သတင်းပဒေသာ

HOME Media က တာဝန်ခံ ကိုအောင်ထွန်း နဲ့ မိတ်ဆွေ ၂ ဦး – ပုဒ်မ ၁၉ နဲ့ ထောင် ၁လ ချမှတ်ခံရ

 

 

HOME Media က တာဝန်ခံ ကိုအောင်ထွန်း နဲ့ မိတ်ဆွေ ၂ ဦး – ပုဒ်မ ၁၉  နဲ့ ထောင် ၁လ ချမှတ်ခံရ

(ကိုဇော်လတ် ဖေ့စ်ဘွတ်ကနေ ယူပါတယ်)
(မိုးမခ) ဇန်န၀ါရီ ၈၊ ၂၀၁၆
“ကိုအောင်ထွန်း (ခ) ပွားလေး (ခ) ချိတ်ကြီး အပါအဝင် ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်ကြတဲ့ ကိုခင်စိုး ၊ကိုသန်းဝင်း တို့ (၃) ယောက်ကိုသင်္ဃန်းကျွန်းမြို့နယ်တရားရုံးက အခြေခံဥပဒေပြင်ဆင်ရေးဆန္ဒဖော်ထုတ်ခဲ့တဲ့ အတွက် ပုဒ်မ ၁၉ နဲ့ ထောင်ဒဏ် ၁ လ ချမှတ် ခဲ့လိုက်ပါပြီ …”
ကိုဇော်လတ် က ရေးသားထားပါတယ်။
သူရေးသားထားတာကို ပြန်လည်ဖော်ပြရရင် …

၁၉၈၈ ထဲကနေ ယနေ့အချိန်ထိ သင်္ဃန်းကျွန်းမြို့နယ်ရဲ့ NLD အမာခံတစ်ဦးလဲဖြစ်၊ နေရာမလို အခွင့်အရေးမယူတတ်၊ ဘယ်သူနဲ့မဆို တွဲပြီး အလုပ်လုပ်နိုင်တဲ့သူကြီး၊ ထောင်တွေအကြိမ်ကြိမ်ကျခံရပြီး ဘဝတွေပျက်၊ မိန်းမနဲ့ ကလေးတွေ ဒုက္ခတွေရောက်ပြီး စားစရာမရှိခဲ့တာတောင် တစ်ချက်ကလေးမှအပြုံးမပျက်၊ ပေးဆပ်ဖို့သက်သက် မွေးဖွားလာသူကြီး။

အချိတ်အဆက်အင်မတန်ကောင်းလွန်းလို့ ဖြစ်ချင်တာသာပြောလိုက် ဖြစ်အောင် လုပ်ပေးတတ်တဲ့သူကြီးမို့လို့ ဦးသူရ (ဇာဂနာ)ရဲ့  ကျွန်တော်နှင့်ထောင်နီးနားချင်းများ စာအုပ်ထဲမှာတောင်ထည့်ရေးပြီး ဂုဏ်ပြု ခံခဲ့ရတဲ့သူကြီး။၂၀၁၂ နဲ့၂၀၁၅ ရွေးကောက်ပွဲမှာ NLD အောင်နိုင်ရေးအတွက် သင်္ဃန်းကျွန်းလာလိုက်၊ တောင်ညွှန့် ( မဖြူဖြူသင်း) ဆီပြေးလိုက်နဲ့ တစ်ချက်ကလေးမှမနားမနေ အလုပ်လုပ်ခဲ့တဲ့သူကြီး….

ကိုအောင်ထွန်း (ခ) ပွားလေး (ခ) ချိတ်ကြီး အပါအဝင် ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်ကြတဲ့ ကိုခင်စိုး ၊ကိုသန်းဝင်း တို့ (၃) ယောက်ကိုသင်္ဃန်းကျွန်းမြို့နယ်တရားရုံးက အခြေခံဥပဒေပြင်ဆင်ရေးဆန္ဒဖော်ထုတ်ခဲ့တဲ့ အတွက် ပုဒ်မ ၁၉ နဲ့ ထောင်ဒဏ် ၁ လ ချမှတ် ခဲ့လိုက်ပါပြီ …”

ကိုဇော်လတ် က ရေးသားထားပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts