(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၇
“နဘယံ၊ ဘေးမရှိ” ဂါထာစုတ်ရုံလောက်နဲ့
ထွက်ရပ်ဖောက်ချင်လို့မရတာ
ခုလို …..
ညီအကိုမသိတဲ့ အကာလတွေမှာပေါ့။
“ရန်သူက
ရန်သူကို
ရန်သူမှန်းသိတဲ့အကြောင်း….”
“ပေဘယ်ကော်ခ်ျဂင်” က
“ခရစ္စတီနာ့” ကို
ရင်ဘတ်နဲ့ပြောတဲ့အမှောင်တံခါးဝမှာ
အလင်းပျို့သံဟာ
ရင်ခေါင်းကြီးကြပ်လာတဲ့အထိ
လှိုက်လှိုက်တက်ခဲ့။
ပျားရည်တစက်နှစ်စက်ကို
မမြင်မစမ်းနဲ့ဖိဖိလျက်နေကြတဲ့
လင်းဝက်တသိုက်ရဲ့လျှာတွေသာ
ပဒေသာဖြစ်လို့…
အမှောင့်ဓားကတော့ ထက်သထက်…ထက်
ဒီလိုနဲ့
ညကြီးစုန်းစုန်းနက်တော့မယ်။
လျှပ်ကလေးဝင်းခနဲတပြက်မှာ
ကျဉ်စက်ထိသွားကြတဲ့သတ္တဝါတွေ
ဘေးသီရန်ခ
မျိုးဆက်ပွားအင်္ဂါတွေ တွန့်လိပ်ကြွပ်မွ။
အရေးထဲ….
“လ” ကိုယ်တိုင်က
အလင်းလှီခေတ်ပေါ်ဂီလာနရောဂါဆန်းနဲ့
ကမ္ဘာပတ်လမ်းမှာ ကတုန်ကရင်။
ဒီသစ်