သာဂိ လောကဓာတ်ခန်း

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (၉)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (၉)

(Cloud Computing Basics with Google App and Facebook)

(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၁၇

စနစ်တကျ သိမ်းဆည်းခြင်းမှသည် စနစ်တကျ စီမံခန့်ခွဲခြင်း ဆီသို့

From Email Organizing to Email Management

အခုလောက်ဆိုရင် သင်တန်းသားတွေဟာ အီးမေးနဲ့ ဘယ်လို စနစ်တကျ အလုပ်လုပ်ပုံ လုပ်နည်းတွေကို အသုံးချနည်းတွေကို သိရှိသွားပါပြီ။ Organize ကနေ Manage လုပ်တဲ့ ဆီကို ဆက်သွားရပါမယ်။

အဲသည်မှာ Gmail ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ Task ကို သင်ကြားပေးရပါမယ်။ တကယ်တန်းကတော့ ဂျီမေးသုံးတဲ့ အဆင့်ကနေ ဂူးဂဲကနေ ဂျီးမေးနဲ့အတူ တွဲပေးထားတဲ့ ဂူးဂဲဒရိုက်တို့လို အက်ပလီကေးရှင်း အသုံးချစနစ်တွေ ဖြစ်ပါတယ်။

TASKS (လုပ်ရန်အလုပ်များ၊ သို့မဟုတ် အကြွေးစာရင်း)

Task ဆိုတာက အီးမေးမတ်စိအဆင့်ကနေ လုပ်စရာ အလုပ်တွေအဖြစ် Task အဖြစ် ပြောင်းလဲ သတ်မှတ်တာဖြစ်ပါတယ်။

ဥပမာ – အီးမေးမတ်စိထဲမှာ အိမ်စာလုပ်ဖို့ ဆရာက ခိုင်းလိုက်တဲ့ မတ်စိ ရောက်လာတဲ့ ဆိုပါစို့။ ဒါကို Task အဖြစ် သတ်မှတ်ပြီး ကိုယ့်ကို သတိပေးနေအောင် အီးမေးဝင်းဒိုးထဲမှာ စာကပ်ထားလိုက်တာ၊ သင်ပုန်းမှာ လုပ်ရန်အလုပ်တခု ရေးချထားလိုက်တာမျိုး ဖြစ်ပါတယ်။

Things to do – လုပ်ရန်အလုပ်များ၊ ဒါမှမဟုတ် အကြွေးစာရင်း လုပ်လိုက်တယ်ပေါ့။

Tasks ဆိုတာ ပေါ်စေချင်ရင် ဂျီးမေးကနေ ဆွဲချလိုက်ပါ။ စကရင်ရဲ့ ဘယ်ဘယ် အပေါ်ထောင့်၊ ကနေ သွားရပါတယ်။

ကိုယ့်အီးမေးဝင်းဒိုးရဲ့ ညာဘက် အောက်ထောင့်မှာ ကိုယ့်လုပ်ရန် အလုပ်များစာရင်းဆိုပြီး ပေါ်လာပါတယ်။

(+)Sign ကတော့ ကိုယ့်ဖာသာကိုယ် အလုပ်စာရင်းကို ရေးထိုးဖို့ ဖြစ်ပါတယ်။

အမှိုက်ပုံး ပုံလေး ကတော့ မိမိစာရင်း ထိုးထားတာကို ဖျက်ပစ်ဖို့ ဖြစ်ပါတယ်။

ဘေးကပုံကတော့ မိမိအလုပ်စာရင်းကို စီတာ၊ ဖျက်တာ၊ ပြန်ပြင်တာ၊ အသစ်ရေးထိုးတာတွေ အတွက် ဖြစ်ပါတယ်။

ပထမအဆင့်ကတော့ ပေါ်နေတဲ့ အ၀ါလေးထောင် ကွက်လပ်မှာ လုပ်ရမယ့် အလုပ်ကို ရိုက်ထည့်ဖို့ ဖြစ်ပါတယ်။

လုပ်ပြီးတာတွေကို အမှန်ချက်ပြီး အမှတ်အသားပြုလို့ ရပါတယ်။

(+) Sign ကို နှိပ်ပြီးတော့ အလုပ်အသစ် ထိပ်မှာ ထည့်လို့ ရပါတယ်။

hi-light အ၀ါရောင် ပေါ်နေတဲ့ အလုပ်ကို အမှိုက်ပုံး နှိပ်ပြီး ဖျက်ပစ်လိုက်လို့ ရပါတယ်။

အက်ရှင် မီနူးကို နှိပ်ပြီး မိမိအလုပ်စာရင်းတွေကို စီစဉ်တာတွေ လုပ်လို့ရတာကို လေ့ကျင့် ကြည့်ရပါမယ်။

ကောင်းတဲ့ ဥပမာကတော့ မိမိ အလုပ်စာရင်းကို အီးမေးပို့တာ၊ ပရင့်ထုတ်တာတွေကို စမ်းသပ်ကြည့်ရပါမယ်။

နောက် ရှင်းပြရမှာ တခုကတော့ – Bullet Icon ကို ဆွဲတင်လိုက်တဲ့အခါ အလုပ်စာရင်းတွေကို ထပ်ပြီး စာရင်းအုပ်စုတွေ ထပ်ပြီး ခွဲလို့ရတယ်။ ထပ်တိုးလို့ ရပါတယ် ဆိုတာပါ။

ဥပမာ – အထက်ပါစာရင်းက လက်ရှိ JPL System’s List (အီးမေးအမည်အတိုင်း ပေါ်နေတဲ့စာရင်းစု) ။ ဒါကို နောက်ထပ် စာရင်းစုတွေ စာရင်းအုပ်စုတွေ ခွဲသိမ်းတာ ဖြစ်ပါတယ်။ ဈေးဝယ်တာ၊ ဖုန်းခ ပေးတာက အိမ်အလုပ်များ ဖြစ်ပါတယ်။ အက်ဆေးရေးတာက ကျောင်းအလုပ်တွေပေါ့။ အစည်းအဝေးတက်တာ၊ သမ္မတကြီး သွားကြိုတာကတော့ ၀န်ထမ်းအလုပ်ထဲ ပါမယ် ဆိုပါစို့။ New List လုပ်ပြီးတော့ စာရင်းစုတွေ ထပ်တိုးလို့ ရပါတယ်။

ပြီးရင် ခုနင်က အလုပ်တွေကို စာရင်းအသစ်တွေထဲ သင့်တော်သလို ပြန် ရွှေ့ကြည့်ရပါမယ်။

သမ္မတကြီး သွားကြိုရန်ကို မြားလေးမှာ နှိပ်ပြီး Edit လုပ်ပါ။

Move to List ကို ဆွဲတင်ပြီးတော့ ၀န်ထမ်းအလုပ်များ စာရင်းစုထဲ ရွေ့လိုက်ပါ။

မူလစာရင်းမှာ သမ္မတကြီး ကြိုရန် အလုပ်က ပျောက်သွားပြီးတော့ ၀န်ထမ်းအလုပ်စာရင်းစုမှာ သွားပေါ်နေပါလိမ့်မယ်။

သည်လိုနည်းနဲ့ အလုပ်စာရင်းတွေကို အစုလိုက် ခွဲပြီး သိမ်းထားလို့ ရပါတယ်။

ပင်မ Task List မှာတော့ အမျိုးအစား အစုမခွဲရသေးတာတွေကို ပဏမအဖြစ် ဖန်တီးထားလို့ ရပြီပေါ့။

နောက်တချက် ရှင်းပြထားရမှာ Tasks Detail ကို Edit လုပ်တဲ့အခါမှာ Due Date ဆိုတာ ထည့်ပြီးတော့ လုပ်ရမယ့် ရက်ကို စကယ်ဂျူး ချ Schedule သတ်မှတ်လို့ ရတယ် ဆိုတာရယ်၊ Notes မှာ အသေးစိတ် အချက်အလက်တွေ နုတ်ရေးထားလို့ ရတယ် ဆိုတာ ဖြစ်ပါတယ်။

ဒါဆိုရင် ဂျီမေးထဲက (TASKS) ဆိုတဲ့ အကြွေးစာရင်း သို့မဟုတ် အလုပ်စာရင်း ထည့်သွင်းခြင်းကို အခြေခံ နားလည် သွားပြီ ဖြစ်ပါတယ်။ နောက်တဆင့်ကတော့ အီးမေးမတ်စိတွေကို Task တွေထဲ ထည့်သွင်းတာ ဖြစ်ပါတယ်။

ADD EMAIL TO TASK LIST

Add an email to TASKS ကတော့ အပေါ်က တခုချင်းစီ ထည့်သွင်းသလို + ဆိုင်းကို နှိပ်စရာ မလိုပါဘူး။

အီးမေးကို check mark ပေးပြီး ဖြစ်စေ၊ အီးမေးကို ဖွင့်ထားပြီး ဖြစ်စေ၊ More ဆိုတဲ့ Pull Down ကနေ

Add to Task လုပ်လိုက်ရုံပါပဲ

အဲသလို Task အလုပ်စာရင်း အသွင်းခံရတဲ့ အီးမေးတွေက Task Window မှာ အီးမေး ခေါင်းစဉ်နဲ့ ပေါ်လာမှာ ဖြစ်ပါတယ်။

အဲသည်ထဲမှာ ထူးခြားချက်ကတော့ အီးမေးကို ပြန်ညွှန်းထားတဲ့ လင့်ခ် ပါနေပါတယ်။ “Related email” လို့ ပြထားတဲ့အတွက် ပြန်ပြီး အသေးစိတ်ကို ဖတ်လို့ရပါတယ်။ Note တွေထဲမှာ ပြန်ထည့်နေစရာ မလိုပါ။

သို့သော်လည်း အီးမေးကို အလုပ်စာရင်းထဲ ထည့်ထားပြီးနောက် သူ့ရဲ့ လုပ်ရမယ့်နေ့ Due Date တို့ ဘာတို့ ထည့်ချင်တယ် ဆိုရင် > မြားကို နှိပ်၊ edit detail လုပ်ပြီး အပေါ်က အလုပ်စာရင်းမှာ စကယ်ဂျူးတွေ ထည့်ထားလို့ ရပါတယ်။

မူရင်း TASK ကို EDIT DETAIL လုပ်၊ DUE DATE & NOTE တွေ ထည့်တာအပြင် ခုနင်က ပြထားတဲ့ TASK LIST GROUP တွေထဲက “၀န်ထမ်းအလုပ်များ” TASK LIST အစုထဲလည်း ပြောင်းထည့်ထားလို့ ရပါတယ်။

EMAIL, CONTACTS, TASKS
CONTACT GROUPS, EMAIL LABELS

အခုထိ သင်ကြား လေ့လာခဲ့သမျှကို ပြန်ချုပ်ကြည့်ရမယ်ဆိုရင် GMAIL ရဲ့ အစိတ်အပိုင်းတွေနဲ့ အသုံးချပုံတွေကို စာသင်သားကို အခြေခံအချက်တွေ လိုရင်းတွေကို သင်ကြားပေးပြီး ဖြစ်ပါတယ်။

အီးမေး သုံးနည်း၊ ကွန်တက်တွေ ထည့်နည်း၊ လုပ်စရာ အလုပ်စာရင်းတွေ သွင်းနည်းတွေ သိသွားပါတယ်။

ကွန်တက်တွေကို အုပ်စုဖွဲ့သိမ်းဆည်းထားတာ၊ အီးမေးတွေကို အမျိုးအစားခွဲပြီး လေဘယ်ထိုး စီစဉ်ထားတာတွေကိုလည်း သိရှိသွားပြီ ဖြစ်ပါတယ်။

နောက်တဆင့်ကတော့ အီးမေးတွေကို TASK မှာတင် မထားဘဲနဲ့ ဂျီးမေးရဲ့ ပြက္ခဒိန်ပေါ်မှာ တင်ပြီး CALENDAR & EVENT တွေအဖြစ် ပြောင်းလဲ သုံးစွဲ စီမံနိုင်ဖို့ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts