မှတ်စုမှတ်တမ်း

သန်းမြင့်ဦး ● ဆရာကြီးသခင်ကိုတော်မှိုင်းရဲ့ … သမိုင်းဓာတ်ပုံတပုံ

သန်းမြင့်ဦး ● ဆရာကြီးသခင်ကိုတော်မှိုင်းရဲ့ … သမိုင်းဓာတ်ပုံတပုံ
(မိုးမခ) မတ်လ ၂၅၊ ၂၀၁၈
သူ့ဖေ့ဘုတ်ခ်မှ ကူးယူပါသည်။

ယခုရက်သတ္တပတ်တွင် ကျရောက်သော မြန်မာ့မျိုးချစ်စာဆို ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ မွေးနေ့ (၁၈၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့) အတွက် ယခင် တစ်ခါမှမဖော်ပြခဲ့ဖူးသည့် ဓာတ်ပုံတစ်ပုံကို အထူးတလည် ဖော်ပြလိုက်ပါသည်။

(ENGLISH BELOW)

ဖော်ပြပါပုံမှာ ၁၉၅၀ ပြည့်နှစ်ဝန်းကျင် ကျွန်တော့်အဒေါ်ဖြစ်သူ ဒေါ်ခင်မမ၏ နားသမင်္ဂလာတွင် ဖြစ်ပါသည်။ ဘယ်အစွန်တွင် ရပ်နေသူမှာ ဦးသန့်၏ ညီဖြစ်သူ ဦးခန့် (ပန်းတနော် လွှတ်တော်အမတ်) ဖြစ်သည်။ ညာအစွန်တွင် ရပ်နေသူမှာ ကျွန်တော့် အဘွားဖြစ်သူ ဒေါ်နန်းသောင်း (ဦးသန့်၏ မိခင်) ဖြစ်သည်။ ကျန်သူများမှာ ဒေါ်ခင်မမ၏ မောင်နှမများနှင့် မိခင်ဖြစ်သူ ဒေါ်စော ရင်တို့ ဖြစ်ပါသည်။

နားသမင်္ဂလာ အခမ်းအနားကို အမှတ် ၂၀၀၊ ဖယ်ရာလမ်း (ပန်းဆိုးတန်း) ရှိ ဦးခန့်၏နေအိမ်တွင် ကျင်းပခဲ့ပါသည်။ အထူးဧည့်သည်တော်မှာ ထင်ရှားသည့် မြန်မာ့ ဝံသာနုခေါင်းဆောင်နှင့် စာရေးဆရာကြီး သခင်ကိုယ်တော်မှိုင်း (ဘယ်ဘက် တွင် ထိုင်နေသူ) ဖြစ်သည်။

သခင်ကိုယ်တော်မှိုင်းသည် ငယ်စဉ် အသက် ၉ နှစ်အရွယ်က မန္တလေးတွင် သီပေါမင်းနှင့် မိဖုရားစုဖုရားလတ်အား အင်္ဂလိပ် တို့ ခေါ်ဆောင်သွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။ ဤသည်မှာ သူ့တစ်သက်တာ မမေ့နိုင်စရာ အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့ပြီး ဘ၀တစ်လျှောက်လုံး မြန်မာနိုင်ငံ လွတ်လပ်ရေးသာမက ငြိမ်းချမ်းရေးအတွက် အားကြိုးမာန်တက် ဆောင်ရွက် ရန် ဖြစ်လာစေခဲ့လေသည်။

(မူရင်းဓာတ်ပုံပိုင်ရှင် – ဒေါ်ခင်မမ)

For Thakin Kodaw Hmaing’s birthday this week (23 March 1876):
A very special photo, never before published.

This is the ear-boring ceremony of my aunt Daw Khin Ma Ma c. 1950. At the top left is U Khant, younger brother of U Thant. At the top right is my great-grandmother, Daw Nan Thaung (U Thant’s mother). The others are Daw Khin Ma Ma’s siblings and mother Daw Saw May.

The ceremony was at U Khant’s apartment at 200 Phayre Street (Pansodan). The guest of honour was the great nationalist leader and writer Thakin Kodaw Hmaing (seated on left).

Thakin Kodaw Hmaing, when as a boy aged 9, saw King Thibaw and Queen Supayalat taken away by the British from Mandalay. This was something he would never forget and led to a life-long struggle first for independence and then for peace in Myanmar.

(photo credit: Daw Khin Ma Ma)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts