အတွေးအမြင်

ခင်မောင်စော (ဘာလင်) – ဘမျိုးဘိုးတူဆိုသော်လည်း

Art – Than Htay Maung

ခင်မောင်စော (ဘာလင်) – ဘမျိုးဘိုးတူဆိုသော်လည်း
(မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၇

မြန်မာစကားတွင်ဘမျိုးဘိုးတူဆိုေ သာစကားရှိပါသည်။ အဖေတူသား၊ အမေတူသမီး၊ အဖခြေရာနင်းသူ အမိခြေရာနင်းသူ၊ ဆိုသောအသုံးများရှိသောလည်းနေရာတို င်းတွင်တော့ဘမျိုးဘိုးမတူတတ်ပါ။ အထင်ရှားဆုံးဥပမာကို ပေးရမည်ဆို လျှင်စစ်သူကြီးမဟာဗန္ဓုလ အမည်ကို မြန်မာတိုင်းလိုလိုကြားဘူးကြပါ လိမ့် မည်။ မဟာဗန္ဓုလသည် အင်္ဂလိပ်မြန်မာပထမစစ်ပွဲ အတွင်း၌ အင်္ဂလိပ်နယ်ချဲ့ ၏ကျူးကျော်ရန် ကို အသက်စွန့် ကာ ခုခံတိုက်ခိုက်သွားသူ အမျိုးသားသူရဲကောင်းကြီးဖြစ်ပါသ ည်။ အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲ ဖြစ်သောအခါ မြန်မာများက မဟာဗန္ဓုလ၏သား ဦးမောင်ကြီးကို အားကိုးတကြီးနှင့် သုံးဆယ်ဝန်ကြီးခန့် ကာပြည်မြို့ ကို ကာကွယ်ရန်မြိုဝန်တာဝန်ပေးထားပါသ ည်။ သို့ သော်ဦးမောင်ကြီးသည် အင်္ဂလိပ်များကို ခံမတိုက်ဘဲ လက်နက်ချပြီးအင်္ဂလိပ်လက်အောက်သို့ ဝင်ရောက်ခိုလှုံသည်။ အင်္ဂလိပ်ပေးသော ရာထူးကို ဝမ်းသာအားရလက်ခံသည်။ ၎င်း၏ဖခင် စစ်သူကြီးမဟာဗန္ဓုလသာ အသက်ရှင်လျှက်ရှိနေပါလျှင် ရှ က်ရှက် စိတ်နာနာဖြင့် သူ့ သားကို သူ ကိုယ်တိုင်ခေါင်းဖြတ်ပြီးသတ်လိမ့် မည်လားမသိပါ။ မည်သို့ပင်ဖြစ်စေ ဦးမောင်ကြီး သည် လူလည်းသေ နာမည်လည်းသေသွားခဲ့ရသည်။ ဦးမောင်ကြီး၏ မျိုးဆက်များသည်လည်း မဟာဗန္ဓုလ၏မျိုးဆက်များဖြစ်ကြောင်း ဂုဏ်ယူပြောကြမည်ဖြစ်သော်လည်း ဦးမောင်ကြီး၏ မျိုးဆက်များဖြစ်ကြောင်းကိုတော့ သိစေလိုကြမည်မထင်ပါ။ မဟာဗန္ဓုလ၏ အခြားသားသမီးများကပေါက်ဖွားလာသော မျိုးဆက်များဖြစ်ကြောင်းသာပြောကြလိမ့်မည်ထင်ပါသည်။

ဘမျိုးဘိုးတူဆိုတိုင်းလည်း မိဘဘိုးဘွားများ၏ မကောင်းသောအကျင့်ကို ယူသည့် စရိုက်များပေါ်လာလျှင်တော့ မကောင်းပါ။ အရှင်းဆုံးဥပမာကိုပေးရလျှင် ဘုရားရှင်လက်ထက်တော်ကရှိခဲ့ သော အဇာတသတ်မင်းမှစ၍ အဖသတ်မင်း ၅ ဆက်ပေါ်ခဲ့ ပါသည်။ ကိုယ့် အဖေကို ကိုယ်ပြန်သတ်၍ နန်းလုသည့် မင်းများဖြစ်ပါသည်။ အဇာတသတ်မင်းသားက ဒေဝဒတ် ကို ဆရာတင်မိမှား၍ ဒေဝဒတ်၏အကြံပေးချက်အရ ခမည်းတော် ဗိမ္ဗိသာရမင်း ကို သတ်သည်။ အဇာတသတ်ကို သူ့ သားဥဒယဘဒ္ဒက သတ်ပြန်သည်။ ဥဒယဘဒ္ဒကိုလည်း သူ့ သား အနုရုဒ္ဓါ က ဘမျိုးဘိုးတူ သတ်ပြီးမင်းပြုပြန်သည်။ အနုရုဒ္ဓါ ကိုလည်း သူသား မုဏ္ဍ ကသတ်ပြီးမင်းပြုပြန်သည်။ မုဏ္ဍ ကိုလည်း သူ့ သား နာဂဒါသ က သတ်ပြန်သည်။ ဤသို့ ဖြင့် ၅ ဆက်မြောက်ရောက်လာသောအခါ တိုင်းသူပြည်သားများက အဖသတ်မင်းများကို အလိုမရှိတော့ဆိုပြီး ဖြုတ်ချလိုက်ကာ သုသုနာဂ အမတ်ကြီးကို မင်းမြှောက်ကြလေတော့၏။

မြန်မာရာဇဝင်တွင် အင်းဝ ခေတ်၌ ဒုတိယမြောက်ဘုရင်ဖြစ်လာသူ မင်းကြီးစွာစော်ကဲသည် မင်းညီမင်းသားမဟုတ်ပါ။ ပထမဘုရင် သတိုးမင်းဖျား၏ ယောက်ဖတော်သာဖြစ်ပါသည်။ သတိုးမင်းဖျားနတ်ရွာစံသောအခါ ဆက်ခံမည့် မင်းညီမင်းသားမရှိသဖြ င့်၊ မှူးမတ်တို့ က ရမည်းသင်းစား သီလဝအားနန်းတင်ရန်ကြံပြီး သွားပင့်ကြသော်လည်း၊ သီလဝငြင်းဆန်ပြီး ” ငါဘုရင်မလုပ်လို ၊စော်ကဲကို သာမင်းမြှောက်ပါဘိ” ဟုဆိုလိုက်သဖြင့် ဘုရင်ဖြစ်လာရသူဖြစ်ပါသည်။ ထို့ကြောင့်မြန်မာသမိုင်းတွင် “မရွယ်ဘဲစော်ကဲမင်းဖြစ်” ဟူသောစကားပုံပေါ်လာခဲ့ပါသည်။ မင်းကြီး စွာစော်ကဲ၏ သားမင်းခေါင်သည် ဖခင်နှင့်မတူ အလွန်တက်ကြွပြီး လုလင်ပျို အရွယ်ကပင် မြန်မာစစ်တပ်များကိုဦးစီးပြီး မွန်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့ သူဖြစ်သည် ။ မင်းခေါင်၏သား မင်းရဲကျော်စွာသည်လည်း မြန်မာ့ သမိုင်းတွင် အလွန်ထင်ရှားသော လူငယ်စစ်သူရဲကောင်းတဦးဖြစ်ခဲ့  သည်။ ၎င်းတို ၃ ဦး၏ဥပမာကို ကြည့် လျှင် မင်းရဲကျော်စွာသည် အဖခြေရာကိုနင်းသော်လည်း၊ အဖိုးနှင့်တော့လုံးဝမတူပါ။ မင်းခေါင်သည်လည်း ၎င်း၏ ခမည်းတော် မင်းကြီးစွာစော်ကဲ နှင့်မတူပါ။

အမေတူသမီးများဖြစ်ပြီး အမိ၏ခြေရာကို နင်းခဲ့သူများမှာ မြန်မာရာဇဝင်တွင် နံမည်ဆိုးဖြင့်ထင်ရှားခဲ့ သော နန်းမတော်မယ်နု၊ ၎င်း၏သမီး အလယ်နန်းမတော် ဆင်ဖြူမရှင် နှင့် ဆင်ဖြူမရှင်၏သမီး သီပေါမင်း၏ မဟေသီ စုဖုယားလတ်တို့ ဖြစ်ပါသည်။ နန်းမတော်မယ်နု၊ ၎င်း သမီးနှင့်မြေးတို့ မှာတော့ နံမည်ဆိုးနှင့်ကျော်ကြားခဲ့ သော အမေတူသမီးများဖြစ်ခဲ့ ကြပါ၏။

ရခိုင်ရာဇဝင်တွင်လည်း ၁၆ရာစုအကုန်ပိုင်းလောက်က စပြီး ၁၇နှစ်ရာစုအစပိုင်းတွင် နန်းစံခဲ့ သော ရခိုင်ဘုရင် ရာဇာကြီးတွင် သား၂ယောက်ရှိရာ နှစ်ယောက်စလုံး ဖခင်ကို တနည်းနည်းဖြင့်ဆန့် ကျင်သူများ ဖြစ်သည်။ တနည်းအားဖြင့်ဆိုရသော် မင်းရာဇာကြီးသည် သားဆိုးများ၏ဖခင်ဖြစ်ခဲ့ရပါသည်။ သားတော်ကြီးမင်းခမောင်းသည် အိမ်ရှေ့ မင်းအရာနှင့် သံတွဲစားဖြစ်နေရာမှ ဖခင်ကို အကြိမ်ကြိမ်ပုန်ကန်သည်။ (မြန်မာတို့က ပျဉ်းမပင် ဟုခေါ်သော သစ်ပင်ကို ရခိုင်နှင့်ထားဝယ်တို့က ခမောင်းပင်ဟုခေါ်သည်။ ပျဉ်းမပင်/ခမောင်းပင် တို့ပေါများသည့်ဆိပ်ကမ်း၌မွေးသောမင်းသားဖြစ်၍ မင်းခမောင်း ဟုအမည်ပေးသည်။ ဤကားစကားချပ်။) ဖခင်ကလည်း မိဘမေတ္တာဖြင့် အကြိမ် ကြိမ်ခွင့်လွှတ်သည်။ တကြိမ်တွင် သံလျှင်မြို့ ကို အစောင့်အရာထားခဲ့ သော ပေါ်တူဂီလူ မျိုး Philip de Brito ဖီးလစ် ဒီဘရစ်တို ( ခေါ်) ငဇင်ကာ ရခိုင်ဘုရင်ကို ပုန်ကန်ပြီး ကိုယ်မင်းကိုယ့် ချင်းလုပ်နေသဖြ င့် ရခိုင်ဘုရင်ရာဇာကြီးက အိမ်ရှေ့ မင်းသား မင်းခမောင်းကို သံလျင်မြို့ ကို သိမ်းရန်စေလွှတ်၏။ သို့ သော်မင်းခမောင်း ၏တပ်ပျက်ပြီး မင်းခမောင်းကိုယ်တိုင် ငဇင်ကာ၏အဖမ်းခံရသဖြင့် ရခိုင်ဘုရင်သည်ငဇင်ကာကို ဆက်၍ မတိုက်ရဲတော့ဘဲ ငဇင်ကာ၏တောင်းဆိုချက်များကို လိုက်လျောကာ သားဖြစ်သူ မင်းခမောင်းကိုရွေး ထုတ်ရလေတော့သည်။ သို့ သော် သားကို ချစ်သဖြင့် အိမ်ရှေ့ မင်းသားအရာ ထားမြဲ ထားပြန်ပါ၏။ မင်းရာဇာကြီးသည်သားတော်ကြီးမင်းခမောင်းနှင့် ပြဿနာမျိုးစုံ ကြုံရသဖြင့် သားတော်အလတ် မင်းမာန်ကြီး ကို စစ်တကောင်းစား (ဝါ) အနောက်ဘုရင်ခန့် အပ်လိုက်သည်။ မင်းမာန်ကြီးက မင်းခမောင်းထက်ပင်ပို ၍ဆိုးသေးသည်။ ဘင်္ဂလားနယ်ထဲတွင် သူ့ ကိုယ်သူ ဘုရင်ဟုကြေ ငြာထားသော ပေါ်တူဂီ ပင်လယ်ဓားပြ Gonsalves Tibau ဂွန်ဆားလ်ဗက် တီဘောနှင့် မဟာမိတ်ဖွဲ့ ကာ ဂွန်ဆားလ်ဗက် ၏သားနှင့် မင်းမာန်ကြီး၏သမီး ကို ပေးစားပြီး မင်းသမီးကို ဘရင်ဂျီဘာသာသို့ ပြောင်းဝင်စေခဲ့ သည်။ မင်းမာန်ကြီးတွင် သမီးအငယ်တယောက်နှင့်သားအငယ်ဆုံး လည်းရှိသည်။ ထိုအချိန်က ထိုမင်းသားလေးမှာ ၆ နှစ်သားခန့် သာရှိသည်။ မင်းမာန်ကြီးသည် မိမိ၏ရန်သူ ပေါ်တူဂီပင်လယ်ဓားပြ နှင့်သားပေးသမီးယူလုပ်ကြောင်း ရခိုင်ဘုရင် မင်းရာဇာကြီးကြားသောအခါ ရခိုင်စစ်တပ်ကို စေလွှတ်ပြီးစစ်တကောင်းမြို့ ကိုတိုက်ခိုက်သိမ်းယူရန်နှင့် မင်းမာန်ကြီးနှင့်သားသမီးများကို ဖမ်းဆီးခေါ်ဆောင်ခဲ့ရန် အမိန့် ပေးသည်။ စစ်တကောင်းကို တိုက်ရမည့် စစ်တပ် ဦးစီးမှူးတာဝန်ကို အိမ်ရှေ့ မင်းသားမင်းခမောင်းက လိုလိုချင်ချင်တာဝန်ယူသည်။ စစ်တကောင်းမြို့ သိမ်းတိုက်ပွဲတွင် မင်းမာန်ကြီးကျည်သင့်၍ကျဆုံြး ပီး၊ ဂွန်ဆားလ်ဗက်နှင့်ပေါ်တူဂီ များလည်းလက်နက်ချသည်။ မင်းရာဇာကြီးက ဂွန်ဆားလ်ဗက်အား သတ်လိုက်လျှင် မိမိ၏မြေးတော် ၂ ပါး ဘယ်ရောက်နေမှန်ုးမသိဖြစ်မည် ကြောင့် ဂွန်ဆားလ်ဗက် အားအရှင်ဖမ်းခေါ်လာ ရန် အမိန့် ပေးထားသည်။ မင်းခမောင်းသ ည် စစ်တကောင်းမြို့ ကို သိမ်းပြီးလျင်ပြီးခြင်း မိမိ၏တူတော်နှင့်တူမတော်တို့ ကို ရှာဖွေသောလည်း ခြေရာပျောက်သွားသည်။ နောက်ဆုံးတွင်မှ ဘရင်ဂျီဘုန်းကြီးများနှင့်သီလရှ င်များက အခြားပေါ်တူဂီပိုက်နက်တခုသို့ ခေါ်သွားကြောင်း သိရသဖြင့် ရှာဖွေမှု ကို လက်လျော့ လိုက်ပြီး မြောက်ဦြး မို့ တော်သို့ ပြန်လာသည်။ ပြန်ရောက်ပြီး တနှစ်အတွင်းမှာပင်ခမည်းတော်နတ်ရွာစံသဖြင့် မင်းခမောင်းရခို်င်ထီးနန်းကို ဆက်ခံရလေတော့ သည်။

ပေါ်တူဂီတို့ ခေါ်သွားသောမင်းသား ကလေးသည် နောင်တွင် ဒေါင်မာတင် Dom Martin ဟူသောပေါ်တူဂီအမည်ဖြင့်ပေါ်တူဂီရေ တပ်ဗိုလ်ဖြစ်လာသည်။ နောင်တွင်ေ ပ်ါတူဂီတို့ က ၎င်းမင်းသားဒေါင်မာတင်ကို အသုံးချ၍ ရခိုင်ထီးနန်းကို သိမ်းရန်ကြံခဲ့ သော်လည်း မအောင်မြင်ခဲ့ ပါ။ ထိုအချိန်က ရခိုင်ဘုရင်မှာ မင်းခမောင်း၏သား သီရိသုဓမ္မ ဖြစ်သဖြင့် Dom Martin ဒေါင်မာတင်နှင့် ညီအကို တဝမ်းကွဲတော်စပ်သူဖြစ်သည်။ မင်းခမောင်းနှင့်မင်းမာန်ကြီး တို့နှစ်ဦးလုံးသည် ဘမျိုးဘိုးတူ သူများမဟုတ်ကြပါ။

ပုဂံခေတ်တွင် ထင်ရှားသော အနော်ရထာမင်း ကို မြန်မာတိုင်းသိကြပါလိမ့် မည်။ အနော်ရထာမင်း၏သားစောလူးမင်းသည် ဖခင်ခြေရာကို နင်းနိုင်သူမဟုတ်ပါ။ အချို့ မြန်မာရာဇဝင်များကကျန်စ စ်သားကို အနော်ရထာမင်း၏သားဟုရေးကြသည်။ အချို့ ကလည်း အနော်ရထာမင်း၏သားမဟုတ်ဟုဆိုကြပြ န်သည်။ အကယ်၍ ကျန်စစ်သားသည် အနော်ရထာမင်း၏သားဆိုသည်မှာ မှန်ပါက ကျန်စစ်သားမင်းနှင့် ၎င်း၏မြေးတော် အလောင်းစည်သူတို့ သည် ဘမျိုးဘိုးတူသူများ ဖြစ်ကြပေတော့သည်။

နိဂုံးချုပ်အနေနှင့်ဆိုရလျှင် ဘမျိုးဘိုးတူသူများရှိသကဲ့ သို့  ဘမျိုးဘိုးမတူသူများလည်း ရှိပါသည်။ အချို့ မှာ ဘမျိုးဘိုးတူသော်လည်း မကောင်းသည့် ဘက်ကသွားပြီး တူနေပြန်လျှင်တော့ မကောင်းပါ။ ထို့ ကြောင့် မိဘမျိုးရိုးကိုကြည့်ပြီး ပုဂ္ဂို လ်ရေးဆည်းကပ်ကိုးကွယ်မှုများလု ပ်မည့်အစား မိဘမျိုးရိုးကို မကြည့် ဘဲ ယင်းပုဂ္ဂိုလ်၏ ကိုယ်ပိုင်ခံယူချက်နှင့် လုပ်ဆောင်မှု များကို ကြည့် ပြီး မှ ဆည်းကပ်ခြင်းသည် အကောင်းဆုံးဖြစ်ပါလိမ့် မည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts