ကဗျာ

ကိုပွေး ● တောင်ပေါ်စေတီ

ကိုပွေး ● တောင်ပေါ်စေတီ
(မိုးမခ) မတ်လ ၂၅၊ ၂၀၁၈

ကျေးငှက် မြည်
တောစမ်း ကြည်

တချို့က လက်အုပ်ချီထားတယ်
တချို့က လက်သီးဆုပ်ထားတယ်

မထိခင်က သိချင်နေမှတော့
ထုံးချချ ရွှေချချ

လမ်းတွေက လက်လိုပဲ
လိပ်စာမေးပြီး အမျှပေးတယ်

သေချာချိန်နေတာ ကြာပြီ
လေထီးက မပွင့်သေးလို့။

ကိုပွေး
မတ် ၂၀ ၊ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts