သာဂိ လောကဓာတ်ခန်း

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (၅)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (၅)

(Cloud Computing Basics with Google App and Facebook)

(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၇

My Computer and My Google Drive

အဲသည်မှာ Google Drive ဆိုတဲ့အကြောင်းကို ရှင်းပြရမယ်။ မိမိကွန်ပျူတာထဲမှာ My Documents, My Desktop တို့က Floder တွေ File တွေလိုပဲ Google Drive ဆိုတာ အင်တာနက်ထဲက Cloud ထဲမှာ မိမိအတွက် သီးသန့် သိမ်းဆည်း စီမံခန့်ခွဲဖို့ ပေးထားတဲ့ Drive တခု ဖြစ်တယ်။

အဲသည်မှာ USB Drive လိုပဲ 15GB space နေရာတွေ မိမိအတွက် ထားပေးတယ် ဆိုတာကို ရှင်းပြရပါမယ်။ အဲသည် Google Drive မှာ သိမ်းထားချင်ရင် SAVE လုပ်ထားချင်ရင် ဘယ် ရုပ်ပုံကလေးကို နှိပ်ပြီး သိမ်းရတယ်၊ ဘယ်နေရာ ဘယ်လင့်ခ်ကို သွားနှိပ်ပြီး ကြည့်ရတယ် ဆိုတာကို ပြောပြရပါမယ်။

 

မိမိ Gmail Window ရဲ့ ညာဖက် အပေါ်ထောင့်က ခြင်ဇကာလို ပုံကလေးကို ဆွဲချပြီးတော့ Drive ဆိုတဲ့ အိုင်ကွန်ကို နှိပ်ပါ။

 

 

အဲသည်မှာ မိမိ ဂျီမေးအကောင့်နဲ့ အတူ ပေးထားတဲ့ သင်လိုရာသုံး Google Drive ကို တွေ့ရပါမယ်။

သင်ခုနင်က အီးမေး အတက်ခ်ျမင့်ကို ဂူးဂဲဒရိုင် အိုင်ကွန်သုံးပြီး ဆေ့ဗ်လုပ်ခဲ့ရင် အဲသည် ဂူးဂဲဒရိုက်ထဲမှာ အဲသည် ဖိုင်ကိုလည်း တခါတည်း တွေ့ရမယ် ဆိုတာကို ရှင်းပြပေးပါ။

Attach Files in Email from Google Drive

တခါတည်း သင်ပြရမှာက မိမိကွန်ပျူတာက ဖိုင်တွေကို အီးမေးနဲ့ တွဲပြီး ပို့သလို၊ ခုနင်က ဒရိုက်ဗ်မှာ သိမ်းထားတဲ့ ဖိုင်တွေကိုလည်း အီးမေးကနေ တွဲပြီး ပို့လို့ရတာကိုပါ သရုပ်ပြပေးရပါမယ်။

 

New Email ကို Compose လုပ်ပါ။ အပေါ်က ပြတဲ့အတိုင်း “insert files using Drive’ icon ပုံလေးကို နှိပ်ပါ။

 

 

ဒရိုက် ၀င်းဒိုးထဲကနေ သင်အလိုရှိရာ ဖိုင်တွေ ပုံတွေကို ကလစ်လုပ်ပြီး အီးမေးမှာ တွဲနိုင်ပါပြီ။

ဂူးဂဲဒရိုက်နဲ့ ဖိုင်တွေ ဆေ့ဗ်လုပ်တဲ့အတွက် နောက်ပိုင်းမှာ မိမိဖိုင်တွေ အလုပ်တွေ စီမံခန့်ခွဲရတာ ဘယ်နေရာရောက်ရောက် အဆင်ပြေကြောင်း (အင်တာနက်သာ ရှိနေရင်ပေါ့လေ) ဆိုတာကို သင်တန်းဆရာက အနည်းငယ် မိတ်ဆက် ပြောပြသင့်ပါတယ်။

EMail Signature

နောက်တဆင့်ကတော့ မိမိရဲ့ လက်မှတ် email signature ကို အမြဲတမ်း မိမိအီးမေးမှာ ထည့်သွင်းနိုင်ဖို့ကို သင်ပေးရပါမယ်။

 

အီးမေးဝင်းဒိုးက ညာဖက်အပေါ်ထောင့်က ပင်နယံပုံကို ဆွဲချပါ။ ဆက်တင်ကို ရွေးပါ။

 

 

ဆက်တင်တွေထဲမှာ ရွေးစရာတွေ အများကြီးကို ကျော်လွှားသွားပြီး အောက်ဆုံးနားမှာ ရှိတဲ့ Signature ဆိုတဲ့ အကွက်ဆီကို သွားပါ။ အဲသည်မှာ မိမိရဲ့ လက်မှတ်ကို ထည့်ရေးပါ။ ပြီးရင်တော့ Setting ကို Save လုပ်ဖို့ မမေ့ပါနဲ့။

နောက်တဆင့်ကတော့ မိမိအီးမေးကို လုပ်ငန်းတခုသဖွယ် မည်သို့ စီမံ ခန့်ခွဲ သိမ်းဆည်း ထားမလဲ ဆိုတာ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts