ကဗျာ

စမ်းစမ်းတင် ● မြစ်ရင်ကျိုး

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

စမ်းစမ်းတင် ● မြစ်ရင်ကျိုး
(မိုးမခ) မတ် ၆၊ ၂၀၁၇

နွေမင်းများပြုစားရက်လိုက်တာ
ရင်ဟာနှစ်ခြမ်းမကကွဲသွား
နဂိုကတည်းကရှိတဲ့ရင်ဘတ်အရေပါးလေး
မချိမဆန့်နဲ့ငွေ့ရည်ပျံတက်သွားတော့
ကျန်ရစ်တဲ့မြစ် ရင်ကျိုး
မြစ်ကျိုးအင်းတွေဖြစ်ပေါ့

မြစ်တွေကျိုးတဲ့အခါ
မြစ်ရိုးတလျှောက် သဲပေါက်သောင်ထွန်း
မြစ်လယ်ကျွန်းအမာရွတ်
ကရွတ်ခွေလို လမ်းရှာ ရေစီး
မြစ်ရေစီးလုံးလုံးပြောင်းပေါ့
တသိမ့်သိမ့်စီးတဲ့မြစ်ဆိုတာ ပုံပြင်ဟောင်း
ရာဇဝင်သာပြန်ပြောင်းလိုက်ချင်ရဲ့
မြစ်ကြောင်းတွေ နဂိုအတိုင်းပြန်စီးနိုင်မယ်ဆိုရင်ပေါ့

စမ်းစမ်းတင်
မတ်၂၊ ၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts