ကဗျာ

အဲလိုထူး – “အယားပြေ…ကုတ်ခြစ်မှုများ”

 

အဲလိုထူး – “အယားပြေ…ကုတ်ခြစ်မှုများ”

(မိုးမခ) ဇန်န၀ါရီ ၆၊ ၂၀၁၆

စိတ်ကိုလှစ်ကနဲ လာကပ်တာနဲ့ တစစ်စစ် ယားယံလာတော့တာပဲ

အရေပြားပွန်းပဲ့ လန်ထွက်တဲ့ထိ ကုတ်ခြစ်မိ

သတင်းအနံ့တချို့က လုံးဝသတီစရာမကောင်းဘူး

တောင်ပြောမြောက်ပြောတွေ သိပ်ပြောကြတာပဲ

က တော့ ချိုမိုင်မိုင် လက်ပေါက်မျိုးတွေ

ကြွေးကြော်ချက်က ဆင်ဖမ်းမယ်ကျားဖမ်းမယ်နဲ့

စိတ်မှာ တနုံ့နုံ့ခံပြင်းလာတယ်

အရုပ်ဆွဲပြီး ပျစ်ပျစ်နှစ်နှစ်တွေ သရော်ပစ်လိုက်မှ

သွေးစို့လာမှ အရေပြားယားယံမှုက စိတ်လက်ပေါ့ပါး သွားတော့တယ်

အမြင်အတွေ့ ခံစားချက်တချို့ကျတော့ မျက်ရည်စို့လောက်အောင် အနင့်ကြီး

စိတ်ကို စီးလာတဲ့အခါ အရေပြားယားယံမှုကခေါင်းထောင်ထလာပြန်တယ်

စကားလုံး ဝါကျတွေနဲ့ ကုတ်ခြစ်ပွတ်တိုက်

ပြီးတာနဲ့ စာမျက်နှာဖွဲ့ပြီး ဖြန့်ဝေ

အဲဒီတော့မှ လူက အယားပြေ နေသာထိုင်သာရှိသွားတော့တယ်…။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts