ကဗျာ အောင်ဝေး

အောင်ဝေး – ကြ ယ် ေ ၾကြ တ ေ ယ ာ

 
အောင်ဝေး – ကြ ယ် ကြွ
(မိုးမခ) ဇန်န၀ါရီ ၃၊ ၂၀၁၆
ဒီည
ကျနော် ကြေကွဲနေတယ်။
ကမ္ဘာတစ်ခြမ်းမှာ နေ
ကမ္ဘာတစ်ခြမ်းမှာ ည။
 
ဒီည
ကျနော်ကြေကွဲနေတယ်။
 
မစ်ရှီဂန်မှာ
ငမိုးရိပ်မှာ နေ့ ။
 
ဆစ်ဒနီမှာ
ဆရာဦးဝင်းခက် ကွယ်လွန်သွားတယ်။
 
ဒီည
ကျနော် ကြေကွဲနေတယ်။
 
ဟို့ အဝေးမှာ
ကြယ်တစ်စင်း ကြွေသွားတယ်။
 
အနီးမှာ
အဝေးမှာ
မနီးမဝေးမှာ
ကြယ်အစင်းစင်း ကြွေခဲ့ကြတယ်။
 
ဒီညမှာ
ကျနော် ဆရာဦးတင်မိုးကိုသတိရတယ်။
ပြည်တော်မပြန်နိုင်တဲ့
ညတွေဟာ
ပိုပြီးမှောင်မိုက်လွန်းလှတယ်။
 
ဒီညမှာ
ကျနော် အထူးကြေကွဲနေတယ်။
 
တက္ကသိုလ်ရိပ်သာလမ်း
ခြံ အမှတ်(၄၄)မှာ
ကျနော် ပြန်သွားရှာရမယ်။
 
အဲဒီမှာ
ဆရာဦးတင်မိုးရှိတယ်။
 
အဲဒီမှာ
ဆရာဦးဝင်းခက်ရှိတယ်။
 
တိုင်းပြည်က
သောကများလွန်းလှတယ်။
ကျနော်တို့ ကြောင့်
တိုင်းပြည်ကို ထပ်ပြီး
သောက မရောက်စေချင်ပါဘူး။
 
ဒီညမှာ
ကျနော်က တယောကိုထိုးနေတာလား
တယောက ကျနော့်ကိုထိုးနေတာလား။
 
ပြည်ပြေးတစ်ယောက်ရဲ
ညတွေက
ပိုပြီးမှောင်မိုက်လွန်းတော့တယ်လေ။
 
င်

 

(ဇန် ၂၀၁၆)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts