ဂျုနီယာဝင်း စာအုပ်စင်

ဂျူနီယာဝင်း ရေး လူသူဝေးကွာ ရိပ်သာယာ (ဒေါ်ခင်မျိုးချစ် ဦးခင်မောင်လတ် ရာပြည့် အမှတ်တရ) ထွက်

 

ဂျူနီယာဝင်း ရေး လူသူဝေးကွာ ရိပ်သာယာ (ဒေါ်ခင်မျိုးချစ် ဦးခင်မောင်လတ် ရာပြည့် အမှတ်တရ) ထွက်

(မိုးမခ စာအုပ်စင်) ဇန်န၀ါရီ ၁၀၊ ၂၀၁၆

စာအုပ်အမည် – လူသူဝေးကွာ ရိပ်သာယာ

ရေးသူ – ဂျူနီယာဝင်း

မူရင်းစာအုပ် – Junior Win ၏ A Memory of My Grandparents

မျက်နှာဖုံးပန်းချီ – ယဉ်မင်းပိုက်

မျက်နှာဖုံးဒီဇိုင်း – ကိုနေလင်း

ထုတ်ဝေသူ – ရန်အောင်စာပေ

အထက (၁) ရန်ကင်းရှေ့၊ ၁၂လုံးတန်းမှတ်တိုင်အနီး

ဖုန်း – ၀၉ ၅၁၇ ၉၃၉၈၊ ၀၉ ၇၃၂ ၄၃ ၈၉၁။

အုပ်ရေ – ၅၀၀

တန်ဖိုး – ၃၀၀၀ ကျပ်

ပထမအကြိမ်

၂၀၁၅ ဒီဇင်ဘာ

စာမျက်နှာ – ၁၅၀ခန့်

ISBN – 978 99971 0 172 3

Junior Win၏ A Memory of My Grandparents အင်္ဂလိပ်လိုရေးသားသော စာအုပ်ကို မြန်မာဘာသာဖြင့် ဘာသာပြန်ထုတ်သော စာအုပ်ဖြစ်သည်။ ၂၀၁၅တွင် ကျရောက်သော ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်တို့ ရာပြည့်အတွက် အမှတ်တရထုတ်သော စာအုပ်ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ၂၀၁၅ မေလတွင် ထုတ်ဝေခဲ့ကာ ယခုစာအုပ်သည် မြန်မာဘာသာဖြင့် ထွက်ရှိသော အမှတ်တရ စာအုပ် အသစ်ဖြစ်သည်။

 စာအုပ်တွင် မူရင်းစာအုပ်က ဓါတ်ပုံအချို့နှင့် အတွင်းတွင် ကာတွန်းမောင်ရစ်ရေးဆွဲမူများကို တွေ့ရမည်။ ထို့အပြင် ၂၀၁၅ မေလတွင် ကျင်းပခဲ့သော ရာပြည့်အမှတ်တရ ဓါတ်ပုံအချို့ကိုလည်းတွေ့ရပါသည်။ ဒေါ်ခင်မျိုးချစ် ဦးခင်မောင်လတ်တို့၏ ခုနှစ်မှတ်တမ်းများ၊ မိသားစုရေးသားခဲ့သော စာအုပ်မှတ်တမ်းများလည်း ပါဝင်ထားသည်။ စာဖတ်သူများအတွက် အင်္ဂလိပ်ဘာသာစာအုပ်နှင့်အတူ ယှဉ်တွဲဖတ်လို့ကောင်းမည့် စာအုပ်တစ်အုပ်လည်းဖြစ်သည်။
 ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်တို့၏ ဘ၀မှတ်တမ်းမှတ်ရာများ၊ လျောက်လှမ်းခဲ့သော ဘ၀ခရီးလမ်းများကို မြန်မာပြည်ခေတ်သမိုင်းအဖြစ်အပျက်များနှင့်အတူ တွေ့ကြရမည်။ သမိုင်းဝင်ဓါတ်ပုံများ၊ ခေတ်၏ပုံရိပ်များ၊ နိုင်ငံရေး လူမူဘ၀အထွေထွေ စာရေးဆရာဘ၀ စာသင်ဆရာဘ၀များကို စာတစ်မျက်နှာစီကနေ စာဖတ်သူများကို ဆွဲဆောင်ခေါ်ယူသွားမည့် အမှတ်တရစာအုပ်ဖြစ်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts