ကဗျာ

မောင်​မှိုင်းလွင်​(အင်းဝ) – ဘန်​​ကောက်

photo – aung htet


မောင်မှိုင်းလွင်(အင်းဝ)  –  ဘန်ကောက်
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၆

တဘတ်ကို
တမတ်ပဲ တန်တုန်းက
မရောက်ခဲ့ရတဲ့နိုင်ငံ
ဗိုလ်မင်းတွေလုပ်ကြံဇာတ်ကြောင့်
ခုတော့
တဘတ် က ၃၄ ကျပ်ခွဲ။

အံ့ဘွယ်ချီးကျူးစရာ
လျှပ်စစ်မီးမပျက်
ကောင်းကင်ရထားမြေအောက်ရထားနဲ့
လှုပ်ရှားကြော်ငြာဆိုင်းဘုတ်များနဲ့
ကားလမ်းက သုံးလေးထပ်ပေါ်
မိုးမျှော်တိုက်တွေက ခေါင်းပေါင်းကျွတ်မျှ
ဗုဒ္ဓနေ့ဆို ဘယ်ဆိုင်မှ အရက်မရောင်း
ခေတ်ကောင်း တိုးတက်နေပါ့
မအိပ်ကြတဲ့မြို့။

မြို့တော်အလည်မှာတောင်
ဆိုင်ကယ်စီးခွင့်ရတဲ့မြို့။

အမေပေးတဲ့ လယ်တကွက်
အထွန်ယက်ခံ ကျေဇူးဆပ်တာ
ပိုမြတ်တယ်ယူဆကြသတဲ့
ဒါနဲ့ပဲ
အနှိပ်ခန်းတွေပေါ
ဖာတွေပေါ
ရေချိုးခန်းတွေပေါ။

ကျနော့်သဘောကတော့
ခေတ်နောက်ကျတယ်ပြောပြော
ငှက်ပျောတောထွင်
မကြီးပွားချင် နေပါစေ
အပျိုရည်ကို ထိန်းသိမ်းထားကြ
ဆဝပ်ဒီ ခရပ်
ယား အိုင်ဆီး။ ။

မောင်မှိုင်းလွင်(အင်းဝ)
၂ ၆ . ၂ . ၂ ၀ ၁ ၆

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts