သတင်းပဒေသာ

ညွန့်ထွေး – ရန်ကုန်တက္ကသိုလ်ထဲ ခေါ်သွားမည့် ကံ့ကော်ရွာ

ညွန့်ထွေး – ရန်ကုန်တက္ကသိုလ်ထဲ ခေါ်သွားမည့် ကံ့ကော်ရွာ

(မိုးမခ) ဇန်နဝါရီ ၁၃၊ ၂ဝ၁၆

 

 

ရန်ကုန်တက္ကသိုလ်၏ပုံရိပ်ကို ဖော်ဆောင်သည့် ပန်းချီကားများ ပါဝင်မည့် အနုပညာပြပွဲတစ်ခုကို ရန်ကုန်တွင်  လာမည့်  အင်္ဂါနေ့မှ စတင်ပြီး ငါးရက်ကြာ ပြုလုပ်မည်ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်အနီး ဂျပ်ဆင်ရိပ်သာရှိ ၂၇ ကြိမ်မြောက် “ကံ့ကော်ရွာ”  ပန်းချီ ပန်းပုပြပွဲတွင် ဝါရင့်အနုပညာရှင် အများအပြား၏ လက်ရာတို့ကို ပြသမည်ဟု သိရသည်။

၁၉၈၀ ဝန်းကျင်က စတင် ပေါ်ပေါက်လာသော “ကံ့ကော်ရွာ” ပန်းချီပြပွဲများကို တက္ကသိုလ်နှင့် ဆက်စပ်သည့် ကျောင်းသား၊ ဆရာ၊  အနုပညာရှင်၊ ပန်းချီဝါသနာရှင်တို့က  ဝန်းရံခဲ့ကြသည်။

“ကံ့ကော်ရွာ” သည် ရန်ကုန်တက္ကသိုလ်တွင် ပြုလုပ်ခဲ့သည့် ပန်းချီပြပွဲများထဲတွင် သက်တမ်းအရှည်ဆုံးဖြစ်နေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts