သတင်းဆောင်းပါး

ဇာနီကြီး – ဘတ်စကားခကလွဲပြီး အားလုံးဈေးကြီးရခြင်း အကြောင်း (မြန်မာပြည် ၂၀၁၅)

ဇာနီကြီး – ဘတ်စကားခကလွဲပြီး အားလုံးဈေးကြီးရခြင်း အကြောင်း (မြန်မာပြည် ၂၀၁၅)

(မိုးမခ) ဇန်န၀ါရီ ၆၊ ၂၀၁၆

မြဝတီမြို့၊မြန်မာနိုင်ငံနဲ့မဲဆောက်မြို့၊ထိုင်းနိုင်ငံ ရောက်တော့ ထမင်းတစ်နပ် ကျပ်တစ်ထောင်လောက်နဲ့ ဖွယ်ဖွယ်ရာရာ အသားဟင်းတစ်ပွဲ၊ ဟင်းသီးဟင်းရွက်များနဲ့ အဝစားလိုက်ရပါတယ်။ ရန်ကုန်မှာ ကျပ်၂၀၀၀ လောက်ပေးနေရာပြီး၊ ဆန်ရေစပါးကြွယ်ဝတယ်ဆိုတဲ့ ပုသိမ်ခခကြီးထမင်းဆိုင်မှာ ကျပ်၁၅၀၀ကျော် ပေးနေရတာတွေ၊ အလုပ်သမားခ တနေ့ကျပ်၃၅၀၀ ဆိုပေမဲ့ ဆောက်လုပ်ရေးအလုပ် အနည်းငယ်ကအပ အလုပ်ရှားပါးလွန်းတဲ့မြန်မာပြည်၊ အိမ်ခြံမြေ ဈေး ကမ္ဘာ့ဈေးအကြီးဆုံးဖြစ်သွားမှု ၊ ဆိုင်ကယ်တက္ကစီ တစ်ခေါက်ကို ကျပ်တစ်ထောင်ဈေးနှုန်း၊ ပုသိမ်-ရန်ကုန် ဘတ်စကားခကျပ် ၃၅၀၀ပဲ ပေးရပေမဲ့ လှိုင်သာယာ အဝေးပြေးဂိတ်ကနေ ရန်ကုန်မြို့ထဲ တစ်ခေါက် ကျပ်၈၀၀၀ အထက်ပေးနေရတာတွေ နားမလည်နိုင်ဖြစ်နေသူများအတွက် အနည်းငယ်ရေးချင်ပါတယ်။

ဖြစ်ရခြင်း အဓိကအချက်ကတော့ အစိုးရခေါင်းဆောင်၊ ဌာဆိုင်ရာများနဲ့ ဝိသမလောဘ စီးပွားသမားများ ပေါင်းပြီး တရားမဝင် လာဘ်စား၊ လုပ်ပိုင်ခွင့်နဲ့ လုပ်စားနေသူများကြောင့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် (၅)နှစ်အတွင်း မဖြစ်သင့်ပဲ အခုလို ဈေးတွေ ခေါင်ခိုက်သွားခြင်းဖြစ်ပါတယ်။

ထိပ်ပိုင်းရင်းနှီးမြှတ်နှံမှုများ FIC, MIC

မြန်မာနိုင်ငံတွင်း လာရောက်မြှတ်နှံတဲ့ သယံဇာလုပ်ငန်း၊ အရက်နဲ့စီးကရက်၊ဆေးလိပ်လုပ်ငန်းများ၊ လယ်ယာပို့ကုန် အမည်ခံ မူယစ်ဆေးဝါ ကမ္ဘာ့ ဒုတိယအကြီးဆုံး ရန်ကုန်ဆိပ်ကမ်းကြီး၊ အေရှားဝေါ၊ တီဗွီလွှင်ထုတ်မှု၊ ကားတင်သွင်းမှု၊ အိမ်ခြံမြေ ဆောက်လုပ်ရေး လုပ်ငန်းများ၊ လောင်စာဆီ တင်သွင်းလုပ်ငန်း ပါမစ်များ၊ ယာဉ်နဲ့ စက်ပစ္စည်း တင်သွင်းပါမစ်များ.. စတဲ့ လုပ်ငန်းကြီးတွေကို မောင်ပိုင်စီးထားတဲ့ ဝိသမလောဘသား ကုမဏီများကြောင့်ဖြစ်ပါတယ်။

သူတို့နဲ့ပူးပေါင်းလုပ်ကိုင်တဲ့ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်များက အမြတ်အစွန်းကောင်းကောင်းရပြီး အစိုးရက အခွန်လဲမရ၊ ဒေသအစိုးရကလည်း အဲဒီ ဝိသမကုမဏီများဆိုရင် ပြည်ထောင်စုအဆင့်က ခွင့်ပြုမိန့် ချထားပြီးဖြစ်လို့ လက်မှိုင်ချပြီး ကြည့်နေရပါတယ်။

အောက်ခြေရင်းနှီးမြှတ်နှံမှုများ
ဥပမာ ရွာအဝင် ကားလမ်းမကြီးမှာ ကျေးရွာ ထွေအုပ်နဲ့အမျိုးတော်သူတစ်ဦးက သိန်း၁၀၀နဲ့ လမ်းကိုတားပြီး တံတားခွန် ကားတစ်စီး ကျပ်၂၅၀ ကောက်နေပါတယ်။ တစ်လကို ကျပ်သိန်း ၁၀၀အထက် ဝင်ငွေရပြီး၊ ကျန်တဲ့ ၁၁လ ကောက်ခံငွေက သပိတ်ဝင်အိတ်ဝင် ဖြစ်ပါတယ်။ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်ထဲမှာ ဘာလုပ်ငန်းလုပ်လုပ် စည်ပင်အခွန်ကို အသားလွတ်တောင်းပါတယ်။ အဲဒီကောက်ခံငွေများက အစိုးရမရပဲ သူတို့အိတ်ထဲ ရောက်သွားပါတယ်။

ဒီလို ထိပ်ဆုံးအဆင့်နဲ့အောက်ဆုံးအဆင့် အကျင့်ပျက် အဂတိလိုက်စား၊ လုပ်ပိုင်ခွင့်များကို အလွဲသုံး ငွေရှာစားနေသူများကို အသစ်တက်လာမဲ့ အင်န်အယ်ဒီအစိုးရက ဘယ်လိုလုပ်မလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

မူယစ်ရာဇာ ဝိသမစီးပွားသမားများ

၂၀၁၅ နှစ်ကုန်မှာ ကမ္ဘာ့ ဒုတိယအကြီးမားဆုံး စိတ်ကြွဆေးနဲ့မူးယစ်ဆေးတွေ ရန်ကုန်ဆိပ်ကမ်း အေရှားဝေါကနေ ထုတ်သွားဖို့ လုပ်နေတာတွေ ဖမ်းမိပါတယ်။ ပိုင်ရှင်မဲ့ လို့ဆိုပါတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မူယစ်ရာဇာတစ်ဦးက မာဖီးယားဂိုဏ်စတိုင် လိုင်စင်ပါမစ်တွေ သိမ်းကြုံး ယူပြီး အကြီးအကျယ်ထုတ်လုပ်နေတာကို တရုပ်ပြည်အစိုးရသတင်းဌာနက စိတ်မသက်မသာ ထုတ်ပြန်ပါတယ်။ တရုပ်အစိုးရကတောင် ဖမ်းချင်နေတဲ့ မူးယစ်ရာဇာက မြန်မာ့ကျောက်စိမ်းလောကကို မောင်ပိုင်စီးထားတာ မြန်မာအာဏာပိုင်တွေ မပါပဲ လုံးဝ မဖြစ်နိုင်တာ သေချာပါတယ်။ မြန်မာအာဏာပိုင်ဆိုသူများက ဘယ်သူများလဲ။

ဝိသမ ဘိန်း၊ မူးယစ်လုပ်ငန်းများက ငွေမဲများကိုလဲ ငွေဖြူပြောင်းခွင့် အလွယ်တကူပေးနေဆဲ ဖြစ်ပါတယ်။

ဒါတွေကြောင့် နောက်ဆုံး ပြည်သူလူထုက အရာရာကို ဈေးနှုန်းကြီးမားစွာ ပေးဆပ်နေရပါတယ်။

ဥပမာ  – အခြေခံလူတန်းစား လစာကိုရေးရမယ်ဆိုရင်..

အမေရိကန်မှာ လူတစ်ယောက် တစ်နေ့လုပ်ခ ဒေါ်လာ ၁၀၀ ရပါတယ်။ စားစရိတ်က တစ်နပ် ၅ ဒေါ်လာနဲ့ဆို စားစရိတ်(၃)နပ်စာ ၁၅ဒေါ်လာပဲ ကုန်ပါတယ်။ အပိုငွေ ၈၅ဒေါ်လာ ရပါတယ်။

စင်ကာပူမှာ လူတစ်ယောက် တစ်နေ့လုပ်ခ ဒေါ်လာ ၅၀လောက် ရပါတယ်။ စားစရိတ်က တစ်နပ် ၃ ဒေါ်လာနဲ့ဆိုရင် ၁၂ဒေါ်လာပဲကုန်တော့ အပိုငွေ ၃၈ ဒေါ်လာ ကျန်ပါတယ်။

ထိုင်းနိုင်ငံမှာ လူတစ်ယောက် တစ်နေ့လုပ်ခက ထိုင်းဘတ် ၄၀၀ ရပြီး ထမင်းတစ်နပ် ဘတ်၃၀ နဲ့ စားစရိတ် ဘတ်၉၀ ကုန်ပါတယ်။ ဒီတော့ အပိုငွေ ဘတ် ၃၁၀ ကျန်ပါတယ်။

အဲ… မြန်မာပြည်မှာ အနည်းဆုံးလုပ်ခ ကျပ် ၃၆၀၀ နဲ့ဆိုရင် ထမင်းတစ်နပ် ကျပ်၂၀၀၀ နဲ့ လုပ်အားခငွေက ထမင်း(၂)နပ်တောင် ဝယ်မစားနိုင်ပါဘူး။ အိမ်မှာချက်တဲ့ ထမင်းဘူးနဲ့ ငပိဟင်းကိုပဲ စားပြီး အလုပ်လုပ်ရမှာဖြစ်ပါတယ်။ အိမ်က ကလေးငယ်များကိုလဲ ကျွေးရဦးမယ်မဟုတ်ပါလား

ဒီဥပမာ အရဆိုရင် ..မြန်မာနိုင်ငံသားများ စားစရိတ်ကို မတန်မဆပေးပြီး စားနေရပါတယ်။ လုပ်ခရငွေကလည်း ထမင်း၂နပ် ဝယ်စားလို့မရနိုင်ဘူး ဖြစ်နေပါတယ်။

ကုန်ဈေးနှုန်းချဖို့က လုံးဝမဖြစ်နိုင်တော့ … လုပ်ခငွေ အနည်းဆုံးလုပ်ခကို တိုးဖို့ပဲ လုပ်ရပါတော့မယ်။ ဒီတော့ အလုပ်ကိုင်များများ ပေးနိုင်မဲ့ ထိုင်းနိုင်ငံက ကုန်ထုတ်လုပ်ငန်းတွေ မြန်မာပြည်ထဲ ဝင်ရောက်ခွင့် ပေးရတော့မယ် ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ကုန်ထုတ်လုပ်ငန်း၊ စက်ရုံတွေ မြန်မာပြည်ထဲ လာရောက်လုပ်ပိုင်ခွင့်ပေးမယ်ဆိုရင်  သမ္မတ ဦးသိန်းစိန်ပြောစကားနဲ့ ရေးရရင် … ရင်းနှီးမြှတ်နှံခွင့် ပေးနေပြီးသားပဲ။ ဥပဒေတွေလဲ ထုတ်ထားပြီးသားပဲ၊ ထိုင်းကုမ္မဏီတွေ လာရောက်ရင်းနှီးလုပ်ကိုင်နိုင်ပီပဲ ..လို့ပြောစရာရှိပါတယ်။

ထိုင်း ကုန်ထုတ်လုပ်ငန်းကုမဏီများ လာရောက်မရင်းနှီးပဲ တရုပ်ဝန်ဆောင်မှုကုမ္မဏီတွေပဲ ဒလဟော ဝင်လာပါတယ်။ ဘာကြောင့် ထိုင်း ကုန်ထုတ်လုပ်ငန်းတွေ ဝင်မလာလဲ ဆိုတော့ ..

* မြန်မာ့ဌာနဆိုင်ရာများများနဲ့ စည်ပင်ဌာနများ၊ ဒေသအစိုးရများက အရမ်းတောင်းနေလို့ဖြစ်ပါတယ်။

* ကိုယ့်လျှပ်စစ်ဓါတ်အားနဲ့ပဲလုပ်ပေမဲ့ လျပ်စစ်ဌာနက ခွင့်ပြုမိန့်ရဖို့ ပေးရပါတယ်။ မြေရေဌာနများကလည်း တောင်းပါတယ်။ နောက်ဆုံး လေ ရှုခွင့်ကိုပါ လေကြောင်းဦးစီးဌာက တောင်းတာကို ပေးရပါတယ်။

* ဖောင်းပွနေတဲ့ ဝန်ကြီးဌာန ၃၆ခုက ဝန်ကြီး၊ ဒုဝန်ကြီး၊ ညွန်ချုပ်၊ ညွန်မှုးများက ဥပဒေအမျိုးမျိုး ကြိုးနီစနစ်နဲ့ ဒလဟော တောင်းနေတဲ့ စနစ်ကြီး ရှိနေပါတယ်။

* တောင်းရမ်းမှုမှ အမြင်ကပ်မှုနဲ့ မိသွားရင် လုပ်ပိုင်ခွင့်မရပဲ ပြည်တွင်းကို သယ်လာတဲ့ သူတို့စက်ပစ္စည်း ဒေါ်လာ သန်းချီတန်တာတွေ အလဟသ ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံက ကုန်ထုတ်လုပ်ငန်းများ မြန်မ်ာပြည်တွင်း ဝင်လာချင်ရက်နဲ့ မဝင်လာနိုင် ဖြစ်ရပါတယ်။

ဒါက အနည်းကျဉ်း ပြသနာလေး ဆိုပေမဲ့ ပြသနာအကြီးကြီးလို့လဲ ပြောနိုင်ပါတယ်။ ထိုင်းနိုင်ငံ ကုန်ထုတ်လုပ်ငန်းများ မြန်မာပြည်ကို ဝင်လာပါမှ

* မြန်မာအလုပ်သမား အခြေခံလစာ တက်လာမယ်ဖြစ်ပါတယ်။
* မြန်မာအလုပ်သမား စားစရိတ်ကာမိပြီး၊ ငွေပိုရလာမယ်ဖြစ်ပါတယ်။
* မြန်မာများ ဆင်းရဲမွဲတေမှုက အင်အယ်ဒီအစိုးရ (၅)နှစ်အတွင်း လွတ်နိုင်ပါမယ်။

ဒါကြောင့် .. တောင်ကိုးရီးယားစတိုင်၊ ဗီယက်နမ်စတိုင် ..ကော်ပီလုပ်ရပါမယ်။ ဘယ်လိုနည်းနဲ့ ဒီအစိုးရ ဌာနဆိုင်ရာ အရာရှိကြီးငယ်များ တောင်းရမ်းမှုကို ရပ်တံ့နိုင်မလဲ ..ဆိုတာ အရမ်းအရေးကြီးပါတယ်။ လက်ရှိ အင်ဒိုနီးရှားနိုင်ငံ အရပ်သားသမ္မတ ဂျိုကိုဝီရန်တို ၂နှစ်အတွင်း အစိုးရအရာရှိကြီးငယ်များ လာဘ်စားမှုကို လျော့နည်းအောင် လုပ်တာ မအောင်မြင်သေးဘူးလို့ ဆိုပါတယ်။ အရေးယူထောင်ချရင် စီမံကိန်းတွေက အလွန်နှေးသွားတယ်။ စီမံကိန်းတွေ မြန်အောင်လုပ်ရင် အလုပ်ပြုတ်ခံပြီး အစိုးရအရာရှိကြီးငယ်တွေက လာဘ်စားပြန်တယ် …လို့ ဆိုပါတယ်။

နိဂုံး
အင်အယ်ဒီအစိုးရရဲ့ တာဝန်တွေ ကြီးမားပါတယ်။ စစ်တပ်နဲ့တည့်အောင်ပေါင်းပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လာဘ်စားမှု ကျဆင်းရေးတွေ လုပ်နိုင်ရင်၊ ကမ္ဘာ့ ဈေးအကြီးဆုံး အဆင်းရဲ မွဲတေဆုံး မြန်မာပြည်သားများ (၅) နှစ်အတွင် ထူးခြားစွာ လွတ်မြောက်လာမယ်လို့ မျှော်လင့်ပါတယ်။

ရေးသူ – ဇာနီကြီး၊ ရုပ်ပုံ – ဆဲဗင်းဒေးသတင်းစာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ဇာနီကြီး – ဘတ်စကားခကလွဲပြီး အားလုံးဈေးကြီးရခြင်း အကြောင်း (မြန်မာပြည် ၂၀၁၅)
  1. That s not entirely true. In the United States , a person might make 100$ per day but he/ she has to pay tax on that. Rent or mortgage is expensive. Health insurance , car insurance, phone bills, water and electric bills can be costly. Kids are expensive. Most people can’t live with mom and dad . They have to live on their own. As a doctor I pay almost 40 percent of my salary towards taxes. Most people cannot save the 85$ extra like you say.

    1. မှန်ပါတယ်။ “ပထမကမ္ဘာ”နိုင်ငံတွေကလူတွေမှာဝင်ငွေများးတာမှန်ပေမဲ့ သာမန်လုပ်သားတွေမှာတော့ အခွန်မျိုးစုံ၊ ကျန်းမာရေးအစရှိတဲ့အာမခံကြေးတွေ၊ အိမ်လခ၊ ရေခ၊ မီးခ၊ အမှိုက်စွန့်ခ၊ စတာတွေနှုတ်လိုက်ရင် “ကုလားခတ်တဲ့ရေ ကုလားဖင်ဆေးတာနဲ့ကုန်တယ်” ဆိုတဲ့စကားပုံအတိုင်းဖြစ်လုနည်းပါးပါဘဲ။

      1. ဗဟုသုတ ရှယ်ကြတာပေါ့နော်….
        Tax Data (Myanmar is the best to escape tax , corrupted country) ဖြစ်နေပါတယ်။
        ကိုကြည့်ရင် မြန်မာနိုင်ငံဟာ အောက်ပါအခွန်ကောက်မှုမျိုး စာရင်းမရှိတော့ မကောက်နိုင်၊ မကောက်နိုင်တော့ အခွန်ရှောင်နိုင်သူအလွန်ပေါတဲ့နိုင်ငံဖြစ်ပါတယ်။ စာရင်းစစ်အာဏာလုံးဝမရှိတဲ့ နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လို ရင်ကြားစေ့စပ်မလဲဆိုတာပဲ စိတ်ဝင်စားစရာကောင်းပါတယ်။
        1. Personal Income Tax Rate
        2. Sales Tax Rate
        3. Corporate Tax Rate
        4. Social Security Rate
        5. Social Security Rate For Companies
        6. Social Security Rate For Employees
        .
        http://murann.com/stories/tax_data.htm

        အမေရိကန်မှာနေတော့ အခွန်ရှောင်ဖို့မလွယ်ပါဘူး။ အခွန်ရှောင်နည်း မိုးမခမှာရှိပါတယ် 🙂
        http://moemaka.com/archives/43994

Comments are closed.