နရီမင်း ● လူဆိုတာ ပျင်းတတ်တဲ့ သတ္တဝါ
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၇
လူဆိုတာ ပျင်းတတ်တဲ့ သတ္တဝါ။
စေ့ဆော်မှုမဲ့ မျှော်လင့်ချက်မဲ့
ယုံကြည်ချက်မဲ့ အလုပ်တွေက
ပျင်းစရာပေါ့။
ငါ စာမေးပွဲတွေ တဘုန်းဘုန်းကျခဲ့တာက
ဒါပဲ။
စတေးတပ်တွေ တင်တိုင်း
ဒါပဲနဲ့ ဆုံးတဲ့ ငနဲကို မုန်းမိပေမယ့်
ဒါပဲ။
ငါ ပြောရမှာက ဒါပဲ။
ငါ ရေးတတ်တာလည်း ဒါပဲ။
တက်ကျမ်းတွေ ဖတ်ရင်လည်း ဒါပဲ။
ကြေကွဲဖွယ် ဇာတ်လမ်းတွေ ဒါပဲ။
ကမ္ဘာပေါ်မှာ လူပေါင်း တစ်ဘီလျံနီးပါး
(မသေချာပေမယ့် ပြန်မရှာချင်တော့ဘူး ဒါပဲ)
ဆင်းရဲမွဲတေနေကြတာလည်း ဒါပဲ။
ဒါပဲကို ဒါပဲလို့ ပြောရုံကလွဲပြီး
ဘာမှ မတတ်နိုင်တော့ပါဘူး ဒါပဲ။
နိုင်ငံရေးပါတီတခု ဆင်းသွားတယ် ဒါပဲ။
နိုင်ငံရေးပါတီတခု အာဏာရလာတယ် ဒါပဲ။
တယောက်ပြီး တယောက် မိန့်ခွန်းတွေ
ထွက်ထွက်ပြောတယ် ဒါပဲ။
ဘယ်သတင်းတွေပဲ ဖတ်ဖတ် ဒါပဲ။
ရှည်ရှည်ဝေးဝေး မပြောချင်တော့သလို
ရှည်ရှည်ဝေးဝေးလည်း ပြောစရာမလိုတော့ပါဘူး၊
ဒါပဲ။
နရီမင်း
၁၂- ၇- ၂၀၁၇