သူတို့အာဘော် မောင်လူရေး

မောင်လူရေး – လောင်စာကျိန်စာလွတ်တော့မည်လော


Lai Lone

မောင်လူရေး – လောင်စာကျိန်စာလွတ်တော့မည်လော
(မိုးမခ) ဇန်န၀ါရီ ၈၊ ၂၀၁၆

နိုင်ငံ၏သဘာဝပတ်ဝန်းကျင်သည် စုတ်ပြတ်သတ်သွားပြီ။ သဘာဝဘေးဒဏ်များက နိုင်ငံသားပေါင်း သိန်းချီသတ်ပစ်ရုံမက သန်းချီပြီး လူမှုဘဝဒုက္ခများကို ခံစား ရစေသည်။ ရေလွှမ်းမိုးမှု ရေရှားပါးမှုများသည် တောင်ပေါ်ရော မြေပြန့်ပါ တနိုင်ငံလုံးအနှံ့ဖြစ်နေပြီ။ မကြာခင် အယ်နီးညိုခရီးကြမ်းကို ဖြတ်သန်းရတော့မည်။ ယင်းနိုင်ငံလိုက် သေဒဏ်သင့်မှုများကတော့ သဘာဝကြောင့် မဟုတ်ဘဲ ဉာဏ်ပညာ ကရုဏာကင်းသော မင်းဆိုးများ၏ စီမံခန့်ခွဲမှု အမှား လောဘဇောကြီးများကြောင့်ဖြစ်ရသည်။

ဤမျှ တတိုင်းပြည်လုံး သရောကြီးခိုင်းသွားအောင် သဘာဝပတ်ဝန်းကျင်များ ပျက်သုဉ်းသွားသော်လည်း လက်ကျန်လေးကို ထိန်းရင်း ပြန်လည်စိုက်ပျိုးတည်ထောင်ရမည်မှာ နိုင်ငံသားတို့၏တာဝန်ပင် ဖြစ်ပြန်သည်။

လက်ရှိတွင် ထင်းနှင့် မီးသွေးကိုသာ သုံးပြီး ချက်ပြုတ်စားသောက်နေသူ သန်းလေးဆယ်ခန့်ရှိနိုင်သည်။ တရက် တရက် ကုန်ဆုံးသွားသည့် သစ်ပင်ပေါင်း မည်မျှရှိမည်ကို တွေးသာ ကြည့်ကြပါကုန်။ တူအသုံးနှင့် တရက် တရက် ကုန်ဆုံးသွားသည့် ဝါးပင်ပေါင်းပင် မည်မျှရှိမည်နည်း။ အသုံးပြုမှုပေါင်းစုံ အတွက် ပြန်လည်စိုက်ပျိုးနိုင်သည့် အရေအတွက်ထက် များစွာ ခုပ်လှဲနေကြရသည်။ ယင်းထင်း မီးသွေးလုပ်ငန်းသည် သစ်တောထိန်းသိမ်းရေးကို ပျက်သုဉ်းစေသည့်အဓိကအကြောင်းတရားဖြစ်သည်။ သစ်ထုတ်လုပ်သည့်လုပ်ငန်းလုပ်ခဲ့သူများ၊ လုပ်နေသူများကို သစ်တော ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တာဝန်ယူစေပြီး ရပ်ဆိုင်းသင့်သည်များ အရေးယူသင့်သည်များကိုလည်း လုပ်ဆောင်ရေး လှုံ့ဆော်ရမည်။

ယခု ရခိုင်မှာ ဂက်စ်သိုက်ကြီးတွေ့ပြန်သည်ဟု သတင်းတက်လာသည်။ အရင်တွေ့ခဲ့သမျှထက်ပင် များသည်ဟု ဆိုသည်။ ဒီဂက်စ်များဖြင့် မိမိတို့နိုင်ငံ၏ ထင်း မီးသွေးအသုံးပြုမှုတို့ကို ရပ်တန့်ပစ်နိုင်မည်ဆိုလျှင်တော့ တတိုင်းပြည်လုံး ပြန်လည်စိမ်းလန်းရေးတင်မက လူနေမှုဘဝမြင့်တင်ရေးကိုပါ တပါတည်းလုပ်ဆောင်နိုင်တော့မည်။

ယင်းဂက်စ်များသည် မိမိတို့နိုင်ငံ၏လောင်စာလိုအပ်ချက်ကို ဖြေရှင်းရင်း နိုင်ငံတန်း စိ မှုဆီကိုပါ ခေါ်ဆောင်သွားပေတော့မည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts