သာဂိ လောကဓာတ်ခန်း

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (6)

လောကဓာတ်ခန်း သာဂိ  – Office Application in the Cloud (6)

(Cloud Computing Basics with Google App and Facebook)

(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၇

Organizing EMAIL Messages – First Steps

DELETE

အီးမေးတွေကို စနစ်တကျ သိမ်းဆည်းတယ်ဆိုတဲ့ နေရာမှာ မလိုတဲ့ အီးမေးတွေကို သိမ်းမထားဘဲ အရင်ဆုံး ဖျက်ပစ်တာက ပထမအဆင့်ဖြစ်ပါတယ်။

Deleting a message

အီးမေးတွေထဲက မလိုသည်များကို ဖျက်ပစ်ပါ။

Deleting a single message in a conversation

နောက်တမျိုးကတော့ Email List ကနေ multiple selection လုပ်ပြီး ရွေးထားတာတွေကို drop down menu ကနေ Delete လုပ်တာကိုလည်း လုပ်ကြည့်ပါ။

REPORT SPAM

Reporting a message as spam

နောက်တဆင့်ကတော့ မိမိမလိုချင်ပဲ ရောက်လာတဲ့ ကြော်ငြာတွေ၊ ဈေးရောင်းဖို့ စပ်တာတွေ၊ အတင်းအဖျင်း အီးမေးတွေကိုတော့ Select လုပ်ပြီး Report Spam လုပ်ပါ။ Spam လုပ်လိုက်လို့ ရှိရင် အဲသည် အီးမေးတွေကို Google က JUNK mail အမှိုက်အဖြစ် သတ်မှတ်ပြီး Spam ထဲကို ထည့်လိုက်ပါလိမ့်မယ်။

ARCHIVE

နောက်တဆင့်ကတော့ ဖျက်လည်း မပစ်ချင်၊ Spam လည်း မလုပ်ချင်၊ လိုတဲ့အခါ ပြန်ရှာချင်သော်လည်း အမြဲတန်းလည်း မလိုအပ်တဲ့ အီးမေးတွေကိုတော့ Archive (နောက်ထဲပို့) တဲ့ နည်းဖြစ်ပါတယ်။

Archiving a message

နောက်ထဲပို့ (Archive) (ဖိုင်တွဲ) လိုက်ရင် အီးမေးဟာ Hidden from Normal View ဖြစ်သွားတယ်။ မြင်ကွင်းကနေ ပျောက်သွားတယ်။ ပြန်ရှာချင်ရင်တော့

Clicking the More drop-down arrow

အထက်ပါအတိုင်း More ကို နှိပ်ပါ။ ပြီးရင်

Viewing all mail, including archived messages

All Mail ကိုနှိပ်လိုက်ရင် Archive လုပ်ထားတဲ့ စာတွေ ပြန်ပေါ်လာပါလိမ့်မယ်။

SEARCH EMAIL

Searching for a message

ဆက်လက် လေ့ကျင့်ရမှာကတော့ မိမိအီးမေးတွေထဲက မိမိရှာချင်တဲ့ အကြောင်းအရာ၊ လူအမည်၊ စတဲ့ အချက်အလက်တွေကို SEARCH Box ကနေ စာရိုက်ပြီး ရှာဖွေတာပဲ ဖြစ်ပါတယ်။

Showing search options

သင်တန်းဆရာက ထပ်မံ ရှင်းလင်း သင်ပြရမှာက စာရိုက်ပြီး ရှာတာအပြင် အဆင့်မြင့် advanced search ဘယ်လို လုပ်လို့ရသလဲဆိုတာကိုပါ သင်ပေးဖို့ လိုပါတယ်။

ကဲ ဒါဆိုရင် မိမိအီးမေးဘောက်စ်ထဲမှာ မလိုသည်တွေကို ဖျက်တာ၊ သိမ်းဆည်းတာ၊ spam လုပ်တာတွေကို လုပ်ပြီး စီစစ်နိုင်ပါပြီ။

MARK IMPORTANT AND STARRED

နောက်တဆင့်ကတော့ မိမိအီးမေးတွေထဲက မိမိအတွက် အရေးကြီးတဲ့ အီးမေးတွေ လိုအပ်တဲ့အခါ အလွယ်တကူ ပြန်ရှာလို့ ရအောင် Mark Important သို့မဟုတ် Mark  Starred လုပ်ထားဖို့ ဖြစ်ပါတယ်။

အီးမေးလစ်ထဲက တချို့ကို အပေါ်ကလို အ၀ါတုံးကို နှိပ်ပြီး Mark Important လုပ်ထားလို့ ရပါတယ်။ သူတို့ဆီက လာတဲ့ အီးမေးတွေကို အမြဲတန်း Mark လုပ်ထားပါလိမ့်မယ်။

နောက်တမျိုးကတော့ အမြဲတန်း Important မဟုတ်ပဲ သီးသန့် star ကြယ်ပွင့်ပြ သိမ်းထား မှတ်ထားတာမျိုး ဖြစ်ပါတယ်။ ဒါကိုတော့ ဘေးနားမှာ ရှိတဲ့ ကြယ်ပွင့်ကို နှိပ်ပြီး သိမ်းထား သတ်မှတ်ထားလို့ ရပါတယ်။

Star important email

ကြယ်ပွင့်ပြ သိမ်းဆည်းထားခြင်း

အဲဒီ အရေးပေါ်တွေ ကြယ်ပွင့်ပြတွေချည်းပဲ သီးသန့် ကြည့်ချင်တဲ့အခါမှာ ဘယ်ဘယ်ကော်လံက Inbox အောက်မှာ Starred or Important ကို နှိပ်ပြီး စစ်ကြည့်လို့ ရပါတယ်။

DRAFT EMAIL

နောက် အီးမေးစာကြမ်းတွေ သိမ်းဆည်းထားတာကို ဘယ်လို ကြည့်မလဲ၊ စိစစ်မလိုဆိုတာကိုလည်း သင်တန်းမှာ ပြသပေးရပါမယ်။ အီးမေးဆိုတာက ရေးပြီး ပို့လိုက်တာ၊ သူများပို့တာကို သိမ်းဆည်းထားတာချည်း မဟုတ်ပဲ ကိုယ့်ဖာသာ အီးမေးစာမူတွေကို စာကြမ်းရေးပြီး သိမ်းထားလို့လည်း ရပါတယ်။ လိုအပ်တော့မှ ရေးလက်စ စာကြမ်းကို လက်စသတ်ပြီး သူများဆီကို ပို့ရတာမျိုးလည်း ရှိပါတယ်။

အထက်ပါ ပုံမှာ ပြထားသလို အီးမေးကို တ၀က်တပျက် ရေးပြီး SEND မလုပ်ပဲ x လုပ်ပြီး ပိတ်လိုက်ရင် Draft ထဲမှာ Save လုပ်ထားပါတယ်။ Draft လင့်ခ်ကို နှိပ်ပြီး ကိုယ့် Draft တွေကို ပြန်ကြည့်လို့ ရပါတယ်။ ပြီးတော့မှ လက်စသတ်ကြပေါ့။

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts