ကဗျာ

သျှင်မျိုးငယ် ● ကစဥ့်ကလျားဖြစ်စဉ်

သျှင်မျိုးငယ် ● ကစဥ့်ကလျားဖြစ်စဉ်
(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၇

အရိပ်ကို သတ်ပစ်လိုက်တဲ့နောက်
ငါ့ခြေသံတွေ ပိုပြီး လုံလာခဲ့တယ်။

ငါ့နောက်ကျောမှာ စိုက်ဝင်နေတဲ့ဓားဟာ
ပြောင်းပြန်အသွားနဲ့ ကျောက်ချနေပြန်တယ်။

တကိုယ်ရေနာကျင်ကိုက်ခဲမှုများ
တကိုယ်ရေဖျားနာနေတဲ့ မနက်ခင်းများ
ငါတော့ မှားပြီလို့ အထပ်ထပ်အခါခါ အော်ကြည့်တယ်။

မိုးမှောင်ကျနေတာလား
လမိုက်ညတခုလား
လူသွားပလက်ဖောင်းအဟောင်းလေးပေါ်မှာ
ငါ့ကိုယ်ငါ ပစ်ချထားခဲ့လိုက်တယ်။

ပျောက်ဆုံးနေတဲ့ငါ့ကို
ငါကိုယ်တိုင် ရှာဖွေနေမိတယ်
လက်ထဲမှာ ငါ့မီးအိမ်ကလေးဟာ အသက်ငွေ့ငွေ့။    ။

သျှင်မျိုးငယ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts