နှာပေးဟန်ရေးမလုံ ..

ယောက်က
    မီးစတဖက် ရေမှုတ်တဖက်နဲ့
    မျက်ကလဲဆံပျာ ဟိုကြည့်သည်ယောင် ..

တယောက်က
    ဖျာလိပ်ထမ်းပြီး မှန်းဆမျှော်ချင့်
    အသင့်အနေအထားနဲ့ ချောင်းလို့မြောင်းလို့ ..

တယောက်က
သားရေပေါ်အိပ် ပျော်လေနိုးနိုး
   အရိပ်နေ အခက်ချိုးမယ့်ဟန်တကဲကဲ ….
 
တယောက်က

    ဟိုစပ်စပ်ဒီစပ်စပ် ဖြတ်ညှပ်ကပ်အချိုးချိုး
    ပိဋကတ်အိုးကွဲ လူတောထဲသံကောင်းဟစ်…

ကဲ .. ဗမာလိုပြောမယ်
    မောင်ရင်တို့တယောက်မှမလိုက်ခဲ့နဲ့
    တို့သွားမယ့်ကဗျာခရီး  

မင်းတို့ပါရင် မရောက်နိုင် ..။ ။  

 28 . 8 . 18 
09:00 p.m.

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts